Monday, April 6, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဗိုလ်မှူးချုပ် အောင်ဝင်းသန်းကို ခန့်အပ်

    မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဗိုလ်မှူးချုပ် အောင်ဝင်းသန်းကို ခန့်အပ်

    -

    မွန်ပြည်နယ်အစိုးရအဖွဲ့သစ် ဝန်ကြီးချုပ်အဖြစ် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်ဝင်းသန်းကို အတည်ပြု ခန့်အပ်လိုက်သည်။

    ယနေ့ ဧပြီလ ၆ ရက်နေ့တွင် ကျင်းပသည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဥ္စမနေ့တွင် အတည်ပြု ခန့်အပ်လိုက်ခြင်းဖြစ်သည်။

    သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံထားရသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပေးပို့သည့် မွန်ပြည်နယ် ဝန်ကြီးချုပ် အမည်စာရင်းကို ပြည်နယ်လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြု ခန့်အပ်ခဲ့ခြင်းဖြစ်စည်။

    ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသည့် ဗိုလ်မှူးချုပ် အောင်ဝင်းသန်းသည် လက်ထောက်တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ်အထိ တာဝန်ထမ်းဆောင်ဖူးသူဖြစ်ပြီး စစ်ခေါင်းဆောင် ချီးမြှင့်သည့် တပ်မတော်ဆိုင်ရာ စွမ်းဆောင်မှုဂုဏ်ထူးဆောင်တံဆိပ်များလည်း ရရှိဖူးသူဖြစ်ပြီး လက်ရှိတွင် တပ်မတော်(ရေ) တွင် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

    ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသည့် ဗိုလ်မှူးချုပ် အောင်ဝင်းသန်းသည် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ယုံကြည်မှုကို ရရှိထားတဲ့သူဆိုပြီး သတင်းထွက်နေသူလည်းဖြစ်သည်။  

    လက်ရှိ မွန်ပြည်နယ် ဝန်ကြီးချုပ်နေရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးအောင်ကြည်သိန်းက တာဝန်ယူထားပြီး ယခု ဗိုလ်မှူးချုပ် အောင်ဝင်းသန်းကို ဝန်ကြီးချုပ်အဖြစ်ခန့်အပ်လိုက်သည့်အတွက် ဦးအောင်ကြည်သိန်းသည် ဝန်ကြီးချုပ် ရာထူးကနေ ဖယ်ပေးရမည်ဖြစ်သည်။

    မွန်ပြည်နယ်လွှတ်တော်တွင် ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ် ၁၁ ဦး၊ တပ်မတော် ကိုယ်စားလှယ် ရှစ်ဦး၊ မွန်ညီညွှတ်ရေးပါတီက ကိုယ်စားလှယ် ခုနှစ်ဦး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊ ပအိုဝ်းအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ ပြည်သူ့ပါတီ၊ ပြည်သူ့ ရှေဆောင်ပါတီနှင့် အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီတို့က ကိုယ်စားလှယ် ၁ နေရာစီ၊ စုစုပေါင်း ကိုယ်စားလှယ်နေရာ ၃၁ နေရာ ရှိသည်။

    တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ပထမအကြိမ် လွှတ်တော်ပုံမှန်အစည်းအဝေးကို မတ်လ ၃၀ ရက်နေ့က စတင် ကျင်းပခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks