Thursday, March 26, 2026
More
    spot_img
    Homeသတင်းလိုင်စင်မဲ့ယာဉ်များ မှောင်ခိုစျေးကွက်ကိုသာ အားကိုးနေရပြီး ဆီတစ်လီတာ ကျပ် ၁၅,၀၀၀ ကျော်အထိ ပေးဝယ်နေရ

    လိုင်စင်မဲ့ယာဉ်များ မှောင်ခိုစျေးကွက်ကိုသာ အားကိုးနေရပြီး ဆီတစ်လီတာ ကျပ် ၁၅,၀၀၀ ကျော်အထိ ပေးဝယ်နေရ

    -

    လိုင်စင်မဲ့ယာဉ် အသုံးများသည့် မွန်ပြည်နယ်တွင် မှောင်ခိုစျေးကွက်ကိုသာ အားကိုးနေရပြီး စက်သုံးဆီ တစ်လီတာ ကျပ် ၁၅,၀၀၀ ကျော်အထိ ပေးဝယ်ယူနေရသည်ဟု လိုင်စင်မဲ့ယာဉ် အသုံးပြုသူတို့က ပြောသည်။

    စက်သုံးဆီ ဝယ်ယူရာတွင် ယာဉ်လိုင်စင်ကတ်ပြားနှင့် ဝီတက်ပြမှသာ ရောင်းချပေးရန် စစ်ကော်မရှင်က ကန့်သတ်လိုက်ပြီးနောက် လိုင်စင်မဲ့ယာဉ်များ စက်သုံးဆီ ဝယ်ယူရရှိရန် ခက်ခဲလာသည်။

    လက်ရှိတွင်လည်း စစ်ကော်မရှင်၏ အဖွဲ့စုံ စစ်ဆေးရေးအဖွဲ့များက စက်သုံးဆီ အရောင်းဆိုင်ကြီးများတွင် နေ့စဉ် စစ်ဆေးမှုများ ပြုလုပ်ပြီး လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီး အရေးယူမှုများ ပြုလုပ်နေသည့်အတွက် လိုင်စင်မဲ့ယာဉ်များအတွက် ပိုပြီး အခက်တွေ့စေသည်။

    မော်လမြိုင်မြို့ခံ အမျိုးသားတစ်ဦးက “မလမပေါ်က ဆီဆိုင်တိုင်းလိုလိုကို စစ်တပ်လက်အောက် ပျူးစောထီးအဖွဲ့တွေ ထားထားတယ်။ ဆီတန်းစီ စောင့်ဆိုင်းနေတဲ့ လူတွေကို ဝီတက်စစ်တယ်။ လိုင်စင် စစ်တယ်။ စုံ၊ မ စည်းကမ်းချက်နဲ့ ညီ မညီကို စစ်တယ်။ လိုအပ်လာရင် ရှောင်သခင်ကားနဲ့ အုပ်စုလိုက် လာစစ်တယ်။” ဟု ဆိုသည်။

    ဆီအရောင်းဆိုင်များတွင် တန်းစီ ဝယ်ခွင့် မရှိသည့်အပြင် ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းကြောင့် လိုင်စင်မဲ့ယာဉ် အသုံးပြုသူများ စက်သုံးဆီ ရရှိရန် ပြင်ပ မှောင်ခိုစျေးကွက်ကို အားကိုးလာရသည့်အတွက် မှောင်ခိုဆီစျေးကွက်ကလည်း ကြီးထွားလာသည်။

    လက်ရှိတွင် မှောင်ခိုစျေးကွက်အတွင်း 95 ဆီ တစ်လီတာ ကျပ် ၁၅,၀၀၀ ကျော်အထိ ရှိနေပြီး ဆီအရောင်းဆိုင်များတွင် ရောင်းချနေသည့် စျေးနှုန်းထက် သုံးဆခန့် မြင့်တက်နေသည်။

    စက်သုံးဆီ အရောင်းဆိုင်များတွင် 95 ဆီ တစ်လီတာလျှင် ၃,၉၉၅ ကျပ်၊ 92 တစ်လီတာလျှင် ၃,၇၆၅ ကျပ် ရှိနေသည်။

    သံဖြူဇရပ်ဒေသခံ တစ်ဦးက “သူတို့ (စစ်ကော်မရှင်အဖွဲ့တွေ) က ပြည်သူတွေကို ရာဇဝတ်သားလိုမျိုး အကွက်ဖော်နေတာ။ လိုင်စင်မဲ့အောင် လုပ်နေတာကလည်း သူတို့ပဲ။ အခု လိုင်စင်မဲ့ စီးနေတဲ့သူတွေ ဆီဝယ်မရအောင် လုပ်နေတာကလည်း သူတို့ပဲ။ ဆိုတော့ ဒီဆိုင်ကယ်တစ်စီးနဲ့ပဲ အလုပ်လုပ်နေတဲ့သူတွေအတွက် အဆင်မပြေဘူးလေ။ ဆီလည်း စျေးကြီးဝယ်ရ။ အပြင်သွားလာရင်လည်း မလုံခြုံ။” ဟု ဆိုသည်။

    ယခုရက်ပိုင်းအတွင်း ဆီတန်းစီနေသည့် ဆိုင်ကယ် အစီး ၂၀ နှင့် ကား ၁၀ စီးကို စုံ၊ မ စည်းကမ်းချက်နှင့် မညီဘူးဆိုပြီး စစ်ကော်မရှင်အဖွဲ့က ဖမ်းဆီးခဲ့ပြီး ဆိုင်ကယ်တစ်စီး ကျပ် နှစ်သောင်း၊ ကားတစ်စီး ငါးသောင်းနှုန်းဖြင့် လက်ငင်း ဒဏ်ငွေ ရိုက်ခဲ့ကြောင်း အထက်ပါ ဒေသခံက ဆက်ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks