Monday, March 16, 2026
More
    spot_img
    Homeသတင်းမွန်ညီညွတ်ရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ စစ်ကော်မရှင်၏ လွှတ်တော်အစည်းအဝေး ပထမရက်သို့ တက်ရောက်နေသည့်မြင်ကွင်း

    မွန်ညီညွတ်ရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ စစ်ကော်မရှင်၏ လွှတ်တော်အစည်းအဝေး ပထမရက်သို့ တက်ရောက်နေသည့်မြင်ကွင်း

    -

    စစ်ကော်မရှင်၏ ပြည်သူ့လွှတ်တော် အစည်းအဝေး ပထမရက်ကို ယနေ့မတ်လ ၁၆ ရက်နေ့တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံးဝင်း၌ စတင်ပြုလုပ်ခဲ့ပြီး မွန်ညီညွတ်ရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိထားသည့် မွန်ညီညွတ်ရေးပါတီမှ မင်းစိုးသူ၊ ဦးဗိုလ်ဝင်း၊ မင်းဝဏ္ဏကြီး၊ ဦးသန်းရွှေနှင့် ဒေါ်မြင့်သန်းတို့ ပါဝင်တက်ရောက်ခဲ့ခြင်းဖြစ်သည်။

    မွန်ညီညွတ်ရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၅ ဦးအပါအဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ဖေဖော်ဝါရီ ၈ ရက်နေ့က နေပြည်တော်သို့ရောက်ရှိလာပြီး စစ်ကော်မရှင်၏ မြန်မာ့မျက်နှာစာသစ် ဖိုရမ်သို့လည်း တက်ရောက်ခဲ့သေးသည်။

    လွှတ်တော်မစတင်မီ ရက်ပိုင်းကလည်း မွန်ညီညွတ်ရေးပါတီမှ လွှတ်တော်အကြိုအစည်းအဝေးများပြုလုပ်ခဲ့သေးသည်ဟု ပါတီနှင့်နီးစပ်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

    ယနေ့ စစ်ကော်မရှင်၏ ပြည်သူ့လွှတ်တော်အစည်းအဝေး ပထမရက်တွင် ပြည်သူ့လွှတ်တော်ဥက္ကဌနေရာအဖြစ် စစ်တပ်ပါတီဥက္ကဌ ဦးခင်ရီ ရွေးကောက်တင်မြှောက်ထားပြီး ဒုလွှတ်တော်ဥက္ကဌနေရာကို လက်ရှိပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုံးအား တင်မြှောက်ထားသည်။

    ၎င်းအပြင် လွှတ်တော်ကိုယ်စားလှယ်များ ကတိသစ္စာပြုခြင်းနှင့် ကတိပြုလွှာအပေါ်လက်မှတ်ထိုးခြင်းအစီအစဉ်များလုပ်ဆောင်ခဲ့ပြီး လွှတ်တော်အစည်းအဝေးပထမရက်ကို ၁၁ နာရီခွဲဝန်းကျင်တွင် ရပ်နားခဲ့သည်။

    ယနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကိုယ်စားလှယ်နေရာ ၄၄၀ အနက်တိုက်ရိုက်ရွေးကောက်တင်မြှောက်ထားသည့် ၂၆၃ နေရာမှ ကိုယ်စားလှယ်များနှင့် ကျန် ၁၁၀ နေရာတွင် စစ်ယူနီဖောင်ဝတ်ဆင်ထားသည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

    ပုံ-popular New

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks