Monday, March 16, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ် ကလော့ရွာအခြေစိုက် အမတ ၃၁၆ တပ်ရင်း စစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့မှ ဝင်ရောက်တိုက်ခိုက်

    ရေးမြို့နယ် ကလော့ရွာအခြေစိုက် အမတ ၃၁၆ တပ်ရင်း စစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့မှ ဝင်ရောက်တိုက်ခိုက်

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ကလော့ကျေးရွာ အခြေစိုက် အမတ-၃၁၆ တပ်ရင်းရှေ့ရှိ စစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့မှ ယမန်နေ့ မတ်လ ၁၅ ရက်နေ့ မနက်ပိုင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကော်မရှင်ဘက်မှ ၃ ဦးသေဆုံးခဲ့သည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က IMNA သို့ ပြောသည်။

    ကလော့ကျေးရွာအခြေစိုက် အမတ-၃၁၆ တပ်ရင်းမှ တပ်သားအပြင် ပျုစောထီးအဖွဲ့တို့ပူးပေါင်းပြီး အင်းအား ၃၀ ဝန်းကျင်ရှိသည့် အဆိုပါငွေကြေးကောက်ခံစစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့တပ်သားများ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နာရီဝက်ခန့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

    တိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်တပ်ဘက်မှ  ၃ ဦး သေဆုံးပြီး ပျူစောထီးခေါင်းဆောင်လင်းဦး၏ သားဆိုသူလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရေးဘီးလူအဖွဲ့ခေါင်းဆောင်က ဆိုသည်။

    “ ကျနော်တို့အဖွဲ့ကနေ ကြားဖြတ်တိုက်တာပေါ့နော် သူတို့အင်အားကတော့ ၃၀ လောက်ရှိတယ် ဂိတ်ရဲ့အပြင်မှာရှိတဲ့လူတွေကတော့ ရှင်းနိုင်ခဲ့တယ် အထဲမှာရှိတဲ့သူတွေကတော့မရှင်းနိုင်ခဲ့ဘူးပေါ့နော် သူတို့ဘက်က ခုခံဖို့ အဆင်သင့်ဖြစ်နေတော့ သူတို့လက်နက်တွေကိုလဲ သိမ်းဆည်းဖို့ အခွင့်အရေးမရခဲ့ဘူး ” ဟု  ပြောသည်။

    အဆိုပါပစ်ခတ်မှုတွင် ရေးဘီလူးအဖွဲ့မှ ထိခိုက်မှုမရှိ အောင်မြင်စွာ ဆုတ်ခွာလာနိုင်ပြီး စစ်ကော်မရှင်ဘက်မှ လက်နက်ကြီး ၃ ကြိမ်‌ ပြန်လည်ပစ်ခတ်မှု လုပ်ဆောင်ခဲ့သည်။

    နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကော်မရှင်ဘက်မှ လမ်းပိုင်းစစ်ဆေးမှု လုပ်ဆောင်ခဲ့ပြီး လမ်းသွားလမ်းလာ ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီးထားသည်ဟုလည်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

    “ ကျနော်တို့ဘက်ကတော့ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ် ရန်သူဘက်ကတော့ လက်နက်ကြီး သုံးကြိမ်းလောက်ပစ်တယ် စစ်ဆေးမှုတွေ လုပ်တယ် ဒေသခံအယောက် ၂၀ ခန့်က သူတို့ မင်္သကာလို့ ဖမ်းလိုက်တာရှိတယ် အခုထိ ပြန်မလွတ်သေးဘူး လူကြီးရောလူငယ်အကုန်ပဲ ” ဟု‌ ရေးဘီလူအဖွဲ့ခေါင်းဆောင်က ဆက်ပြောသည်။

    ပြီခဲ့သည့် မတ်လ ၉ရက်နေ့ကလည်း ရေးမြို့နယ်မြောက်ပိုင်းရှိ အောင်သာယာရွာဟောင်းတွင် စစ်ကော်မရှင်စစ်ကြောင်းနှင့် တော်လှန်ရေးပူး‌ပေါင်းတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲ သုံးကြိမ်အထိ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ၃ ဦး ကျဆုံးခဲ့သည်။

    ‌ရွေးကောက်ပွဲပြုလုပ်ပြီးနောက် ဖေဖော်ဝါရီလဆန်းအတွင်း အမှတ် ၈ ပြည်ထောင်စု လမ်းမကြီးကို ထိန်းချုပ်နိုင်ရန် ရေးမြို့နယ်မြောက်ပိုင်းနှင့် ရေး-သံဖြူဇရပ် နယ်စပ်ကြားတွင် စစ်ကော်မရှင်အဖွဲ့မှ စစ်ကြောင်းထိုးဝင်ရောက်ခြင်း စစ်ဆေးရေးဂိတ် တိုးမြှင့်ဖွင့်လှစ်ခြင်းများ လုပ်ဆောင်နေပြီး တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်များနှင့် မကြာခဏ ထိတွေ့ တိုက်ပွဲဖြစ်ပွားနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks