Thursday, March 12, 2026
More
    spot_img
    Homeသတင်းနယ်စပ်တစ်လျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် စစ်ကော်မရှင်တို့ တွေ့ဆုံဆွေးနွေးနိုင်ရေးကိစ္စတွင် ထိုင်းကူညီမည်ဟုဆို

    နယ်စပ်တစ်လျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် စစ်ကော်မရှင်တို့ တွေ့ဆုံဆွေးနွေးနိုင်ရေးကိစ္စတွင် ထိုင်းကူညီမည်ဟုဆို

    -

    ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပြန်လည်အသက်သွင်းမည့်ကိစ္စတွင် နယ်စပ်ဒေသတစ်လျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်ကော်မရှင်တို့ကြား ဆွေးနွေးညှိနှိုင်းနိုင်ရေး ကူညီရန်အသင့်ရှိနေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

    စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ပွန်ကတ်ကောင်းတို့ ထိုင်းနိုင်ငံ ဖူးခက်မြို့တွင် ယမန်နေ့ဖဖော်ဝါရီ ၁၈ ရက်နေ့ ညနေပိုင်းက အလွတ်သဘော တွေ့ဆုံခဲ့အပြီး နယ်စပ်ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

    ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်ရေး ကာလရှည်ကြာ မပြေလည်နေခြင်းကြောင့် နှစ်နိုင်ငံစလုံး၏ စီးပွားရေးနှင့် ဒေသခံလူထု၏ လူမှုစီးပွားဘဝများကို ထိခိုက်စေခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးမှ ပြောကြားခဲ့သည်။

    ထို့ကြောင့် ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်နိုင်ရန် ရင်ဆိုင်နေသည့် နယ်စပ်လုံခြုံရေးပြဿနာကို ဖြေရှင်းရန် နယ်စပ်ဒေသရှိ တိုင်းရင်းသားအဖွဲ့များနှင့် ဆက်သွယ်ညှိနှိုင်းရေး လမ်းကြောင်းများကို ကူညီဖန်တီးပေးမည်ဖြစ်ကြောင်း ဆိုသည်။

    “နယ်စပ်ကုန်သွယ်ရေးဟာ နှစ်ဖက်စလုံးအတွက် အရေးကြီးတဲ့ စီးပွားရေးအချက်အချာပါ။ ဒါကြောင့် ကုန်သွယ်ရေး ပြန်စနိုင်ဖို့ လိုအပ်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကို ကူညီပေးဖို့ ကျနော်တို့ ကမ်းလှမ်းထားပါတယ်” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ထိုင်းသတင်းမီဒီများကို ပြောကြားထားသည်။

    တွေ့ဆုံဆွေးနွေးမှုတွင် နှစ်ဖက်နိုင်ငံမှ နယ်စပ်ကုန်သွယ်ရေး အဓိကလမ်းကြောင်းဖြစ်သည့် မြဝတီ-မဲဆောက် နယ်စပ်ဂိတ်ကို ပြန်လည်အသက်သွင်းနိုင်ရေးကို အထူးအလေးထား ဆွေးနွေးခဲ့ကြပြီး ယင်းလမ်းကြောင်း ပြန်ဖွင့်နိုင်ပါက ဒေသခံ စီးပွားရေးလုပ်ငန်းများနှင့် ကုန်သွယ်သူများအတွက် အရေးပါသော အခွင့်အလမ်းများ ပြန်လည်ဖန်တီးပေးနိုင်မည်ဟု ဆိုသည်။

    ထိုင်းနိုင်ငံခြားရေးဝန်ကြီးက နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်နိုင်ရေးသည် စီးပွားရေးအကျိုးအမြတ်တစ်ခုသာ မဟုတ်ဘဲ နယ်စပ်ဒေသတည်ငြိမ်ရေး၊ အပြည်ပြည်ဆိုင်ရာ ပြစ်မှုများ လျှော့ချရေးနှင့် ဒေသခံလူထု၏ အသက်မွေးဝမ်းကျောင်း ပြန်လည်တည်ဆောက်ရေးတို့နှင့် တိုက်ရိုက် ဆက်နွယ်နေကြောင်းလည်း ထောက်ပြခဲ့သည်။

    ထို့အပြင် နယ်စပ်တစ်လျှောက် ဖြစ်ပွားနေသည့် အွန်လိုင်းလိမ်လည်မှုများ၊ မူးယစ်ဆေးဝါး သယ်ဆောင်မှုများကို ပူးပေါင်းတိုက်ဖျက်ရေး ဆောင်ရွက်မှုများကိုလည်း တိုးမြှင့်သွားရန် သဘောတူခဲ့ကြသည်။

    ထိုင်းနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ PTT အနေဖြင့် မြန်မာနိုင်ငံတွင် စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန် စိတ်ဝင်စားနေကြောင်း စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကိုလည်း ဆွေးနွေးခဲ့ကြသည်။

    ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးပြေလည်စေရန်ကူညီစေလိုသည့်အပြင်  မြန်မာနိုင်ငံတွင် စစ်အဏာသိမ်းအပြီး ၅ နှစ်နီးပါးကာလအကြာတွင် စစ်ကော်မရှင်ကို အရှေ့တောင်အရှနိုင်ငံများအသင်း(အာဆီယံ)ဆီသို့ ပြန်လည်ခေါ်ဆောင်ရန် မျှော်လင့်ထားကြောင့်  တွေ့ဆုံးဆွေးနွေးမှုတွင် ဆိုထားသည်။

    ကိုးကား- Thai PBS World and Bangkok Post

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks