ကရင်အမျိုးသားအစည်းအရုံး KNU၊ မြိတ်ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် စစ်ကော်မရှင်တပ်ဘက်က ၉ ဦးသေဆုံးပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့က သရက်ချောင်းမြို့မှတစ်ဆင့် ဝင်းဝတပ်စခန်းသို့ တပ်အင်အားဖြည့်ရန် စစ်ကြောင်းထိုးလာသော စစ်ကော်မရှင်တပ် ခမရ-၄၀၃၊ ခမရ-၄၀၄၊ ခမရ-၄၀၅ ပူးပေါင်းစစ်ကြောင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်ရင်း(၁၂)၊ တပ်မဟာ(၆) တပ်ရင်း(၂၇) တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၉ ဦးသေဆုံးခဲ့ရပြီး KNLA ပူးပေါင်းစစ်ကြောင်းဘက် MA-၁ (၂) လက်၊ MA-3 (၅) လက်နှင့် လက်နက်ခဲယမ်းအချို့သိမ်းဆည်း ရရှိခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။


ဓါတ်ပုံ – တိုက်ပွဲတွင် သေဆုံးသည့် စစ်တပ်ရုပ်အလောင်းနှင့် KNLA ပူးပေါင်းတပ်က သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ။
ပုံခရက်တစ် – KNU


