Monday, April 6, 2026
More
    spot_img
    Homeသတင်းစက်သုံးဆီကြောင့် မွန်ပြည်နယ်တွင် သောက်ရေသန့် ၂၀ လီတာ တစ်ဗူး ကျပ် ၂၀၀၀ ထိစျေးတက်

    စက်သုံးဆီကြောင့် မွန်ပြည်နယ်တွင် သောက်ရေသန့် ၂၀ လီတာ တစ်ဗူး ကျပ် ၂၀၀၀ ထိစျေးတက်

    -

    စက်သုံးဆီ အခက်အခဲကြောင့် သောက်ရေသန့် ၂၀ လီတာ တစ်ဗူးလျှင် ကျပ် ၂၀၀၀ ဖြင့် စျေးတက်သွားကြောၚ်း မော်လမြိုင်မြို့နယ်အတွၚ်းက ရေသန့်လုပ်ငန်းရှင်များထံမှ သိရသည်။

    ၂၀ လီတာ သောက်ရေသန့်တစ်ဗူးလျှင် ကျပ် ၁၅၀၀ ဖြင့် ဖြန့်ဖြူးရောင်းချနေရာမှ လတ်တလော ကြုံတွေ့နေရသည့် စက်သုံးဆီပြတ်လပ်မှု အခက်အခဲကြောင့် ဧပြီလ ၁ ရက်နေ့မှစတင်ကာ ၂၀ လီတာ သောက်ရေသန့်တစ်ဗူးကို ကျပ် ၂၀၀၀ ဖြင့် စျေးနှုန်းပြောင်းလဲ သတ်မှတ် ရောင်းချလျက်ရှိသည်။

    စက်သုံးဆီ ပြတ်လပ်ခြင်း၊ စက်သုံးဆီစျေးနှုန်း မြင့်တက်လာခြင်းနှင့် အထွေထွေ ကုန်ကျစရိတ် မြင့်မားလာခြင်းတို့ကြောင့် ရေသန့်လုပ်ငန်းရှင်များ ညှိနှိုင်းသဘောတူညီချက်အရ ဈေးနှုန်းတိုးမြှင့်လိုက်ခြင်းဖြစ်သည်ဟု မော်လမြိုင်မြို့နယ်အတွင်းရှိ သောက်ရေသန့်လုပ်ငန်းများက ဆိုသည်။

    “အဓိကက စက်သုံးဆီဈေးနှုန်းမြင့်တာ။ ရေသန့်လုပ်ငန်းသုံးပစ္စည်းတွေ ဈေးမြင့်သွားတာ။ လက်ရှိ ကုန်ဈေးနှုန်းတွေက မြင့်နေတော့ လုပ်သားတွေရဲ့ လုပ်အားခကိုလည်း အတတ်နိုင်ဆုံး တိုးမြှင့်ပေးရတဲ့အခြေအနေရှိပါတယ်။ ဒါကြောင့်လည်း ရေသန့်ဗူး ၂၀ လီတာတစ်ဗူးကို ကျပ် ၁၅၀၀ ကနေ ဧပြီလ (၁) ရက်နေ့ကစလို့ ၂၀၀၀ ကျပ်နှုန်းနဲ့ ရောင်းချနေတာပါ။ ဒါကလည်း ရေသန့်လုပ်ငန်းရှင်တွေအားလုံးရဲ့ညှိနှိုင်းသဘောတူညီချက်အရ ဈေးနှုန်းတိုးမြှင့်လိုက်တာဖြစ်ပါတယ်” ဟု မော်လမြိုၚ်မြို့ပေါ်က ရေသန့်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

    ၂၀ လီတာ သောက်ရေသန့်ဗူး စျေးနှုန်းပြောင်းလဲသတ်မှတ်သည်နှင့် ပတ်သက်ပြီး သုံးစွဲသူပြည်သူတို့အား အသိပေးကြေညာထားပြီး ဧပြီလ ၁ ရက်နေ့မှစကာ စျေးပြောင်းလဲရောင်းချလျက်ရှိသည်။

    မော်လမြိုင်မြို့နယ်အတွင်းတွင် သောက်ရေသန့်လုပ်ငန်း ၂၀ ဝန်းကျင်ရှိပြီး မော်လမြိုင်မြို့ပေါ် ရပ်ကွက်များသာမက မော်လမြိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများအထိ သောက်ရေသန့်များ လိုက်လံဖြန့်ဖြူးရောင်းချကြသည်။

    မွန်ပြည်နယ်အတွင်း စက်သုံးဆီကို လိုသလောက် ဝယ်မရခြင်း၊ ဆီအရောင်းဆိုင်များ ဆီပြတ်လပ်ခြင်းကြောင့် ဆီအခက်အခဲကြုံတွေ့နေရသည်မှာ တစ်လနီးပါးကြာလာသည်အထိ ဆီရရှိရန် နာရီပေါင်းများစွာ တန်းစီဝယ်ယူနေရဆဲဖြစ်သည်။

    စက်သုံးဆီအခက်အကြောင့် စက်သုံးဆီသုံး လည်ပတ်နေရသည့်လုပ်ငန်းများ အလုပ်ရပ်နားလာရသည်အထိ ဖြစ်နေပြီး သယ်ယူပို့ဆောင်ရေးစရိတ်များ၊ ကုန်စျေးနှုန်းများလည်း အဆမတန် မြင့်တက်လာသည်။

    လက်ရှိတွင် မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ဓာတ်ဆီတစ်လီတာ ကျပ် ၃၇၆၅ ကျပ်ကနေ ၄၈၂၅ အထိရှိနေပြီး ဒီဇယ်ဆီ တစ်လီတာလျှင် ကျပ် ၅၀၃၀ ကနေ ၆၄၂၀ အထိ ဈေးရှိနေပြီး ပြင်ပ‌မှောင်ခိုစျေးကွက်မှာတော့ စက်သုံးဆီ‌စျေး တစ်လီတာ ကျပ်၂၀၀၀၀ နီးပါးအထိ ရောင်းဝယ်နေကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks