Wednesday, March 11, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ ၁၀၅၄၂ ဦး ရှိ

    မွန်ပြည်နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ ၁၀၅၄၂ ဦး ရှိ

    -

    မွန်ပြည်နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့တွင် ဖြေဆိုသူ ၁၀၅၄၂ ဦး ရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးနှင့် နီးစပ်သူတို့ထံမှ သိရသည်။  

    ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ ၁၀၅၄၂ ဦးတွင် ကျိုက်ထိုမြို့နယ်မှ ၉၆၅ ဦး၊ ဘီးလင်းမြို့နယ်မှ ၇၀၁ ဦး၊ သထုံမြို့နယ်မှ ၈၅၉ ဦး၊ ပေါင်မြို့နယ်မှ ၇၇၄  ဦး၊ မော်လမြိုင်မြို့နယ်မှ ၂၉၇၄ ဦး၊ ချောင်းဆုံမြို့နယ်မှ ၆၇၇ ဦး၊ ကျိုက်မရောမြို့နယ်မှ ၃၂၂ ဦး၊ မုဒုံမြို့နယ်မှ ၁၅၀၁ ဦး၊ သံဖြူဇရပ်မြို့နယ်မှ ၁၁၄၂ ဦး၊ ရေးမြို့နယ်မှ ၆၂၇ ဦး ရှိသည်။

    ယနေ့ မတ်လ ၁၁ ရက်နေ့တွင် စတင်ဖြေဆိုသည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် မွန်ပြည်နယ်အတွင်း စာစစ်ဌာန ၃၀ ခု ရှိသည်ဟုလည်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

    ပြည်နယ်ပညာရေးမှူးရုံးရှိ စာရင်းများအရ ယခုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုအရေအတွက်သည် ယမန်နှစ်နှင့် နှိုင်းယှဉ်လျှင် ဖြေဆိုတိုးလာသည်။

    ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ကျင်းပသွားမည်ဟု စစ်ကော်မရှင် လက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထာသည်။

    စစ်ကော်မရှင် ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် နိုင်ငံတဝန်း စာစစ်ဌာနပေါင်း ၈၉၀ ခုတွင် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား ကျောင်းသူ ၂၆၀၀၀၀ ကျော်ရှိသည်။  

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks