spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းဖလူးနှင့် မင်းလက်ပံဒေသသို့ စစ်ကော်မရှင်မှ ဖျက်အာပြင်း လက်နက်ပေါင်းစုံဖြင့် ပစ်ခတ်တိုက်ခိုက်

    ဖလူးနှင့် မင်းလက်ပံဒေသသို့ စစ်ကော်မရှင်မှ ဖျက်အာပြင်း လက်နက်ပေါင်းစုံဖြင့် ပစ်ခတ်တိုက်ခိုက်

    -

    ထိုင်း- မြန်မာနယ်စပ်၊ မြဝတီမြို့အနီးရှိ ဖလူးနှင့် မင်းလက်ပံကျေးရွာသို့ အင်အားဖြည့်တင်းထားသည့် စစ်ကော်မရှင်တပ်များသည် KNU ပူးပေါင်းတပ်ဖွဲ့များရှိရာသို့ ဦးတည်တိုက်ခိုက်လာသဖြင့် ဖေဖော်ဝါရီ ၈ ရက်နေ့မှစ၍ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

    ဘားအံနှင့် ကျုံဒိုးမြို့တပ်ရင်းများမှ စစ်လက်နက်ခဲယမ်းနှင့် စစ်အင်အားရာချီပါဝင်သည့် ယာဉ်တန်းများ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်နေ့က မြဝတီအခြေစိုက် ခလရ-၂၇၅ တပ်ရင်းသို့ အင်အားစုဆောင်းရောက်ရှိလာပြီးနောက် ဖလူး-ဝေါလေကားလမ်းပေါ်သို့ တက်လာခဲ့သည်။

    အဆိုပါယာဉ်တန်းများသည် ဖေဖော်ဝါရီ ၈ ရက်နေ့က KNU နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ထိန်းချုပ်ထားသည့် ဖလူးနှင့် မင်းလက်ပံကျေးရွာဘက်ကို ဦးတည်လာစဉ်  မယ်ထော်သလေးနှင့် အင်ကြင်းမြိုင်ကျေးရွာ အနီးတစ်ဝိုက်နေရာများတွင် အသင့်စောင့်ဆိုင်းနေသည့် KNU ပူးပေါင်းတပ်ဖွဲ့များနှင့် ယနေ့အထိ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။

    မယ်ထော်သလေးနှင့် အင်ကြင်းမြိုင်ကျေးရွာမှတစ်ဆင့် ရှေ့သို့တက်နိုင်ခြင်း မရှိသေးဘဲ အထိနာနေသည့်အတွက် အနီးတစ်ဝိုက်ရှိ တပ်ရင်းများမှ ဖလူးနှင့် မင်းလက်ပံကျေးရွာဘက်သို့ ဖျက်အားပြင်း လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ကူပေးခြင်း၊ လေယာဉ်ဖြင့်လည်း ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေသည်ဟု မြဝတီဒေသအတွင်းရှိ PDF ရဲဘော်တစ်ဦးက ပြောသည်။

    ပုံ- U Lay Gyi(facebook) ဖေဖော်ဝါရီ ၈ ရက်နေ့ ပစ်ခတ်တိုက်ခိုက်မှုအခြေအနေ

    “မနေ့ မနက်စကပြီး အခုထိပါပဲ၊ လက်နက်ကြီးနဲ့ရော၊ လေယာဉ်နဲ့ရော ဆက်တိုက်ပစ်နေတယ်။ အဓိကကတော့ ကျနော်တို့ မဟာမိတ်တွေရှိနိုင်တယ်လို့ ထင်တဲ့နေရာတွေကိုပဲ ပစ်ခတ်တိုက်ခိုက်နေတာ။ ပျက်စီးမှုတွေကတော့ ရှိပါတယ်။ ဒေသခံတွေ ထိခိုက်မိတာတွေတော့ မရှိဘူးဗျ ” ဟု အထက်ပါ ရဲဘော်က ပြောသည်။

    လက်နက်ကြီးပစ်ခတ်သံများသည် မြဝတီမြို့ တစ်ဖက်ကမ်းရှိ ထိုင်းနိုင်ငံ မဲဆောက်မြို့အထိ ကြားရကြောင်းလည်း နယ်စပ်ဒေသနေ သတင်းအရင်းမြစ်များကပြောသည်။

    သို့သော် ဒေသခံများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဘေးလွတ်ရာဒေသဘက်သို့ အချိန်မှီပြောင်းရွှေ့နိုင်ခဲ့သည့်အတွက် ထိခိုက်မှု မရှိခဲ့ကြောင်းလည်း ဆိုသည်။

    အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှု မရှိသော်လည်း စစ်ကော်မရှင်အဖွဲ့အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထိခိုက်သေဆုံးမှု အများအပြားရှိနေကြောင်း အထက်ပါရဲဘော်က ထပ်ပြောသည်။

    ဖလူးနှင့် မင်းလက်ပံကျေးရွာဘက်သို့ ဝင်ရောက်လာသည့် စစ်ယာဉ်တန်းများကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA အပါအဝင် Cobra စစ်ကြောင်း (၁)၊ စစ်ကြောင်း (၂) နှင့် အခြားသော မဟာမိတ်ပူးပေါင်းတပ်များက ချေမှုန်းတိုက်ခိုက်နေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks