spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းဒူးယား-အဘော်လမ်းပိုင်းကို စစ်ကော်မရှင် ပိတ်ဆို့ရှာဖွေမှုများ လုပ်ဆောင်

    ဒူးယား-အဘော်လမ်းပိုင်းကို စစ်ကော်မရှင် ပိတ်ဆို့ရှာဖွေမှုများ လုပ်ဆောင်

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဖာလိန်ဒေသအတွင်းရှိ ဒူးယား-အဘော်လမ်းပိုင်းကို ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကော်မရှင်အဖွဲ့မှ ပိတ်ဆို့ရှာဖွေမှုများ လုပ်ဆောင်နေသည်ဟု ရေးဒသခံများက ပြောသည်။

    စစ်ယာဉ်နှစ်စီးစာအင်အားဖြင့် ယနေ့ နံနက် ၉ နာရီဝန်းကျင်အချိန်ခန့်မှစ၍ စစ်ကော်မရှင်တပ်တို့ ဒူးယား-အဘော်လမ်းပိုင်းတစ်လျှောက် နေရာယူထားပြီး ဒေသခံများကို ဖြတ်သန်း သွားလာခွင့်မပြုဘဲ ပိတ်ဆို့ထားခြင်း ဖြစ်သည်။

    အဆိုပါပိတ်ဆို့ထားသည့် လမ်းပိုင်းဘက်မှ ယနေ့ နေ့လည် ၁ နာရီဝန်းကျင်တွင်  ပစ်ခတ်သံများကြားရသည်ဟု ဒေသခံများကဆိုပြီး မည်သို့ ပစ်ခတ်မှုဖြစ်သည်ကို လွတ်လပ်သောမွန်သတင်းအေဂျင်စီအနေဖြင့် ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

    ယမန်နေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ နံနက်ပိုင်းက အဘော်ကျေးရွာအဝင်ဝ ဖုန်းတာဝါတိုင်အနီးရှိ  စစ်ကော်မရှင်လုံခြုံရေးဂိတ်တစ်ခုကို တော်လှန်‌ရေးပူးပေါင်းတပ်တို့က  ဝင်ရောက်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သဖြင့် ပိတ်ဆို့ရှာဖွေမှုများ လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း ရေးဒေသခံတစ်ဦးက ဆိုသည်။

    “မနေ့က အပြင်အဖွဲ့တွေက သူတို့ဂိတ်ကို ခိုးပစ်လို့ သူတို့မကျေနပ်တာ၊ အဲ့ကြောင့် မနေ့ကလည်း လမ်းခဏပိတ်လိုက်သေးတယ်။ ဒီနေ့မှာလည်း အဲ့ဒူးယား-အဘော်ကြားက လယ်တွေမှာ သူတို့တွေချည်းပဲ။ ဟိုအဖွဲ့ကို လိုက်ရှာနေတာ”ဟု ပြောသည်။

    လမ်းပိုင်းပိတ်ဆို့မှု လုပ်ဆောင်နေစဉ်  အင်အားဖြည့်ရန် ရေးမြို့ပေါ်မှ  စစ်ယာဉ်များ ထပ်မံဆင်းသွားကြောင်းလည်း မျက်မြင်တွေ့သူများက ဆိုသည်။

    ပစ်ခတ်ခံရသည့် ဖုန်းတာဝါတိုင်အနီးရှိ စစ်ကော်မရှင်လုံခြုံရေးဂိတ်သည် ယခုရက်ပိုင်းအတွင်းသာ ဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်တစ်ခုဖြစ်ကြောင်းလည်း ဒေသခံများထံမှ သိရသည်။

    ယနေ့မွန်းလွဲပိုငးတွင် စစ်ကော်မရှင်တပ်တို့က  ပြန်လည်ဖြတ်သန်းခွင့်ပြုပြီးဖြစ်သော်လည်း ဒေသခံတို့က အသွားအလာမလုပ်ရဲကြောင်းလည်း အထက်ပါဒေသခံက ဆက်ပြောသည်။

    “ကျွန်မတို့သွားတုန်းက အဲ့နားရောက်ခါနီး ပြန်လာရတယ်။ လူကြီးတစ်ယောက်က သွားလို့မရဘူး။ စကမတွေ လမ်းပိတ်ထားတယ်။ အဲ့နားဖြတ်လို့မရဘူးပြောလို့ ပြန်လှည့်လာရတယ်” ဟု ‌ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

     ရေးမြို့နယ်၊ ဖာလိန်ဒေသရှိဒူးယားကျေးရွာအပြင် အစင်ကျေးရွာဘက်သို့ ယခုရက်ပိုင်းအတွင်း စစ်ကော်မရှင် စစ်ကြောင်းများ ပြန်လည်ဝင်ရောက်လာနေသဖြင့် သတိကြီးစွာနေထိုင်နေရကြောင်းလည်း ဒေသခံများက ပြောသည်။

    ၎င်းအပြင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်လှုပ်ရှားနေသည့်သတင်းကြောင့် ရေးမြို့ရှိပေါ်ရှိ တပ်ရင်းများမှ အင်အားအလုံးအရင်းဖြင့် ဖာလိန်ဒေသအတွင်း ညပိုင်းလုံခြုံရေးတင်းကြပ်ထားကြောင်းလည်း စစ်ကော်မရှင်နှင့် နီးစပ်သူများထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks