Friday, April 3, 2026
More
    spot_img
    Homeသတင်းသမ္မတရွေးချယ်ပွဲတွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်သာ အနိုင်ရ

    သမ္မတရွေးချယ်ပွဲတွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်သာ အနိုင်ရ

    -

    ပြည်ထောင်စုလွှတ်တော်မှ ယနေ့ကျင်းပသည့် သမ္မတရွေးကောက်တင်မြှောက်ပွဲတွင် ယာယီ သမ္မတအဖြစ်ခန့်အပ်ထားသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သာ အနိုင်ရရှိခဲ့ကြောင်း သိရသည်။

    သမ္မတရွေးကောက်တင်မြှောက်ပွဲသို့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ် ၅၈၄ ဦး တက်ရောက်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များက လျို့ဝှက်မဲပေးစနစ်ဖြင့် မဲပေးခဲ့ခြင်း ဖြစ်သည်။

    ယနေ့ သမ္မတရွေးပွဲတွင် ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဌများက ပထမဦးဆုံးမဲပေးခဲ့ပြီးနောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ မဲပေးခဲ့သည်။

    မဲရလဒ်အရ စစ်ခေါင်းဆောင်သည် ၄၂၉ မဲ ဖြင့် ၁၂၆ မဲ ရရှိခဲ့သည့် ဦးညို‌စောနှင့် ၂၉ မဲသာ ရရှိခဲ့သည့် ဒေါ်နန်းနီနီအေးကို အပြတ်အသတ် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

    ထို့ကြောင့် မင်းအောင်လှိုင်ကို  မြန်မာနိုင်ငံတော်၏ (၁၁) ဦးမြောက် နိုင်ငံတော်သမ္မတအဖြစ် ခန့်အပ်ခဲ့ပြီး ဦးညိုစောအား ဒုတိယ သမ္မတ (၁)နှင့် ဒေါ်နန်းနီနီအေးသည် ဒုတိယ သမ္မတ (၂) အဖြစ် ခန့်အပ်ခဲ့သည်။

    ရွေးချယ်ခံရသည့် သမ္မတနှင့် ဒုသမ္မတတို့သည် ပြည်ထောင်စုလွှတ်တော်တွင် ကျမ်းကျိန်ပြီးပါက အစိုးရတာဝန်များကို ၅ နှစ်တာ ဆက်လက်ထမ်းဆောင်ခွင့်ရမည်ဖြစ်သဖြင့် စစ်ခေါင်းဆောင်က ဗိုလ်ချုပ်မှုးကြီးရာထူးကို စွန့်လွှတ်ရန်ရှိကြောင်းလည်း နိုင်ငံရေးအကဲခတ်သူအချို့မှ သုံးသပ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks