Monday, April 6, 2026
More
    spot_img
    Homeသတင်းဘီးလင်းဒေသခံများ လေကြောင်းတိုက်ခိုက်ခံနေရစဉ် ဖုန်းလိုင်းဖြတ်တောက်ခံထားရ

    ဘီးလင်းဒေသခံများ လေကြောင်းတိုက်ခိုက်ခံနေရစဉ် ဖုန်းလိုင်းဖြတ်တောက်ခံထားရ

    -

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေပြီး ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသဖြင့် ကျေးရွာအတွင်းရှိ ဒေသခံများ အဆက်အသွယ် ပြတ်တောက်နေကြကြောင်း သိရသည်။

    စစ်ကော်မရှင်အဖွဲ့မှ ဘီးလင်းမြို့နယ်ရှိ လေးကေ၊ ဝင်းတာပန်နှင့် မြစ်ကျိုးကျေးရွာအုပ်စုအတွင်းသို့ ဧပြီလ ၁ ရက်နေ့မှစ၍ စစ်ဘက်ဆိုင်ရာလေယာဉ်များဖြင့် နေ့ညမပြတ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု ဘီလင်းဒေသခံနှင့် ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူ KNU မှ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

    ဗုံးကြဲတိုက်ခိုက်မှုတွင် နေအိမ်အပြင် ဖုန်းတာဝါတိုင်များကိုပါ ပစ်ခတ်ခဲ့သဖြင့် ဆက်သွယ်ရေးစနစ်များ ပြတ်တောက်နေပြီး ဒေသတွင်းအခြေအနေများကို အတည်ပြုရန် ခက်ခဲနေကြောင်း ဘီလင်းမှ စစ်ဘေးရှောင်အရေးကူညီနေသူတစ်ဦး ပြောသည်။

    “ဖုန်းတိုင်တွေက ဗုံးတွေနဲ ဖျက်ဆီးခံရတယ်။ အခုက အဆက်အသွယ်ယူလို့မရဘူး၊ ရွာထဲမှာလည်း ဘယ်သူရှိမနေဘူး။ ပြီးတော့ ဒီဘီးလင်းမြို့ကနေ လေးကေရွာသွားတဲ့လမ်းကိုလည် ပိတ်ထားတယ်။ ဒေသခံတွေက မြို့ဘက်ကို လာလို့မရဘူး။ အခုကသွားရောက်ကူညီဖို့က အဆင်မပြေဘူး၊ ဘယ်သူနဲ့မှ ဆက်သွယ်လို့ မရတော့ဘူး ”ဟု  ပြောသည်။

    ဧပြီလ ၁ ရက်နေ့မှ ယမန်နေ့  ၅ ရက်နေ့အထိ KNU ထိန်းချုပ်နယ်မြေ၊ ကောသူလေးခရိုင် ဘီးလင်းမြို့နယ်ရှိ ကျေးရွာအုပ်စုများတွင် လေကြောင်းတိုက်ခိုက်ခံရမှုများ ဆက်တိုက်ဖြစ်ပွားနေပြီး ဗုံးကြဲမှုများကြောင့် နေအိမ် ၃၀ ထက်မနည်း၊ ဘုန်းကြီးကျောင်း ၂ ကျောင်း ထိခိုက် ပျက်စီးခဲ့ရကြောင်း KNU မှ ထုတ်ပြန်သည်။

    ဒေသခံများအနေဖြင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး အချို့မှာ ကေအဲန်ယူ ထိန်းချုပ်ရာဒေသရှိ ဆေးရုံနှင့် ကျောင်းများသို့ တိမ်းရှောင်သွားကြသလို အချို့မှာလည်း  တောတွင်းသို့ ဝင်ရောက်တိမ်းရှောင်နေကြရသည်။

    ဘီးလင်းဒေသခံတစ်ဦးက "ဒီနေ့လည်း လေယာဉ်တွေ ဝဲနေတယ်။ ကျွန်တော်တို့ အရမ်းစိုးရိမ်နေတယ်၊ သူတို့က နေရာမရွေး ရှောက်ပစ်နေတာ၊ အိမ်မှာလည်း မလုံဘူး၊ အပြင်လည်း မထွက်ရဲဘူး” ဟု ပြောသည်။

    ကေအဲန်ယူ၏ ထုတ်ပြန်ချက်များအရ အာဏာသိမ်းစစ်တပ်သည် ၂၀၂၁ ခုနှစ်မှစတင်၍ အရပ်သားများ၊ ဘာသာရေးအဆောက်အဦများ၊ စာသင်ကျောင်းများနှင့် ဆေးရုံများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။

    ထိုသို့ တိုက်ခိုက်မှုများကြောင့် ဒေသအတွင်း နေရပ်စွန့်ခွာရသူများ ပိုမိုများပြားလာနေပြီး ကေအဲန်ယူအနေဖြင့် ထွက်ပြေးတိမ်းရှောင်နေသူများအား အရေးပေါ်ကူညီမှုများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်အတွင်း စစ်ကော်မရှင်၏လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးဒဏ်ရာရရှိမှု၏(၉၆)ရာခိုင်နှုန်းကျော်တွင် ဆက်သွယ်ရေးဖြတ်တောက်ခံထားရသောဒေသများတွင် ဖြစ်ပေါ်ခဲ့သည်ဟုလည်း မြန်မာအင်တာနက်ပရောဂျက်အဖွဲ့၏ အစီရင်ခံစာများတွင် ဖော်ပြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks