spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းကမမောင်းတွင် မိုင်းဟုယူဆရသည့် စစ်လက်နက်အကြွင်းအကျန်ပေါက်ကွဲမှုကြောင့် မိန်းကလေးငယ် တစ်ဦးဒဏ်ရာရ

    ကမမောင်းတွင် မိုင်းဟုယူဆရသည့် စစ်လက်နက်အကြွင်းအကျန်ပေါက်ကွဲမှုကြောင့် မိန်းကလေးငယ် တစ်ဦးဒဏ်ရာရ

    -

    ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မိုင်းဟုယူဆရသော စစ်လက်နက်အကြွင်းအကျန် ပေါက်ကွဲမှုကြောင့် မိန်းကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

    ဖာပွန်ခရိုင်၊ ကမမောင်းမြို့ အမှတ်(၄) ရပ်ကွက်၊ တံတားဦးကုန်းနေ အသက် ၁၀ နှစ်အရွယ် စတုတ္ထတန်းကျောင်းသူ မိန်းကလေးငယ်တစ်ဦးသည် ဖေဖေါ်ဝါရီလ ၆ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်က

    မိုင်းဟု ယူဆရသည့် စစ်လက်နက်အပိုင်းအစတစ်ခုကို ကောက်ယူဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားကာ ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်သည်။

    photo – စစ်လက်နက်အကြွင်းအကျန် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသည့် မိန်းကလေးငယ် (Photo Credit – Zaw Min Oo)

    “ကလေးက အတန်းတင်စာမေးပွဲပြီးတော့ သူ့သူငယ်ချင်းတွေနဲ့ ရွာထဲလိုက်ဆော့ပြီး တိပ်နဲ့ ပတ်ထားတဲ့ ပစွည်းလေးတစ်ခု လမ်းမှာ ကောက်ရပြီး အိမ်ယူသွားပြီး ဆော့နေတုန်း ပေါက်ကွဲမှု ဖြစ်သွားတာ။ ကလေးရဲ့ တစ်ကိုယ်လုံး အစအနတွေ ထိကုန်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

    ထိုပေါက်ကွဲမှုဖြစ်ပွားသည့် ပစ္စည်းသည် လက်လုပ်မိုင်းဟု ယူဆရကြောင်း ၎င်းဒေသခံ ဆိုသည်။

    မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည့် မိန်းကလေးငယ်ကို ကမမောင်းနှင့် မြိုင်ကြီးငူ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့က ချိတ်ဆက်ပြီး ဘားအံမြိုရှိ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

    ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်ကလည်း ဖာပွန်မြို့နယ်၊ အမှတ် (၂၁) ရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၀ နှစ်အရွယ် မောင်ခန့်ဇော်လင်း ဆိုသူသည် ကမမောင်းမြို့ တကောင်းဘိုးကျေးရွာအနီးတွင် ဆိုင်ကယ်နှင့် မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲခဲ့ရာမှ ‌ခြေထောက်တွင် ထိခိုက်ဒဏ်ရာများ ရရှိ‌ခဲ့သေးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks