Tuesday, March 10, 2026
More
    spot_img
    Homeသတင်းလုပ်ငန်းသုံးစက်သုံးဆီလိုအပ်ချက်အတွက် မှောင်ခိုဈေးကွက်သာ ပိုမိုလွယ်ကူကြောင်း တောင်သူများဆို

    လုပ်ငန်းသုံးစက်သုံးဆီလိုအပ်ချက်အတွက် မှောင်ခိုဈေးကွက်သာ ပိုမိုလွယ်ကူကြောင်း တောင်သူများဆို

    -

    မွန်ပြည်နယ်တွင် စက်သုံးဆီဝယ်ယူမှုကို ယာဉ်အမျိုးအစားအလိုက်ကန့်သတ်ထားပြီး လုပ်ငန်းသုံးစက်သုံးဆီအတွက် သက်ဆိုင်ရာအဖွဲ့၏ ထောက်ခံစာပါရှိမှ ရောင်းချပေးမည်ဖြစ်သဖြင့်  မှောင်ခိုစက်သုံးဆီဈေးကွက်မှတစ်ဆင့် ဝယ်ယူခြင်း ပိုမိုလွယ်ကူကြောင်း တောင်သူအချို့က ဆိုသည်။

    တောင်သူများအနေဖြင့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှုး ထောက်ခံစာဖြင့် မြို့နယ်ရုံးမှ ဝယ်ယူခွင့်ထောက်ခံထုတ်ယူပြီးမှ ဝယ်ယူနိုင်သလို ထွန်စက်သမားများလည်း မြို့နယ်ရေနံဖြန့်ဖြူးရေးအဖွဲ့၏ ထောက်ခံစာပါရှိမှ စက်သုံးဆီဝယ်ယူခွင့်ရမည်ဖြစ်သည်ဟု  ပေါင်မြို့ခံတစ်ဦးကပြောသည်။

    ထိုသို့ဝယ်ယူရာတွင် လိုအပ်သည့် ပမာဏအတိုင်းမရရှိသည့်အပြင် ခရီးဝေးသွားရသဖြင့် မှောင်ခိုဈေးကွက်တွင်သာ ပိုမိုလွယ်ကူကြောင်း တောင်သူများနှင့်နီးစပ်သည့် ပေါင်ဒေသခံတစ်ဦးက ဆိုသည်။

    “ထောက်ခံစာယူပြီးရင် ဆီဆိုင်ကိုသွားရတယ် အစွန်အဖျား ရပ်ကွက်ဆို အဝေးကြီးလာရတယ်။ ဆီ ၅၀၀၀ ဖိုးနဲ့တင်ကုန်သွားကြတယ်၊ ထောက်ခံစာရပြီးရင်လည်း လိုအပ်သလောက် မရဘူး။ နောက်ပြီး ဈေးတင်ပြီးခိုးရောင်းတာပဲ။ ညဘက်ထုတ်တာပေါ့ ဆီဈေးက ၂၇၀၀ ကနေ အခု ၃၀၀၀ ကျော်အထိဖြစ်သွားတယ်။ မှောင်ခိုဆီဈေးပိုများမယ် ရာဇာမင်းက ဖွင့်ထားတဲ့ သဲဖြူကုန်းကျေးရွာဆိုင်ဆို အဆိုးဆုံးပဲ၊ အလွယ်ရတဲ့နေရာကနေ ဝယ်ကြရတယ်။ ” ဟု ပြောသည်။

    စက်သုံးဆီလုပ်ငန်းရှင်များအနေဖြင့် ဆီများကို မိမိတို့သဘောဖြင့် ရောင်းချပါက ရေနံထွက်ပစ္စည်းထိန်းသိမ်းကြီးကြပ်ရေးအဖွဲ့မှ အရေးယူသွားမည်ဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၏ ထောက်ခံစာပါရှိမှ ပုံး၊ ပေပါများဖြင့် ရောင်းချရန်ညွှန်ကြားထားသည်။

    ၎င်းအပြင် မွန်ပြည်နယ်စက်သုံးဆီအရောင်းဆိုင်များတွင် ဆိုင်ကယ်တစ်စီး ၅၀၀၀ ကျပ်၊ သုံးဘီး/အိုဝေတစ်စီးလျှင် ၁၀၀၀၀ ကျပ်၊ အိမ်စီးကားတစ်စီး ၄၀၀၀၀ ကျပ်၊ ခရီးသည် တင်ယာဉ်နှင့်ကုန်တင်ယာဉ်များ ၁၀၀၀၀၀ ကျပ်နှုန်းဖြင့် သတ်မှတ်ရောင်းချရန် အသိပေးထားသည်။

    သို့သော် စက်သုံးဆီမှောင်ခိုဈေးကွက်တွင် ဆီတစ်တာ ၆၀၀၀ ကျပ်ပေါက်ဈေးဖြင့် ညပိုင်းတွင် ဂါလံ၊ပေပါများဖြင့် လိုအပ်သလို ဝယ်ယူရရှိနေကြောင်းလည်း သိရသည်။

    “နေ့ဘက်ကတော့ပုံးနဲ့ပေပါနဲ့လုံးဝမရောင်းပေးဘူး၊ ညနေ၊ မိုးချုပ်ခါနီးတော့ရတယ်။ နားလည်မှုနဲ့ပေါ့ တစ်လီတာ ၆၀၀၀ လောက်ပေါ့ စလုပ်ရတဲ့အလုပ်က လိုက်ဝယ်ရတာပဲ ကျမတို့အိမ်ဆိုပတ်ရှာရတယ်ပဲလယ်ထဲသွားဖို့အတွက်က ရွာကဆိုင်ဆိုဈေးကြီးတယ်၊ ဆိုင်ကြီးကျတော့ ၂၉၅၀ ရနေတယ်၊ဆီဆိုင်ကတော့ စုံ၊ မ ဂဏန်းနဲ့ကြည့်ပြီးရောင်းတယ် ” ဟု ပြောသည်။

    ဓာတ်ဆီချွေတာသုံးစွဲရန် မွန်ပြည်နယ်အတွက် ပုံမှန်ဆီခွဲတမ်းစနစ်ထက် ၆၀ ရာခိုင်နှုန်းလျှော့ချထားသည့်အပြင် နေ့ဘက်တွင်လည်း သတ်မှတ်သည့်နှုန်းထား၊ ဈေးနှုန်းအတိုင်းရောင်းချခြင်းရှိမရှိကို လာရောက်စစ်ဆေးနေသည်ဟု ရေးမြို့နယ်မှ ဆီဆိုင်ပိုင်ရှင်များမှ သိရသည်။

    သို့သော် ဆီခွဲတမ်းအများဆုံးရရှိထားသည့် ဆိုင်ကြီးများမှ ဆီများကို မှောင်ခိုဈေးဖြင့် ပြည်လည်ရောင်းချမှုဆိုးဆိုးရွားရွားလုပ်ဆောင်နေပြီး ဆီဈေးကြောင့် သယ်ယူပို့ဆောင်စရိတ်အချို့ မြင့်တက်မှုရှိလာနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks