Thursday, March 12, 2026
More
    spot_img
    Homeသတင်းခမရ ၅၉၁ တပ်ရင်းက ထွက်ပြေးလာသည့် စစ်မှုထမ်း တပ်သားတစ်ဦးကို ရေးဘီလူးအဖွဲ့ ဖမ်းဆီးရမိ

    ခမရ ၅၉၁ တပ်ရင်းက ထွက်ပြေးလာသည့် စစ်မှုထမ်း တပ်သားတစ်ဦးကို ရေးဘီလူးအဖွဲ့ ဖမ်းဆီးရမိ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် စစ်ကော်မရှင် ခမရ ၅၉၁ တပ်ရင်းက ထွက်ပြေးလာသည့် စစ်မှုထမ်းဆင်း တပ်သားတစ်ဦးကို ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ရေးဘီလူးအဖွဲ့က ယမန်နေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ဖမ်းဆီးရမိခဲ့သည်ဟု ရေးဘီလူးအဖွဲ့ထံမှ သိရသည်။

    ရေးဘီလူးအဖွဲ့က ဖမ်းဆီးရမိခဲ့သည့် ထိုစစ်မှုထမ်းဆင်း တပ်သားသည် မြိတ်မြို့ရှိ ကားဝပ်ရှော့တစ်ခုတွင် အလုပ်လုပ်နေစဉ် စစ်ကော်မရှင်တပ်က ဖမ်းဆီးခဲ့ပြီး စစ်မှုထမ်းရန်အတွက် စစ်သင်တန်းကျောင်းသို့ ပို့ဆောင်ခဲ့ကြောင်း ထွက်ဆိုထားသည်။

    ဓာတ်ပုံ - နိုဝင်ဘာလတွင ခမရ ၅၈၆ တပ်ရင်းက ထွက်ပြေးလာသည့် တပ်သား ၃ ဦး ရေးဘီလူးအဖွဲ့ ဖမ်းဆီးရမိစဉ် (ပုံခရက်တစ် - ရေးဘီလူးအဖွဲ့)

    စစ်သင်တန်းကျောင်းတွင် တစ်လခွဲခန့် သင်တန်းတက်ရောက်ခဲ့ရပြီးနောက် ခမရ ၅၉၁ တပ်ရင်းသို့ ပို့ဆောင်ခံခဲ့ရကြောင်း ထိုနောက် အမြှောက်တပ်နှင့် ရန်ကုန်သို့ ပို့ဆောင်ခံခဲ့ရသေးကြောင်း နောက်ဆုံးတွင် ခမရ ၅၉၁ တပ်ရင်းသို့ ပြန်လာရောက်ရှိလာသည်ဟု ဆိုသည်။

    ခမရ ၅၉၁ တပ်ရင်းသို့ ပြန်ရောက်ပြီး တစ်လခန့်အကြာတွင် ထွက်ပြေးလာခြင်းဖြစ်သည်။

    ထိုထွက်ပြေးလာသည့် တပ်သားကို ရေးဘီလူးအဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး လိုအပ်သည့် စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

    “သူက ဘယ်အဖွဲ့အစည်းနဲ့မှ မချိတ်ပဲ သူ့ဘာသူ ထွက်ပြေးလာတယ်။ ထွက်ပြေးလာရင်းနဲ့ ကျနော်တို့နယ်မြေထဲရောက်လာလို့ ကျနော်တို့ ဖမ်းဆီးခဲ့တယ်။ သူ့ကို စိစစ်မှုတွေ လုပ်ပြီး ထိုက်သင့်သလို လုပ်ဆောင်သွားမယ်” “သူက ဘယ်အဖွဲ့အစည်းနဲ့မှ မချိတ်ပဲ သူ့ဘာသူ ထွက်ပြေးလာတယ်။ ထွက်ပြေးလာရင်းနဲ့ ကျနော်တို့နယ်မြေထဲရောက်လာလို့ ကျနော်တို့ ဖမ်းဆီးခဲ့တယ်။ သူ့ကို စိစစ်မှုတွေ လုပ်ပြီး ထိုက်သင့်သလို လုပ်ဆောင်သွားမယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

    ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း ရေးမြို့အခြေစိုက် ခမရ ၅၈၆ တပ်ရင်းမှ တပ်သား ၃ ဦး ရေးဘီလူးအဖွဲ့ စစ်မျက်နှာဖွင့်ထားသည့် ရှေ့တန်းနယ်နမိတ်ထဲ ထွက်ပြေးလာသည့်အတွက် ရေးဘီလူးအဖွဲ့က ဖမ်းဆီးရမိခဲ့သေးသည်။

    ရေးမြို့နယ်အခြေစိုက် စစ်ကော်မရှင် အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ခမရ ၅၈၆၊ ခမရ ၅၉၁ အစရှိသည့် တပ်ရင်း၊ တပ်စခန်းများမှ တပ်သားများ မကြာခဏထွက်ပြေးနေသလို ရေးဘီလူးအဖွဲ့နှင့် ချိတ်ဆက်ပြီး အလင်းဝင်လာသည့် တပ်သားများလည်း ရှိနေသည်။

    စုဆောင်းထားသည့်အချက်အလက်များအရ ထွက်ပြေးလာရင်း ရေးဘီးလူအဖွဲ့က ဖမ်းဆီးရမိသည့် တပ်သားများနှင့် အလင်းဝင်လာသည့် တပ်သား စုစုပေါင်း အယောက် ၃၀ ထက်မနည်း ရှိနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks