Tuesday, April 14, 2026
More
    spot_img
    Homeသတင်းသင်္ကြန်ကာလအတွင်းပြုလုပ်မည့် ပျော်ပွဲရှင်ပွဲအားလုံး စစ်ကော်မရှင် ခွင့်ပြု

    သင်္ကြန်ကာလအတွင်းပြုလုပ်မည့် ပျော်ပွဲရှင်ပွဲအားလုံး စစ်ကော်မရှင် ခွင့်ပြု

    -

    မွန်ပြည်နယ်တွင် လာမည့်သင်္ကြန်ကာလအတွင်း ပြုလုပ်မည့် မည်သည့် ပျော်ပွဲရှင်ပွဲမျိုးမဆို စစ်ကော်မရှင်ဘက်မှ ခွင့်ပြုထားပြီး စည်ကားသိုက်မြိုက်စွာပြုလုပ်ရန် အားပေနေကြောင်း ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများ၏ ပြောကြားချက်များအရ သိရသည်။

    သင်္ကြန်ပွဲနှင့် လက်ရှိအလှူမင်္ဂလာပွဲများအတွက် မွန်ဒေသခံများ ပျော်ပွဲရွှင်ပွဲထည့်သွင်းကျင်းပလိုသူများပြီး ခွင့်ပြုချက်ရရှိရန် ရပ်ကျေးအုပ်ချုပ်ရေးမှုးမှတစ်ဆင့် မြို့နယ်အုပ်ချုပ်ရေးမှု (သို့) မော်လမြိုင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်သို့ တောင်းခံရကြောင်း သိရသည်။

    မော်လမြိုင်အရှေ့တောင်တိုင်း စစ်ဌာနချုပ်တာဝန်ရှိသူများမှ ကျင်းပမည့် ပွဲလမ်းသဘင်နှင့်  ဂီတဖျော်ဖြေရေးအစီအစဉ်များကို အကျဉ်းချုံးမဟုတ်ဘဲ စည်စည်ကားကားလုပ်ဆောင်ရန်နှင့် လိုအပ်ပါက လုံခြုံရေးတာဝန်ယူများပါ ယူဆောင်ပေးမည်ဟု ပြောဆိုထားကြောင်း အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

    “ပြီးခဲ့တဲ့ အပတ်ကပဲ အရှေ့တောင်တိုင်းဌာနချုပ်က တာဝန်ရှိသူတွေဆီကို ဂီတပွဲသေးသေးလေး ကျင်းပမယ်ဆိုပြီး သွားပြောတယ်။ သူတို့က ကြီးကြီးကျယ်ကျယ်လုပ်၊ ညလုံးပေါက်လုပ်လဲရတယ် စိတ်တိုင်းကျပဲလို့ ပြောတယ်” ဟု ဆိုသည်။

    ယခုနှစ် မော်လမြိုင် သင်္ကြန်ပွဲတော်ကိုလည်း ကမ်းနားလမ်းနှင့် မောရဝတီပန်းခြံလမ်းတစ်လျှောက် မဏ္ဍပ်ကြီးများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပရန် မွန်ပြည်နယ်အစိုးရအဖွဲ့အသစ်မှ ပြင်ဆင်နေပြီး မွန်ရိုးရာအစားအစာများ၊ နိုင်ငံကျော်အဆိုတော်များဖြင့် ဖျော်ဖြေရေးအစီအစဉ်များပါ ထည့်သွင်းကျင်းပသွားမည် ဖြစ်သည်။

     ဌာနဆိုင်ရာ ဝန်ထမ်းများအား မြို့ပေါ်တွင်ပြုလုပ်မည့် သင်္ကြန်ပွဲတော်တွင်လည်း ဖိအားပေးပါဝင်စေပြီး စီးပွားရေးလုပ်ငန်းရှင်များကိုလည်း ငွေကြေး အဓမ္မပါဝင်စေခြင်းများလည်း လုပ်ဆောင်နေသည်ဟု ကြားသိရသည်။

    တိုက်ပွဲဖော်ဆောင်မှုနည်းသည့် မွန်ပြည်နယ်တွင် စစ်ကောင်စီအဖွဲ့အတွက် ဝါဒဖြန့်ရန် အကောင်းဆုံးနေရာတစ်ခုဖြစ်နေပြီး လောင်းကစားဝိုင်းများမှလည်း ငွေဝင်ပေါက် အကောင်းဆုံးနေရာတစ်ခုဖြစ်နေသည်။

    သို့သော် လက်နက်ကိုင်ပဋိပက္ခကြောင့် လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိမှုများ နေ့စဥ်ဖြစ်ပွားနေသဖြင့် မလိုအပ်ဘဲ လူစုလူဝေးနေရာများကို အတတ်နိုင်ဆုံးရှောင်းရှားရန်နှင့် သင်္ကြန်အတွင်း လုံခြုံရေးသတိဖြင့် ဖြတ်သန်းရန်လည်း ရေးမြို့နယ်မှ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် တစ်ဦးက တိုက်တွန်းသည်။

    “အခုလိုအချိန်မှာ ပွဲတွေကျင်းပရင် ပျော်စရာထက် စိုးရိမ်စရာပိုများတယ်။ လုံခြုံရေးရှိတယ်ဆိုပေမယ့် လက်နက်ကြီးတွေကျရင် တိုက်ပွဲဖြစ်သွားမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ကြိုတင်သတိထားပြီး နေထိုင်သွားလာသင့်တယ်” ဟု ပြောသည်။

    စစ်ကော်မရှင်အဖွဲ့သည် ယနေ့အထိ ဒေသခံပြည်သူများအပေါ် မြေပြင်စစ်ကြောင်းများ သာမက လေကြောင်းမှတစ်ဆင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များကို ပစ်မှတ်ထား တိုက်ခိုက်နေဆဲဖြစ်သည်။

    ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မဟာသင်္ကြန်ရက်အတွင်း မွန်-ကရင်အစပ်ရှိကျေးရွာများ လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရပြီး ကလေးအပါအဝင် အမျိုးသမီးနှစ်ဦး ထိခိုက်သေဆုံးမှု ရှိခဲ့သေးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks