Tuesday, March 10, 2026
More
    spot_img
    Homeသတင်းတနင်္သာရီ တဖီလေးခိုရွာထဲ စစ်တပ် ဗုံးကြဲ ကလေး ၃ ဦးအပါ ၆ ဦး သေဆုံး

    တနင်္သာရီ တဖီလေးခိုရွာထဲ စစ်တပ် ဗုံးကြဲ ကလေး ၃ ဦးအပါ ၆ ဦး သေဆုံး

    -

    တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်၊ တဖီလေးခိုကျေးရွာတွင် စစ်ကော်မရှင်တပ် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး ၃ ဦးအပါ ၆ ဦး သေဆုံးကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ထံမှ သိရသည်။

    ယမန်နေ့ မတ်လ ၉ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်ခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် တဖီလေးခိုကျေးရွာထဲကို စစ်ကော်မရှင်တပ်က Jet Fighter ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့သည်။

    စစ်ကော်မရှင်တပ် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၁ နှစ်အရွယ် ယောင်္ကျားလေး ၂ ဦး၊ အသက် ၆ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦးနှင့် အသက် ၄၀ ဝန်းကျင် အမျိုးသား ၃ ဦး စုစုပေါင်း ၆ ဦး သေဆုံးသွားခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။

    ၎င်းပြင် အသက် ၁၃ နှစ်အရွယ် ယောင်္ကျားလေး ၃ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု KNU က ဆိုသည်။

    စစ်ကော်မရှင်တပ် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် တဖီလေးခိုကျေးရွာသည် ကရင်အမျိုးသားအစည်းအရုံး မြိတ်ထားဝယ်ခရိုင် အုပ်ချုပ်နယ်မြေအတွင်း တည်ရှိပြီး အများစုသည် ကရင်တိုင်းရင်းသားနေထိုင်သည်ဟု သိရသည်။

    ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့ကလည်း ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေ ညောင်လေးပင် (ခလယ်လွီထူ) ခရိုင်၊ ကျောင်ကြီး (လယ်ဒို) မြို့နယ်တွင် စစ်ကော်မရှင်တပ်ဘက်က ဒရုန်း၊ ဂျက်ဖိုက်တာတို့ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အပြစ်မဲ့အရပ်သား ပြည်သူ ၂၅ ဦးခန့် သေဆုံးပြီး ၅ ဦး ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။

    ဓါတ်ပုံ – စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးခဲ့ရသော အရပ်သားပြည်သူများ။ (ပုံခရက်တစ် – KNU)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks