spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းစစ်ကော်မရှင် ငြိမ်းချမ်းရေးအဖွဲ့နှင့် 7 EAO Alliance တွေ့ဆုံကြမည်

    စစ်ကော်မရှင် ငြိမ်းချမ်းရေးအဖွဲ့နှင့် 7 EAO Alliance တွေ့ဆုံကြမည်

    -

    စစ်ကော်မရှင်၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဖြစ်သော အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဆွေးနွေးရေးကော်မတီ(NSPNC) နှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည့် 7 EAO Alliance တို့ တွေ့ဆုံကြမည်ဟု သိရသည်။

    ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်မည့် ပြည်ထောင်စုနေ့ အခမ်းအနားအပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင် ၇ ဖွဲ့မှ ကိုယ်စားလှယ်များဖြင့် တွေ့ဆုံကြမည်ဖြစ်ကြောင်း 7 EAO Alliance ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး‌စောကျော်ညွန့်က ပြောသည်။

    ဓာတ်ပုံ – စစ်ကော်မရှင်၏ ငြိမ်းချမ်းရေးအဖွဲ့နှင့် အပစ်ရပ်အဖွဲ့များ တွေ့ဆုံဆွေးနွေးနေစဉ် (ပုံဟောင်း)

    “ဒီလိုမျိုး ခရီးသွားဟန်လွှဲပေါ့ဗျာ၊ မတွေ့နိုင်တာလည်း ကြာပြီဆိုတော့ ပြည်ထောင်စုနေ့ အခမ်းအနား သွားရင်းနဲ့ အလွတ်သဘောတွေ့ဆုံမှုတွေ ဘာတွေ NSPNC နဲ့ အဲဒီလိုမျိုးတွေ့ဖို့ ရှိတယ်လို့ ကြားသိရပါတယ်” ဟု ၎င်းက ပြောသည်။

    အပစ်ရပ် ၇ ဖွဲ့ နှင့် စစ်ကော်မရှင်တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ပြီး မိမိအနေဖြင့် အဆိုပါ တွေ့ဆုံပွဲကို မတက်ရောက်ခြင်းကြောင့် အသေးစိတ်ဆွေးနွေးမည့် အကြောင်းအရာကို မသိရှိထားကြောင်း ၎င်းက ဆက်ပြောသည်။

    စစ်ကော်မရှင်သည် အပစ်ရပ် လက်နက်ကိုင်အဖွဲ့အစည်း တစ်ဖွဲ့ချင်းစီကို ဖိတ်ကြားခြင်းဖြစ်ပြီး ၎င်းအဖွဲ့များမှာလည်း ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဟု သိရသည်။

    စစ်ကော်မရှင်က ဦးဆောင်ကျင်းပသည့် ရွေးကောက်ပွဲအလွန် ထွက်ပေါ်လာသည့် အစိုးရအနေဖြင့်လည်း လက်ရှိ လက်နက်ကိုင်ပဋိပက္ခကို ဖြေရှင်းနိုင်ရန် စိန်ခေါ်မှုများ ရှိနေကြောင်း၊ ထို့ကြောင့် မိမိတို့အစုအဖွဲ့အနေဖြင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် လမ်းစရှိနေကြောင်း ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။

    “လက်ရှိအခြေအနေထက် ကျနော်တို့ သက်တောင့်သက်သာဖြစ်စေနိုင်မယ့် ခုနားက ငြိမ်းချမ်းရေး ဆွေးနွေးပွဲလို့ မပြောနိုင်သည့်တိုင်အောင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် လမ်းစရှာတဲ့ အဆင့်လား ဒါမှမဟုတ် Entry Point အဖြစ် ကြိုးပမ်း ဆောင်ရွက်တဲ့ အဆင့်လား၊ အဲ့လောက်ထိ လုပ်နိုင်မယ်ဆိုရင်ကပဲ လက်ရှိ ကြုံတွေ့နေရတာထက် စာရင်တော့ ကျွန်တော်တို့ အားလုံးအတွက် တစ်စုံတစ်ရာ အကျိုး ဖြစ်ထွန်းနိုင်မယ်လို့တော့ မျှော်လင့်မိပါတယ် ခင်ဗျ” ဟု ၎င်းက ပြောသည်။

    7 EAO Alliance အဖွဲ့ကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)တို့ဖြင့် ဖွဲ့စည်းထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks