Friday, April 10, 2026
More
    spot_img
    Homeသတင်း"မွန်သွေးတပ်တော်"မှ နိုင်ငံရေးထက် စစ်ရေးဦးစားပေးသွားမည်ဟုဆို

    "မွန်သွေးတပ်တော်"မှ နိုင်ငံရေးထက် စစ်ရေးဦးစားပေးသွားမည်ဟုဆို

    -

    မွန်လူငယ်အင်အားဖြင့် မကြာသေးမီက ဖွဲ့စည်းထားသည့် မွန်သွေးတပ်တော် (Mon Blood Army) က နိုင်ငံရေးထက် စစ်ရေးကိစ္စများကို ဦးစားပေးသွားမည်ဖြစ်ပြီး တပ်သားအင်အားများကိုလည်း ဖြည့်တင်းသွားမည်ဟု IMNA သို့ ပြောကြားသည်။

    စစ်အာဏာရှင်ကို တိုက်ဖျက်ချေးမှုန်းနေသည့် မွန်တော်လှန်ရေးအဖွဲ့အစည်းများကြား မွန်သွေးတပ်တော် (Mon Blood Army) ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈‌ ရက်နေ့တွင်  အသက် ၁၈-၃၅ နှစ်အရွယ်ရှိ မွန်လူငယ်များဖြင့် စတင်ဖွဲ့စည်းခဲ့သည်။

    စစ်ရေးဦးစားပေးမည်ဆိုသော်လည်း လူအင်အား၊ လက်နက်ခဲနှင့် တခြားသောလိုအပ်ချက်အမျိုးမျိုးကြောင့် လက်ရှိတွင် မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ပြောက်ကျားစစ်‌ဆင်ရေးဖြင့် ထိရောက်‌သော တိုက်ခိုက်မှုကို ဖော်ဆောင်သွားမည်ဟု  ပြောရေးဆိုခွင့်ရှိသူ ယဿနန်က IMNA သို့ ပြောကြားသည်။

    " နိုင်ငံရေးထက် စစ်ရေးကိုပဲ ပိုပြီးဦးစားပေးသွားမှာ အခုလဲကျနော်တို့မှာ လူအင်အား၊ လက်နက်အင်းအာရော အားနည်းသေးတယ် အဲ့ကြောင့် ပြောက်ကျားစနစ်နဲ့ တခြားမဟာမိတ်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ အရင်ဝင်သွားမယ် ရေးဘက်မှာလဲ မဟာမိတ်တပ်ဖွဲ့တွေနဲ့ စစ်မျက်နှာဖွင့်ထားတာရှိတယ်” ဟု ယဿနန်က ဆက်ပြောသည်။

    ပြီးခဲ့သည့် ဧပြီလ ၄ရက်နေ့က ရေးမြို့နယ် ကလော့ကျေးရွာအနီးရှိ စစ်ကော်မရှင် အမြှောက်တပ် အမတ(၃၁၆) ကို မွန်လူငယ်များ ဦးဆောင်သည့် မွန်သွေးတပ်တော်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

    လူငယ်များဦးဆောင်သည့် တော်လှန်ရေးတပ်သည် ရည်မှန်းထားသည့် နိုင်ငံရေး ပန်းတိုင်သို့ အလျင်အမြန် ရောက်ရှိနိုင်မည်ယုံကြည်သဖြင့် မွန်သွေးတပ်တော် (Mon Blood Army) အမည်အောက်တွင် မွန်လူငယ်တပ်ကို ဖွဲ့စည်းခဲ့သည်ဟုလည်း ဆိုသည်။

    ပြည်သူလူများရှေ့တွင်လည်း လူငယ်များ လွတ်မြောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် စွမ်းဆောင်နိုင်ကြောင်း သက်သေပြသွားမည်ဟုလည်း ယဿနန်က ပြောသည်။

    “ ကျနော်တို့တပ်က လူငယ်တပ် အပြည့်အဝဖြစ်တဲ့အတွက် လူငယ်တွေကပဲ ဦးဆောင်မှာဖြစ်ပြီး ကော်မတီအဖွဲ့ဝင်တွေမှာလဲ အသက် ၁၈ နဲ့ ၃၅ကြာမှာပဲ ရှိပါတယ်။ ကျနော်တို့ လူငယ်က အဓိကဖြစ်ပြီး ကျနော်တို့လဲ လုပ်နိုင်တယ်ဆိုတာကို လူကြီးတွေရော ပြည်သူတွေကိုရော သက်သေပြချင်တယ်။ လူ‌ငယ်တွေ တော်လှန်‌ရေးလုပ်နေတယ်ဆိုတာ လွတ်လပ်ခွင့်ရချင်တယ်။ ဖက်ဒရယ်ဒီမိုကရေစီတည်ထောင်ချင်တယ် ဒီလောက်ပါပဲ။ ကျနော်တို့ရဲ့ရန်သူက စစ်အာဏာရှင်တစ်ခုတည်းပါပဲ ”ဟု သူက ဆိုသည်။

    မွန်သွေးတပ်တော်အနေဖြင့် စစ်ရေးအင်အား ပိုမိုခိုင်မာရန် အနယ်နယ်အရပ်ရပ်ရှိ မွန်လူငယ်များ တပ်တွင်း တက်တက်ကြွကြွ ပူးပေါင်းပါဝင်လာ‌ရန် နည်းလမ်းမျိုးစုံနဲ့ စည်းရုံးလှုံ့ဆော်ရန်ရှိကြောင်းလည်း သိရသည်။

    လက်ရှိမွန်နှင့် ဆက်စပ်ဒေသများတွင် စစ်အာဏာရှင် ကျဆုံးရေးနှင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် မွန်တော်လှန်ရေး အင်အားစုများဖြစ်သည့် မွန်ပြည်သစ်ပါတီစစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA တို့က ရာမညမွန်တပ်တော် RMA အဖြစ် ၂၀၂၅ ခုနှစ် မေလ ၂၄ ရက်နေ့တွင် ပေါင်းစည်းပြီး စစ်ရေးလှုပ်ရှားလျှက်ရှိသည်။

    မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် မဟာမိတ်ပူးပေါင်းတပ်များက မွန်ပြည်နယ်တောင်ပိုင်းတွင် အဓိက စစ်ရေးလှုပ်ရှားပြီး ယခု ၂၀၂၆ ခုနှစ်တွင် စစ်ရေးဖော်ဆောင်မှုများကို အရှိန်မြှင့် ဆောင်ရွက်လျှက်ရှိပြီး ရေးမြို့နယ်တွင် နေ့စဉ်တိုက်ပွဲ ပြင်းထန်နေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks