Monday, April 6, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်အစိုးရအဖွဲ့ကို ဝန်ကြီးဌာန ၇ ခုဖြင့် ဖွဲ့စည်းမည်။

    မွန်ပြည်နယ်အစိုးရအဖွဲ့ကို ဝန်ကြီးဌာန ၇ ခုဖြင့် ဖွဲ့စည်းမည်။

    -

    မွန်ပြည်နယ်အစိုးရအဖွဲ့သစ်ကို ဝန်ကြီးဌာန ၇ ခုဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်သည်။

    ယနေ့ ဧပြီ ၆ ရက်နေ့တွင် ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော် တတိယအကြိမ် ပထမပုံမှန်အစည်းအဝေး ပဥ္စမနေ့တွင် တည်ပြုလိုက်ခြင်းဖြစ်သည်။

    သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပေးပို့လာသည့် ဝန်ကြီးဌာန ၇ ခုနှင့် ဝန်ကြီး ၇ ဦးကို ကန့်ကွက်သူမရှိ လွှတ်တော်က အတည်ပြုလိုက်ခြင်းဖြစ်သည်။

    ဝန်ကြီးဌာန ၇ ခုတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ လူမှုရေးရာဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင် စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စည်ပင်သာယာရေးဝန်ကြီးဌာနတို့ဖြစ်သည်။

    မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးဌာန ၇ ခု၏ ဝန်ကြီးများကို မနက်ဖြန် ဧပြီ ၇ ရက်နေ့တွင် ကျင်းပမည့် မွန်ပြည်နယ်လွှတ်တော်သို့ တင်ပြပြီး အတည်ပြုချက်ရယူမည်ဖြစ်သည်။

    ယနေ့ ဧပြီလ ၆ ရက်နေ့တွင် ကျင်းပသည့် ပြည်နယ်လွှတ်တော် တတိယအကြိမ် ပထမပုံမှန်အစည်းအဝေး ပဥ္စမနေ့၌ ပြည်နယ်ဝန်ကြီးချုပ်ကို အတည်ပြု ခန့်အပ်ခြင်း၊ ဝန်ကြီးဌာန ၇ ခုနှင့် ဝန်ကြီး ၇ ဦးကို အတည်ပြုခြင်းနှင့် နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ တရားသူကြီး ၄ ဦးတို့ကို တည်ပြုခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks