Homeသတင်းမွန်တံတားတစ်ဝိုက် မြေကျူးကျော်မှုပြဿနာများကို ထိုင်းအာဏာပိုင်များ ဖြေရှင်းရန်ရှိ

မွန်တံတားတစ်ဝိုက် မြေကျူးကျော်မှုပြဿနာများကို ထိုင်းအာဏာပိုင်များ ဖြေရှင်းရန်ရှိ

-

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ဆန်ခလဘူရီမြို့နယ်ရှိ ဦးဥတ္တမတံတား (မွန်တံတား) ဧရိယာတစ်ဝိုက် မြေ ကျူးကျော်မှုပြဿနာများကို ထိုင်းအာဏာများမှ ဖြေရှင်းသွားရန်ရှိပြီး မြေစာရင်းဦးစီးဌာန စစ်ဆေးရေးမှူးချုပ်နှင့်အဖွဲ့မှ ကွင်းဆင်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စစ်ဆေးမှုရလဒ်များတွင် မွန်တံတား ဧရိယာတစ်ဝိုက် ရောနှော ပိုင်ဆိုင်မှုများဖြစ်နေသော ရေပြင်နှင့် မြေယာကျူးကျော်မှုပြဿနာများစွာကို တွေ့ရှိရပြီး နေအိမ်၊ တည်းခိုဆောင်နှင့် စားသောက်ဆိုင် ၉၀၀ ကျော်ကို တွေ့ရှိရကြောင်းလည်း ဆိုထားသည်။

မွန်တံတားတစ်ဝိုက်ရှိ မြေပြဿနာများသည် ဌာနဆိုင်ရာပေါင်းစုံနဲ့ ပတ်သက်နေပြီး ဥပဒေများ ထပ်နေတခြင်းကြောင့် ဖြေရှင်းရ ခက်ခဲနေတဲ့ ကိစ္စတစ်ခု ဖြစ်နေသည်။

စစ်ဆေးမှုများမှ ရရှိသည့် မြေပြင်အချက်အလက်များကို ဇူလိုင်လ ၂၁ ရက်နေ့က ကျင်းပခဲ့သည့် ပူးပေါင်းအစည်းအဝေး၌ အရေးပေါ်ကိစ္စရပ်များအဖြစ် တင်ပြဆွေးနွေးမှု လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။

ထို့ကြောင့် အာဏာပိုင်များဘက်မှ နိုင်ငံတော်ပိုင်မြေ ကျူးကျော်မှုနှင့် ပိုင်ဆိုင်မှုရောနှောနေသော နယ်မြေများကို စီမံခန့်ခွဲခြင်း၊ မွန်တံတားပတ်ဝန်းကျင်ရှိ ခရီးသွားလာရေးလုပ်ငန်းများအား ကြီးကြပ်ကွပ်ကဲခြင်း၊ ဒေသတွင်း ရေထုညစ်ညမ်းမှုနှင့် အခြားကိစ္စများကို အာဏာပိုင်များမှ ကိုင်တွယ်သွားမည်ဖြစ်သည်။

ရေအရည်အသွေး ထိန်းသိမ်းရေးကိစ္စရပ်များအပြင် ပြည်သူများနှင့် ခရီးသွားများအတွက် တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးနိုင်မည့် ဗဟိုဌာန (One Stop Service) တည်ထောင်ခြင်းကိစ္စများကို အကောင်အထည်ဖော်ရန်ရှိသည်။

ကန်ချနာဘူရီခရိုင်မှ ဌာနပေါင်းဆုံ၏ ယခုပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးသော ခရီးသွားအထင်ကရနေရာဖြစ်သည့် ဦးဥတ္တသမတံတားကို ရေရှည်ထိန်းသိမ်းထားနိုင်ရန်နှင့် ဒေသခံပြည်သူများ၏ လူနေမှုဘဝကိုပါ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ကိုးကား-Kanchanburi News

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts