Thursday, April 9, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်မြို့နယ် ထင်းရူးကျေးရွာရှိ စစ်တပ်စခန်းတိုက်ခိုက်ခံရပြီး တပ်သား ၆ ဦး သေဆုံး

    သံဖြူဇရပ်မြို့နယ် ထင်းရူးကျေးရွာရှိ စစ်တပ်စခန်းတိုက်ခိုက်ခံရပြီး တပ်သား ၆ ဦး သေဆုံး

    -

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရူးကျေးရွာရှိ စစ်တပ်စခန်းကို ရာမညမွန်တပ်တော် (RMA) နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ တပ်သား ၆ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရာမညမွန်တပ်တော်မှ ထုတ်ပြန်သည်။

    အင်အား ၅၀ ကျော်ရှိသည့် ထင်းရူးကျေးရွာရဲစခန်းအနီး စစ်တပ်စခန်းကို ဧပြီလ ၇ ရက်နေ့ မနက် ၄ နာရီအချိန်ခန့်တွင် ရာမညမွန်တပ်တော် (RMA) နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နာရီဝက်ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

    “ကျနော်တို့ သွားတိုက်တဲ့အချိန်က ရန်သူမထင်မှတ်တဲ့အချိန်ဖြစ်နေတယ် မနက် ၄ နာရီဆိုတော့ သူတို့အင်အားက ပုံမှန်ဆို ရဲတွေ စစ်သားတွေရောဆို ၅၀ ဒါမှမဟုတ် ၇၀ လောက်ရှိတယ်။ ထင်းရူးရွာ ရဲစခန်းအနီး ရထားလမ်းဘက်မှာ သူတို့စခန်းကရှိနေတာ။ မိနစ် ၃၀၊ ၄၀ လောက်တော့ ဖြစ်သွားတယ် မနက်က ထပ်သိလိုက်တယ်။” ဟု တိုက်ပွဲတွင် ပါဝင်သည့် ရဲဘော်တစ်ဦးက ပြောသည်။

    နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားနေစဉ်နှင့် ဖြစ်ပြီးအချိန်တွင် စစ်ကော်မရှင်စစ်တပ်မှ လက်နက်ကြီးနှင့် လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သေးသည်။

    ရာမညမွန်တပ်တော်တပ်ရင်း (၉၀၄) နှင့် သံဖြူဇရပ်ဒေသတပ်ဖွဲ့တို့ တိုက်ပွဲတွင် ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

    ထို့အပြင် တော်လှန်ရေးတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း စစ်ကော်မရှင်အဖွဲ့မှ စစ်အင်အား ထပ်မံဖြည့်တင်းကာ ထင်းရူးကျေးရွာအနီးတစ်ဝိုက်တွင် ကင်းလှည့်ခြင်း၊ လုံခြုံရေး အထူးတင်းကျပ်ထားသည့်အပြင် ညဘက်တွင် လက်နက်ကြီးနှင့် လက်နက်ငယ်များကို ကောင်းကင်ပေါ် ပစ်ဖောက်ခြိမ်းခြောက်မှုများ လုပ်ဆောင်နေသည်။

    “ကျနော်တို့ ပစ်ခတ်တဲ့ နေ့မှာ‌ရော၊ နောက်နေ့ရောပဲ သူတို့ဘက် အလှည့်ကျ ကင်းလှည့်တယ် ခနခနပဲ စစ်အင်အားလဲ ထပ်ဖြည့်ထားတယ် ပြီးတော့ ညဘက်ဆိုလဲ လက်နက်ကြီးတွေ ရမ်းသမ်းပြီးပစ်တယ် လက်နက်ငယ်တွေ‌ဆို မိုးပေါ်ကို ခြိမ်းခြောက်ပြီး ပစ်တာပေါ့” ဟု အထက်ပါရဲဘော်က ဆက်ပြောသည်။

    ပြီးခဲ့သည့် ၄ ရက်နေ့တွင်လည်း မုဒုံမြို့နယ် အမှတ် (၈) ကားလမ်းမကြီး၊ ရောင်းဒေါင်း နှင့် ကွမ်လှာ ကျေးရွာကြားရှိ ဇရပ်တစ်နေရာတွင် နေရာချထားသည့် စစ်တပ်ကို ရာမညမွန်တပ်တော်မှ ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့သေးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks