spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းဘားအံတွင် ဖမ်းဆီးရမိသည့် ထိုင်းကုန်ပစ္စည်းများကို အုပ်ချူပ်ရေးမှူးအဖွဲ့များက ပြန်လည်ရောင်းချ

    ဘားအံတွင် ဖမ်းဆီးရမိသည့် ထိုင်းကုန်ပစ္စည်းများကို အုပ်ချူပ်ရေးမှူးအဖွဲ့များက ပြန်လည်ရောင်းချ

    -

    ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ဖမ်းဆီးရမိသည့် ထိုင်းကုန်ပစ္စည်းများကို အုပ်ချူပ်ရေးမှူးအဖွဲ့များ နီးစပ်ရာဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုများထံသို့ ဈေးနှုန်းသက်သက်သာသာဖြင့် ပြန်လည်ရောင်းချနေကြောင်း ဒေသခံထံမှ သိရသည်။

    ဖေဖော်ဝါရီလဆန်းပိုင်းမှစပြီး ဘားအံမြို့နယ်တွင် ထိုင်းကုန်ပစ္စည်းနှင့် တရားမဝင်လိုင်စင်မဲ့ယာဉ်များကို စစ်ကော်မရှင်အပါအဝင် BGF၊ KNLA-PC အဖွဲ့များက ဘားအံမြို့နယ်အဝင်အထွက်လမ်းပိုင်းများအပြင် နေအိမ်အထိ လိုက်လံဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့သည်။

    အဆိုပါဖမ်းဆီးရမိထားသည့် ထိုင်းကုန်ပစ္စည်းများကို စစ်ကော်မရှင်လက်အဖွဲ့များက ကျေးရွာအုပ်ချူပ်ရေးမှူးများထံ ရောင်းချခဲ့ပြီး ကျေးရွာအုပ်ချူပ်ရေးမှူးမှတစ်ဆင့် နီးစပ်ရာ ဌာနဆိုင်ရာအစိုးရဝန်ထမ်းနှင့် ပြည်သူလူထုများကို ဈေးတစ်ဝက်နှုန်းဖြင့် ပြန်လည်ရောင်းချပေးနေကြောင်း ဘားအံဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

    ပုံ- Telegram (SAC)

    “ထိုင်းကုန်ပစ္စည်းတွေကို သူတို့(စစ်တပ်၊BFG၊ KNLA-PC) ဂိတ်မှာ ဖမ်းဆီးရမိရင် အရင်ဦးဆုံး သူတို့တပ်ရင်းမှာပဲ အရင်သိမ်းထားလိုက်တယ်။ ပြီးရင် သူတို့တပ်ရင်းမှာ သုံးမကုန်တဲ့ဟာတွေကို ကျေးရွာအုပ်ချူပ်ရေးမှူးတွေကို ပြန်ရောင်းတယ်။ ရောင်းပေးတာကလည်း အလကားပေးသလိုမျိုးပဲ။ စားသုံးဆီဆို တစ်ယောက်ကို ၃ ပုံးပဲ ရောင်းပေးတယ်။ ပြီးတော့ အဲအစိုးရဝန်ထမ်းတွေက သာမန်အရပ်သားတွေကို ပြန်ရောင်းပေးပြန်တယ်” ဒေသခံက ဆိုသည်။

    ဘားအံမြို့အဝင်လမ်းဖြစ်သည့် နောင်လုံစစ်ဆေးရေးဂိတ်တွင် ထိုင်းအလှကုန်ပစ္စည်း၊ ဆေးဝါး၊ စားသောက်ကုန်ပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးကို ဖမ်းဆီးစစ်ဆေးမှု တင်းကြပ်ထားပြီး ဖမ်းဆီးခံရသူများ ငွေကြေးဖြင့် ပြန်လည်ရွေးခွင့်မပြုနေကြောင်းလည်း ယာဉ်မောင်းမျာက ပြောသည်။

    ကုန်တင်ယာဉ်များသည် ထိုင်း-မြန်မာနယ်စပ် မြဝတီမှ ဘားအံမြို့နယ်အထိကို တောလမ်းကိုသာ အဓိကအသုံးပြုတင်သွင်းသော်လည်း စစ်ကော်မရှင်ထံ ဖမ်းဆီးခံနေရဆဲဖြစ်သည်။

    အလားတူ အဘစ်စစ်ဆေးရေးဂိတ်၌လည်း တစ်နိုင်တစ်ပိုင် အိမ်သုံးထိုင်းကုန်စည်သယ်ယူခွင့်အတွက် ကားတစ်စီး ၅ သိန်းခန့်ပေးဆောင်ရသည်ဟု ထိုင်းမြန်မာဝန်ဆောင်မှုပေးနေသည့်ကားသမားတစ်ဦးကပြောသည်။

    “သူတို့ပိုက်ဆံရှာယုံပါပဲ တစ်လကျော်လောက်ပဲ အစက တစ်စီးဆို ၂ သိန်းခွဲလောက် သူတို့ပြောတာတော့ တာဝန်ရှိသူ အပြောင်းအလဲလို့ပဲပြောတယ်၊ အခု ကားတစ်စီးစာဆို ၅ သိန်းကျော်ကျော်ပေးရတယ်၊ ထိုင်းကလာတဲ့ မားမားခေါက်ဆွဲဗူးတွေ့ရင် ၅ သောင်းဒဏ်ခတ်တယ်၊ ကိုယ်ကလည်း မဖြစ်မနေ ဖြတ်ရတယ်ဆိုတော့ ၊ အခြေအနေအရပဲ ” ဟုပြောသည်။

    ငွေကြေးပေးဆောင်ထားသော်လည်း အဖွဲ့စုံ စစ်ဆေးရေးနှင့် တွေ့ဆုံပါက ကုန်ပစ္စည်းသိမ်းဆည်းခံရခြင်း ငွေကြေးထပ်မံတောင်းခံခြင်းနှင့်လည်း ရင်ဆိုင်နေရကြောင်းဆိုသည်။

    မွန်နှင့်ကရင်ပြည်နယ်ကို ဆက်သွယ်ထားသည့် ဘားအံ စစ်ဆေးရေးဂိတ်၊ စံပယ်ဂူစစ်ဆေးရေးဂိတ်နှင့် အဘစ်စစ်ဆေးရေးဂိတ်တို့တွင် လိုင်စင်မဲ့ကုန်စည်များ ဖမ်းဆီးရေးအကြောင်းပြချက်ဖြင့် ယခုရက်ပိုင်း ထိုင်းကုန်စည်တင်သွင်းခြင်းကို ဖမ်းဆီစစ်ဆေးရေး တဖန်ပြန်လည် တင်းကြပ်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks