spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းအကြမ်းဖက်စစ်တပ်၏ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း အမျိုးသမီး ၅၅ ဦးသေဆုံး

    အကြမ်းဖက်စစ်တပ်၏ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း အမျိုးသမီး ၅၅ ဦးသေဆုံး

    -

    အကြမ်းဖက်လုပ်ရပ်နှင့် အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်ကျူးလွန်နေသည့် စစ်ကော်မရှင်အဖွဲ့၏ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုကြောင့် ပြီးခဲ့သည့်  ဇန်နဝါရီလအတွင်း  အမျိုးသမီး ၅၅ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း မြန်မာအမျိုးသမီးသမဂ္ဂ (BWU) မှ အချက်အလက်ရ သိရသည်။

    ရွေးကောက်ပွဲကာလဖြစ်သည့် ဇန်နဝါရီလတွင် နယ်မြေရှင်းလင်းရေးအတွက် တော်လှန်ရေးစိုမိုးနယ်မြေအတွင်း စစ်ကော်မရှင်မှ လေကြောင်းတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်ခဲ့ပြီး အမျိုးသမီးများ နေ့စဥ်နှင့်အမျှ အသက်ဆုံးရှုံးနေရသည်။

    သေဆုံးသူအမျိုးသမီး ၅၅ ဦးတွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ၄၁ ဦး၊ လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် ၃ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၅ ဦးနှင့် ပဋိပက္ခနှင့်ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများကြောင့် ၅ ဦး ပါဝင်ကြောင်း (BWU)မှ ဖော်ပြသည်။

    အမျိုးသမီးသေဆုံးမှု အများဆုံးဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာရွာအား အကြမ်းဖက်စစ်တပ်မှ ဗုံးကြဲတိုက်ခိုက်မှုတွင်ဖြစ်ပြီး အသက်ဆုံးရှုံးခဲ့ရသူများတွင် အမျိုးသမီး ၈ ဦးအထိ ရှိခဲ့သည်။

    မွန်ပြည်နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၆ ရက်၊ နေ့လယ် ၁ နာရီဝန်းကျင်တွင် အလူးကြီးကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးပေါ်ဗုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၅၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် သူ့မ၏မြေး ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး အခင်းဖြစ်ပွားရာ နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း ဘီးလင်းဒေသခံအမျိုးသမီးတစ်ဦးက IMNA သို့ ပြောကြားသည်။

    ဇန်နဝါရီလအတွင်း မွန်ပြည်နယ် ဘီးလင်းနှင့် ကျိုက်ထိုမြို့နယ်၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ ဖာပွန်၊ လှိုင်းဘွဲ့မြို့နယ်၊ တနင်္သာရီတိုင်း ရေဖြူ၊ ထားဝယ်အရှေ့ဘက် ဒေသ၊လောင်းလုံး၊ မြိတ်ဒေသ၊ ကျွန်းစုမြို့တို့တွင် လေကြောင်းတိုက်ခိုက်မှုအပြင် အင်တာနက်လိုင်းများပါ ဖြတ်တောက်ခံထားရသည်။

    ၂၀၂၅ ခုနှစ် တစ်နှစ်တာအတွင်း အကြမ်းဖက်စစ်အုပ်၏ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများကြောင့် အမျိုးသမီး ၇၉၂ ဦး အသက်ဆုံးရှုံးခဲ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks