spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းရေဖြူတွင် စစ်ဆေးမေးမြန်းရန် အုပ်ချုပ်ရေးမှုနေအိမ်သို့ ခေါ်ဆောင်ခံရသူအမျိုးသမီးတစ်ဦး ဒဏ်ရာများဖြင့်သေဆုံး

    ရေဖြူတွင် စစ်ဆေးမေးမြန်းရန် အုပ်ချုပ်ရေးမှုနေအိမ်သို့ ခေါ်ဆောင်ခံရသူအမျိုးသမီးတစ်ဦး ဒဏ်ရာများဖြင့်သေဆုံး

    -

    ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ သဲချောင်းကျေးရွာအုပ်စု၊ သဘွတ်ချောင်းရွာတွင် ရွှေနှင့်တန်ဖိုးကြီးပစ္စည်းများ ပျောက်ဆုံးသည့် ကိစ္စနှင့်ပတ်သတ်၍ စစ်ဆေးမေးမြန်းရန် အုပ်ချုပ်ရေးမှုးနေအိမ်သို့ ခေါ်ဆာင်ခံရသူအမျိုးသမီးတစ်ဦး ရိုက်နှက်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ရကြောင်း မိသားစုဝင်နှင့်နီစပ်သူများ၏ ပြောဆိုချက်အရ သိရသည်။

    သဘွတ်ချောင်းရွာ အုပ်ချုပ်ရေးမှုး၏ နေအိမ်တွင် ရွေနှင့်တန်ဖိုးကြီးပစ္စည်းများ ပျောက်ဆုံးသည့်ကိစ္စနှင့် ပါဝင်ပတ်သတ်နေသည်ဟုဆိုပြီး သဘွတ်ချောင်းရွာနေ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို စစ်ကော်မရှင်ခန့် ကျေးရွာအုပ်ချူပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့များက ဖေဖော်ဝါရီ ၁၂ ရက်နေ့က အုပ်ချုပ်ရေးမှုး နေအိမ်သို့ စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်သွားသည်။

    ထို့နောက် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် အဆိုပါအမျိုးသမီးသည် မိမိကိုယ်ကို အဆုံးစီရင်လိုက်သဖြင့် သေဆုံးသွားပြီးဖြစ်ကြောင်း အုပ်ချုပ်ရေးမှုးအဖွဲ့မှ သေဆုံးသူအမျိုးသမီး၏ အမျိုးသားဖြစ်သူထံ ဆက်သွယ်အကြောင်းကြားလာသည်ဟု ရေဖြူဒေသခံတစ်ဦးက ဆိုသည်။

    ပုံ- Naung Naung 

    “ အုပ်ချုပ်ရေးမှုးက ပျူခေါင်းဆောင်ပဲလေ။ သူ့အိမ်မှာ ပစ္စည်းပျောက်တဲ့ပုံစံနဲ့ အမျိုးသမီးကို သူခိုးလို့စွပ်စွဲပြီး ဖမ်းလိုက်တယ်။ အဲအမျိုးသမီးကလည်း သူ့ညီမိန်းမပဲ။ ရွှေဘယ်လောက်ကျပ်သားလဲ မသိဘူး။ သူ့အိမ်မှာ ခိုးခဲ့တယ်ဆိုပြီး စွပ်စွဲတယ်။ လာဖမ်းပြီးတော့ သူ့အိမ်မှာပဲ စစ်ဆေးတယ်၊ ရိုက်နှက်စစ်ဆေးတော့ လက်လွန်ပြီး ဆုံးသွားတာ။ သူက ဆွဲကြိုးချပြီး ဆုံးသွားတယ်လို့ ပြောတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

    သို့သော် သေဆုံးသူ အမျိုးသမီး၏ ရုပ်အလောင်းတွင် ဦးခေါင်းကွဲဒဏ်ရာ၊ မျက်ခုံးပေါက်ပြဲဒဏ်ရာ၊ လက်ဖဝါးနှင့် ကျောပြင် စုတ်ပြဲဒဏ်ရာများကို တွေ့ရှိရသည့်အတွက် အဆိုပါဒဏ်ရာများဖြင့် သေဆုံးခဲ့ရသည်မှာ ထင်ရှားကြောင်း ဒေသခံများက ပြောသည်။

    သေဆုံးမှုနဲ့ ပတ်သတ်၍  ကံပေါက်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက အုပ်ချုပ်ရေးမှုးနေအိမ်သို့ ရောက်ရှိလာပြီး ရုပ်အလောင်းကို ကံပေါက်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကာ ရင်ခွဲစစ်ဆေးမှုများလည်း လုပ်ဆောင်ခဲ့သည်။

    “ ကံပေါက်ကရဲစခန်းနဲ့ ရေတပ်အဖွဲ့က အလောင်းကို ကံပေါက်ဆေးရုံကို စစ်ဆေးဖို့ဆိုပြီး လာယူသွားတယ်။ မခိုင်ကို ဆွဲကြိုးချသေတဲ့ပုံစံဖြစ်အောင် လုပ်ဖို့ပဲ ထင်တယ်။ အုပ်ချုပ်ရေးမှုးဘက်က အမှားမပါအောင်လို့ ဆွဲကြိုးချသေဆုံးတယ်လို့ ရဲစခန်းကလူတွေလည်း ပြောတယ် ” ဟု အထက်ပါ ဒေသခံက ပြောသည်။

    ထို့ကြောင့် အုပ်ချုပ်ရေးမှုးနှင့်အတူ ၎င်း၏အဖွဲ့ဝင်များ အရေးယူခံရခြင်းမရှိသလို စုံစမ်းမှုများလည်း ဆက်လက်မလုပ်ဆောင်ကြတော့ကြောင်းလည်း သိရသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ မွန်လွှဲပိုင်းအချိန်က ရုပ်အလောင်းကို ကံပေါက်ဆေးရုံမှ သဘွတ်ချောင်းသုသာန်သို့ ပို့ဆောင်ပြီး မိသားစုဝင်နှင့် ရွာသူရွာသားများက မီးသဂြိုလ်ပေးခဲ့သည်။

    သေဆုံးသူအမျိုးသမီးသည် တစ်နယ်တစ်ကျေးမှ လာရောက်နေထိုင်သူဖြစ်သော်လည်း အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ပြီး ဒုစရိုက်မှုနှင့်ပတ်သတ်၍ ကျူးလွန်းဖူးခြင်းမရှိကြောင်းလည်း နီးစပ်သူဒေသခံများ ပြောသည်

    စစ်အာဏာသိမ်းကာလအတွင် မတရားသတ်ဖြတ်ခံရသူ အမျိုးသမီးများ သိသိသာသာတိုးပွားနေပြီး အဆိုပါ သတ်ဖြတ်မှုအတွင်း စစ်အုပ်စု၏ လုံခြုံရေးအဖွဲ့၊ တပ်သားများအပြင် ပျူစောထီးနှင့် ရပ်ကျေးအုပ်ရေးအဖွဲ့များ ပါဝင်နေကြောင်း ကုလသမဂ္ဂ အစီရင်ခံစာ ဖော်ပြချက်များအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks