spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းKNU နယ်မြေတွင် စစ်တပ်လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူ ၂ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ

    KNU နယ်မြေတွင် စစ်တပ်လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူ ၂ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ

    -

    ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ လယ်ဒိုမြို့နယ်နှင့် ဆောတိမြို့နယ်တို့တွင် စစ်ကော်မရှင်တပ်မှ ဒရုန်း၊ လေယာဉ်တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် မိုင်းထောင်ထားခြင်းတို့ကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၁ ဦး သေဆုံးကာ၊ ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

    ဆောထိမြို့နယ်အတွင်း၌ ဖေဖော်ဝါရီလ ၇ ရက်နေ့က စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာ ၂ စီးဖြင့် ပျဉ်ရေကျေးရွာအတွင်းနှင့် လယ်ကွင်းအနီးအနာသို့ ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် ၂၂ နှစ်အရွယ် မင်းကိုနိုင် ထိခိုက်သေဆုံးသွားခဲ့သည်။

    ၎င်းပြင် အသက် ၃၀ အရွယ် နေလင်းဦး၊ အသက် ၄၅ နှစ်အရွယ် ထွန်းထွန်းဦးနှင့် အသက် ၄၆ နှစ်အရွယ် ဦးဆန်းလွင်တို့ ၃ ဦးလည်း ထိခိုက်ဒဏ်ရာရှိခဲ့သည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း မူးမြို့နယ်အတွင်း စစ်ကော်မရှင်တပ် ခမရ-၃၀၇ တပ်ရင်းမှ သစ်ဖြူဆိပ်ရွာထဲ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၄၈ နှစ်အရွယ် ဦးဇော်ကြီးဆိုသူကို ထိမှန်ပြီး သေဆုံးသွားခဲ့သည်။

    စစ်တပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် တစ်လသား အရွယ်ကလေးငယ်နှင့် အသက် ၄၀ အရွယ် ဒေါ်သီတာဝင်း၊ အသက် ၁၆ နှစ်အရွယ် မပုတိုမတို့ ၃ ဦးလည်း ထိခိုက်ဒဏ်ရာရှိခဲ့သည်။

    ဖေဖော်ဝါရီလ ၅ ရက်နေ့ကလည်း ကွီးဒိုခေါ်တွင် နေထိုင်သည့် အမျိုးသားတစ်ဦး စစ်ကော်မရှင်တပ် ထောင်ထားသည့် မြေမြုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရှိခဲ့သေးသည်။

    စစ်ကော်မရှင်တပ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်း၊ စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် မူးမြို့နယ်၊ လယ်ဒိုမြို့နယ်နှင့် ဆောတိမြို့နယ်တို့အတွင်းက ပြည်သူနေအိမ် ၆ လုံးထက်မနည်းနှင့် ဓမ္မာရုံး ၁ လုံး ထိခိုက်ပျက်စီးခဲ့ရသည်။

    ဓါတ်ပုံ – စစ်တပ် အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီး သေဆုံးရမှုများ။ (ပုံခရက်တစ် – ကေအဲန်ယူ)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks