Homeသတင်းနည်းပညာအသုံးပြု၍ ရေကြောင်းစစ်ဆင်ရေးများ လုပ်ဆောင်နိုင်ရန် မွန်ပြည်ကာကွယ်ရေးတပ် ကြိုးပမ်း

နည်းပညာအသုံးပြု၍ ရေကြောင်းစစ်ဆင်ရေးများ လုပ်ဆောင်နိုင်ရန် မွန်ပြည်ကာကွယ်ရေးတပ် ကြိုးပမ်း

-

မွန်ပြည်ကာကွယ်တပ် MSDF မှ နည်းပညာအကူအညီဖြင့် ပင်လယ်ပြင်နှင့် ရေကြောင်းစစ်ဆင်ရေးများ လုပ်ဆောင်နိုင်ရန် ကြိုးပမ်းနေကြောင်း တပ်ရင်းတာဝန်ရှိသူများက IMNA သို့ပြောသည်။

ပင်လယ်၊ မြစ်ချောင်းဒေသမှ ရန်သူစစ်ရေးသတင်းအချက်များကို ပိုမိုစုစည်းနိုင်ရန်၊ ရေပြင်စစ်ဆင်ရေးမစ်ရှင်များကို ထိရောက်စွာ လုပ်ဆောင်နိုင်ရန်အတွက် မောင်းသူမဲ့ ကာမီကာဇေစပိဘုတ်များကို ပြုလုပ်နေသည့်အပြင် စမ်းသပ်မှု အောင်မြင်နေပြီးဖြစ်ကြောင်း ဆိုသည်။

ကာမီကာဇေစပိဘုတ် နည်းပညာနှင့် စက်ပစ္စည်းအချို့ကို တစ်နှစ်ကြာ အချိန်ယူ စုဆောင်းခဲ့ပြီးနောက် ယခုရက်ပိုင်းအတွင်း စမ်းသပ်မှု အောင်မြင်လာသည်ဟု  MSDF မှ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

“ အဓိကကတော့ စစ်ကော်မရှင်ရဲ့ ရေတပ်တွေကို စစ်ဆင်းရေး လုပ်နိုင်ဖို့ပါ။ ဒီနည်းပညာကတော့ ရေတပ်ကနေ CDM လုပ်ထားတဲ့လူတွေကနေ သင်ယူခဲ့ရတယ်။ သင်ယူပြီးတော့ တပ်ဖွဲ့ဝင်တွေက လက်တွေ့လုပ်ကြတယ်။ ဒီရက်ပိုင်းမှာ ပြီးစီးသွားတော့ ရေပြင်မှာ စမ်းသပ်ကြည့်တယ်၊ အောင်မြင်ခဲ့တယ်ပေါ့။ ” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

နည်းပညာစက်ပစ္စည်းများ အမြောက်အများ ထပ်မံ ထုတ်လုပ်နိုင်ရန်နှင့် ထိရောက်သည့် စစ်ဆင်ရေးများ လုပ်ဆောင်နိုင်ရန် လိုအပ်သည့် လုပ်ငန်းစဥ်များကို အစဉ်ဆက်မပြတ် ကြိုးပမ်းရှာဖွေနေဆဲဖြစ်သည်ဟု ဆိုသည်။

“ဒီစမ်းသပ်မှု အောင်မြင်သွားတာနဲ့ ကျနော်တို့က ရပ်တန့်သွားတာ မဟုတ်ဘူး။ ဒီကာမီကာဇေတွေ ခရီးဝေးစစ်ဆေးရေးတွေ လုပ်ဆောင်နိုင်ဖို့ရယ်၊ ဒီထက်ပိုကောင်းတဲ့ အဆင့်မြင့်တင်မှုတွေလည်း လုပ်သွားဖို့ ရှိတယ်” ဟု MSDF ပြောခွင့်ရက ဆက်ပြောသည်။

ထိုကြောင့် ပိုမိုထိရောက်မည့် နည်းပညာများနှင့် အဆင့်မြှင်တင်ရေးလုပ်ငန်းများ အကူအညီ ပေးနိုင်သူများကို ဖိတ်ခေါ်ကြောင်းလည်း ဆိုသည်။

ရေကြောင်းစစ်ဆင်ရေး ဖော်ဆောင်လိုသည့် နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များကိုလည်း လိုအပ်ပါက နည်းပညာနှင့် သတင်းအချက်အလက်များကို ပြန်လည်မျှဝေပေးသွားမည်ဖြစ်ကြောင်းလည်း မွန်ပြည်ကာကွယ်ရေးတပ် MSDF က အသိပေးထုတ်ပြန်ထားသည်။

မွန်ပြည်ကာကွယ်ရေးတပ် MSDF ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့ပြီး အခြားသော မွန်တော်လှန်ရေးတပ်ဖွဲ့အပြင် လက်နက်ကိုင်တော်လှန်ရေးအင်အားများနှင့် ပူးပေါင်းပြီး ယခုချိန်အထိ စစ်အာဏာရှင်နှင့် တိုက်ပွဲဝင်နေသည့် အဖွဲ့အစည်း ဖြစ်သည်။

စစ်အာဏာရှင်ကို တိုက်ပွဲဝင်နေသည့် တော်လှန်ရေးတပ်ဖွဲ့များသည် ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်ရေး၊ လေနက်ထုတ်လုပ်ရေး၊ စစ်မြေပြင်ဆက်သွယ်ရေးနှင့် ထောက်လှမ်းရေးပြုလုပ်ရာတွင် နည်းပညာများ ကိုယ်တိုင်ဖန်တီး အသုံးချလာနိုင်ခဲ့ကြောင်း တော်လှန်ရေးခေါင်းဆောင်များထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts