Friday, April 3, 2026
More
    spot_img
    Homeသတင်းထိုင်းတွင် သမီးအရင်းကို သတ်ဖြတ်ခဲ့သူ မြန်မာအမျိုးသမီး ဖမ်းဆီးခံရ

    ထိုင်းတွင် သမီးအရင်းကို သတ်ဖြတ်ခဲ့သူ မြန်မာအမျိုးသမီး ဖမ်းဆီးခံရ

    -

    ထိုင်းနိုင်ငံ၊ မင်းဘူရီခရိုင်တွင် ခုနစ်နှစ်အရွယ် သမီးအရင်းကို လည်ပင်းညှစ်သတ်ဖြတ်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် အသက် ၃၄ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးကို ချွန်ဘူရီပြည်နယ် ပတ္တရားကမ်းလွန်ရှိ လန်းကျွန်း (Koh Larn) တွင် ဧပြီလ ၂ ရက်နေ့၌ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

    ဖြစ်စဉ်မှာ အသက် ၃၄ နှစ်အရွယ် မြန်မာအမျိုးသမီးသည် ကိုယ်ရေးကိုယ်တာ ပြဿနာများကြောင့် ပြင်းထန်သော စိတ်ဖိစီးမှုများ ခံစားနေခဲ့ရပြီး မိမိနှင့်အတူ သမီးအရင်းဖြစ်သူကိုပါ အဆုံးစီရင်ရန် ကြိုးပမ်းခဲ့သည်။

    ဧပြီလ ၁ ရက်နေ့ နေ့လယ် ၂ နာရီခန့်တွင် ထိုင်းနိုင်ငံ၊ မင်းဘူရီခရိုင်၊ ရမ်းခမ်းဟမ်း လမ်းသွယ် ၁၉၀ (Ramkhamhaeng 190, Soi 5) ရှိ နေအိမ်၌ သမီးဖြစ်သူကို ဦးစွာ လည်ပင်းညှစ် သတ်ဖြတ်ခဲ့ပြီး မိမိကိုယ်ကို အဆုံးစီရင်ရန် မရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်ခဲ့သည်ဟု ထွက်ဆိုချက်များအရ သိရသည်။

    ထို့ကြောင့် ထိုင်းမဟာနဂရရဲတပ်ဖွဲ့ တိုင်းတပ်ခွဲ ၃ နှင့် ပတ္တရား ကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ သံသယရှိသူကို လိုက်လံရှာဖွေခဲ့ပြီး ဧပြီ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် လန်းကျွန်းပေါ်ရှိ ဟိုတယ်အခန်းတစ်ခုတွင် ခြေရာခံဖမ်းဆီးနိုင်ခဲ့သည်။

    ဖမ်းဆီးခံရသည့် ထိုမြန်မာအမျိုးသမီးကို မင်းဘူရီ (Min Buri) ရာဇဝတ်တရားရုံးမှ ဖမ်းဝရမ်းအမှတ် (၅၇၈/၂၅၆၉) ရည်ရွယ်ချက်ရှိ လူသတ်မှုဖြင့် ချမှတ်ထားခဲ့သည်ဟု သိရသည်။

    ထိုင်းမဟာနဂရရဲတပ်ဖွဲ့ တိုင်းတပ်ခွဲ ၃ မှ စစ်ဆေးရေးအရာရှိ ရဲမှူးကြီး ဆူရီယား ကွန်ဂျာကောလ် (Pol. Lt. Col. Suriya Kunjakol) က မမျိုးပပထွန်းကို စုံစမ်းစစ်ဆေးခဲ့ပြီး စွဲချက်အားလုံးကို ဝန်ခံကာ စိတ်ကျရောဂါနှင့် လူနေမှုဘဝအခက်အခဲများကြောင့် စိတ်ဖိစီးမှုများ ခံစားနေရသူဖြစ်ကြောင်း ပြောကြားခဲ့သည်။

    လက်ရှိတွင် မြန်မာအမျိုးသမီးကို မင်းဘူရီရဲစခန်းတွင် ထိန်းစီမ်းထားပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားထားသည်။

    ကိုးကား – Khaosod English

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks