spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းဖာပွန်ဗျူဟာတွင် စစ်တပ်နှင့် KNU တိုက်ပွဲပြင်းထန်

    ဖာပွန်ဗျူဟာတွင် စစ်တပ်နှင့် KNU တိုက်ပွဲပြင်းထန်

    -

    ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅၊ ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းများတွင် တိုက်ပွဲများ ပြင်းထန်နေကြောင်း မြေပြင်ရဲဘော်များထံမှ သိရသည်။

    ဖာပွန်မြို့အနီး အခြေစိုက်ထားသည့် ခြေမြန်တပ်ရင်း ခမရ (၃၄၀)နှင့် ခမရ (၃၄၁) အနီးတွင် ဖေဖော်ဝါရီလ ၅ ရက်နေ့ခန့်မှ စပြီး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုပါ ပြုလုပ်နေကြောင်း သိရသည်။

    KNU နှင့် တိုက်ပွဲတွင် ပူးပေါင်းပါဝင်သည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ရဲဘော်တစ်ဦးက “တိုက်ပွဲက ဒီနေရာကို ကျွန်တော်တို့ဝိုင်းထားတာကြာပြီလေ ပြီးခဲ့တဲ့ နှစ်ကတည်းက။ အခုက သူတို့ အင်အားဖြည့်ပြီးတော့ စစ်ကြောင်းပြန်ထိုးတဲ့ပုံစံဖြစ်လာတော့ တိုက်ပွဲပြန်စတာ” ဟု ပြောသည်။

    ပုံစာ – ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ဖာပွန်ဗျူဟာတိုက်ပွဲအတွင်းမှ KNLA တပ်ဖွဲ့ဝင်များ (ပုံခရက်တစ် – Mutraw Mobile)

    KNLA က ဖာပွန်မြို့ကို ၂၀၂၄ ခုနှစ် မတ်လထဲက သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး ကျန်ရှိနေသည့် ခမရ ၃၄၀ နှင့် ၃၄၁ တို့အား ပိတ်ဆို့ထားခဲ့သည်။

    ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အဆိုပါ တပ်စခန်းများကို KNLA မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ရှိခဲ့သော်လည်း အပြီးသတ် မသိမ်းပိုက်နိုင်ခဲ့ပေ။

    ယခုအခါ စစ်တပ်က ကရင်ပြည်နယ်ရှိ KNU တပ်မဟာ ၅၊ တပ်မဟာ ၆ နယ်မြေများသို့ စစ်ကား၊ သံချပ်ကာကားများဖြင့်ပါ အင်အားအလုံးအရင်း တိုးချဲ့နေပြီး ကရင်ပြည်နယ်တွင် တိုက်ပွဲများ ပြန်လည် ပြင်းထန်လာခြင်း ဖြစ်သည်။

    လက်ရှိ စစ်တပ်အထိုင်ချဆဲ ဗျူဟာကုန်းများမှာ ဖာပွန်မြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးသွားသူများပါ ပူးပေါင်း အထိုင်ချနေသည့် စခန်းများဖြစ်ပြီး သံလွင်မြစ်နဖူးရှိ စခန်းများအတွက် အရေးပါကြောင်း စစ်ရေး လေ့လာသုံးသပ်သူထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks