Friday, March 13, 2026
More
    spot_img
    Homeသတင်းမြဝတီ၊ မင်းလက်ပံတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲ

    မြဝတီ၊ မင်းလက်ပံတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ

    ဇန်နဝါရီ ၂၈၊ ၂၀၂၆

    ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မင်းလက်ပံကျေးရွာအနီးတွင် ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

    ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်များနှင့် စစ်တပ် တပ်မ ၂၂ လက်အောက်ခံ တပ်ရင်းများအကြား တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ရှေ့တန်းမှ PDF ရဲဘော်တစ်ဦးက ပြောသည်။

    “ဒီမနက် တိုက်ပွဲပြန်စတယ်။ အရင်ရက်တွေကလည်း ပစ်တာတော့ရှိပေမယ့် ဒီမနက် လေယာဉ်ပါ ပါလာတာ။ အဓိကက ဒီနားမှာ တရုတ်ကျားဖြန့်ဆိုဒ်တခုရှိတယ်။ ဖလူးစခန်းရှိတယ်။ ဒါကို ပြန်လိုချင်လို့ စစ်ကြောင်းထိုးနေတာ” ဟု PDF ရှေ့တန်းရဲဘော်က ဆိုသည်။

    တိုက်ပွဲအတွင်း လေးကေ့ကော်၊ ရသေ့ဂူ၊ ဗျူဟာစွယ်တော်ကုန်းအနီးတဝိုက် ဗုံးကြဲနေသည့်အပြင် မြဝတီ၊ လက်ခက်တောင်ဘက်ရှိ စစ်တပ်အခြေစိုက်စခန်းများက တောက်လျှောက် လက်နက်ကြီး ပစ်ကူပေးနေသည်ဟု သိရသည်။

    ဗုံးကြဲပေါက်ကွဲသံများ၊ လက်နက်ကြီးပစ်ခတ်သံများကို ထိုင်းဘက်ခြမ်းမှ ကြားနေရပြီး ရှေ့ရက်များကလည်း စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကျည်တချို့ ထိုင်းဘက်ခြမ်း ကျရောက်မှုကြောင့် နေအိမ်တချို့ ပျက်စီးခဲ့သည်။

    ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် မင်းလက်ပံကျေးရွာအနီးရှိ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) လုံခြုံရေးယူပေးထားသော ကျားဖြန့်လုပ်ငန်းခွင်ကို KNLA က ဝင်ရောက်စီးနင်းခဲ့သည်။ ထိုကာလတွင် တပ်မ ၂၂ နှင့် KNLA တို့ကြား တိုက်ပွဲများ စတင်နေခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks