Wednesday, April 8, 2026
More
    spot_img
    Homeသတင်းကြိုတင်အသိပေးခြင်းမရှိဘဲ မီတာခတစ်ယူနစ် ၇၅၀၀ ကျပ်အထိ ကောက်ခံနေသဖြင့် သုံးစွဲသူများနစ်နာ

    ကြိုတင်အသိပေးခြင်းမရှိဘဲ မီတာခတစ်ယူနစ် ၇၅၀၀ ကျပ်အထိ ကောက်ခံနေသဖြင့် သုံးစွဲသူများနစ်နာ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ကိုယ်ထူကိုယ်ထ လျှပ်စစ်မီးလုပ်ငန်းအချို့ ကြိုတင်အသိပေးခြင်းမရှိဘဲ မီတာခတစ်ယူနစ် ၇၅၀၀ ကျပ်အထိ ကောက်ခံနေသဖြင့် သုံးစွဲသူများ ငွေကြေးနစ်နာမှုရှိနေကြောင်း ရေးဒေသခံများက ပြောသည်။

    စက်သုံးဆီဝယ်ယူရရှိမှုအပေါ်မူတည်၍ ရေးမြို့နယ်မြောက်ပိုင်းတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေသည့် SMD ကုမ္ပဏီနှင့် NYEDS ကုမ္ပဏီမှ မတ်လအတွင်း အသုံးပြုထားသည့် ဓာတ်အားခများကို ၃၈၀၀ ကျပ်သို့ ပြောင်းလဲကောက်ခံမည့်အပြင် လျှပ်စစ်မီးထုတ်လွှင့်ချိန်ကို လျော့ချသွားမည်ဟု သုံးစွဲသူများသို့ အသိပေးထားသည်။

    သို့သော် ကြိုတင်အသိပေးထားခြင်းမရှိသည့် ကိုယ်ထူကိုယ်ထ လျှပ်စစ်မီးလုပ်ငန်းအချို့မှ မတ်လအတွင်းအသုံးပြုထားသည့် မီတာခများကို တစ်ယူနစ် ၇၅၀၀၀ နှုန်းဖြင့်ကောက်ခံနေပြီး လျှပ်စစ်ထုတ်လွှင့်ချိန်ကို စိတ်ကြိုက်လျှော့ချထားသဖြင့် နစ်နာမှုရှိနေသည်ဟု ရေးဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

    “ပြီးခဲ့တဲ့ မတ်လအတွက်က စက်သုံးဆီဝယ်ဖို့ ခက်ခဲတယ် ဈေးလည်းတက်သွားတယ်ဆိုပြီးတော့ မီတာခ တစ်ယူနစ် ၇၀၀၀ ဖြစ်သွားတယ်။ မီးကလဲ မတ်လရဲ့ လတဝက်‌လောက်က တစ်နေ့ဆို တစ်နာရီ တစ်နာရီခွဲပဲပေးတယ် မီးလာတဲ့အချိန်က နည်းလွန်းတယ်။ ပြီးရင် ကြိုအသိပေးတာလဲမရှိဘူး အကုန်ဒုက္ခရောက်‌နေကြတာ။ ” ဟု သူမက ပြောသည်။

    ၎င်းအပြင် မီတာခကို ၅ ယူနစ်မှစတင်ကောက်ခံသည့် သတ်မှတ်ချက်ကြောင့်လည်း နေအိမ်တစ်အိမ်လျှင် တစ်လ မီတာခ အနည်းဆုံး ၃၅၀၀၀ ကျသင့်နေရကြောင်း သိရသည်။

    လက်ရှိ စက်သုံးဆီ အခက်အခဲကြောင့် ရေးမြို့နယ်ရှိ ကုမ္ပဏီလျှပ်စစ်မီနှင့် ကိုယ်ထူကိုယ်ထလျှပ်စစ်မီး အသုံးပြုသူများ တစ်ယူနစ် ၄၀၀၀ မှ ကျပ်မှ ၇၅၀၀ ကျပ်အထိ သုံးစွဲခ ပေးဆောင်လာရသည်။

    အာယုတောင်ဒေသခံအများစု မီးရရှိချိန် နည်းပါးလာသဖြင့် ငွေကြေးတတ်နိုင်သူဒေသခံများ လျှပ်စစ်မီးအစား ဆိုလာတပ်ဆင် အသုံးပြုသူ များလာနေကြောင်းလည်း သိရသည်။

    ရေးဒေသခံ အမျိုးသားတစ်ဦးက “‌ ဒီတလော ပိုက်ဆံရှိတဲ့ နေအိမ်တော်တော်များများက လျှပ်စစ်မီးဖြုတ်ပြီး ဆိုလာတပ်ထားတယ်။ တချို့အိမ်က လျှပ်စစ်မီးရော ဆိုလာရော တပ်ထားတယ် စက်ချုပ်သမားတွေလဲ ဒုက္ခရောက်ကြတာပေါ့ ကျန်တဲ့အလုပ်တွေလဲ အဲ့လိုပဲ ခက်‌ခဲနေကြတာ အခြေခံလူတန်းစားတွေဆို လျှပ်စစ်မီးမသုံးနိုင်ကြတော့ဘူး တစ်လတစ်လ မီတာခ မနည်းပေးနေရတာ ”ဟု ပြောသည်။

    ရေးမြို့နယ်အတွင်း လျှပ်စစ်မီးကုမ္ပဏီကြီးများဖြစ်သည့် SMD ကုမ္ပဏီ၊ မြတ်သူရထွန်းကုမ္ပဏီ အပါအဝင် ကိုယ်ထူကိုယ်ထ လျှပ်စစ်မီးလုပ်ငန်း ၄ ခုထက်မနည်းရှိပြီး ရေးမြောက်ပိုင်းနှင့် တောင်ပိုင်းကျေးရွာများသို့ လျှပ်စစ်မီးဖြန့်ဖြူးပေးနေခြင်း ဖြစ်သည်။

    ရေးမှလျှပ်စစ်မီးကုမ္ပဏီများသည် လုပ်ငန်းလည်ပတ်ရန် ပြည်ပမှစက်သုံးဆီကို မှီခိုနေရပြီး ထားဝယ်ဆိပ်ကမ်းရှိ ဆီသိုလှောင်ကန်မှတစ်ဆင့် ဆီသယ်ယာဉ်များဖြင့် သယ်ယူပို့ဆောင်နေရပြီး လက်ရှိစက်သုံးဆီရရှိမှူ အခက်အခဲကြောင့် လျှပ်စစ်မီးထုတ်လုပ်ရန် အခက်အခဲရှိလာနေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks