spot_img
Thursday, January 15, 2026
More
    spot_img
    Homeသတင်းထိုင်းနိုင်ငံ ဆာမွတ်ဆာခွန်ခရိုင်တွင် ဆောက်လုပ်ရေးကရိန်းထပ်မံပြိုကျ၊ လူ ၂ ဦး သေဆုံး

    ထိုင်းနိုင်ငံ ဆာမွတ်ဆာခွန်ခရိုင်တွင် ဆောက်လုပ်ရေးကရိန်းထပ်မံပြိုကျ၊ လူ ၂ ဦး သေဆုံး

    -

    ထိုင်းနိုင်ငံ၊ ဆာမွတ်ဆာခွန် ပြည်နယ်အတွင်းရှိ ရာမာ -၂ လမ်းမပေါ်တွင် ဆောက်လုပ်ရေးကရိန်းတစ်စင်း ကားလမ်းပေါ်တွင် ထပ်မံပြိုကျသဖြင့် လူ ၂ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားသည်။

    အဆိုပါ မတော်တဆမှုသည် ဇန်နဝါရီ ၁၅ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ပြီး ဆာမွတ်ဆာခွန် ပြည်နယ်အတွင်းရှိ ရာမာ –၂ လမ်းမ၏ အပြင်ဘက်သွားလမ်းကြောင်း သာချင်းမြစ်ကို ဖြတ်သန်းသည့် တံတားသို့ မရောက်မီ မိုးပျံရထားလမ်း စီမံကိန်းအတွက် အသုံးပြုနေသည့် ဆောက်လုပ်ရေးကရိန်း ပြိုကျခဲ့ခြင်းဖြစ်သည်။

    ထိုင်းအာဏာပိုင်များ၏ ကနဦးထုတ်ပြန်ချက်များအရ အဆိုပါမတော်တဆမှုကြောင့် လမ်းပေါ်ရှိ မော်တော်ယာဉ် ၂ စီး ကြေမွပျက်စီးခဲ့ပြီး လူ ၂ ဦး သေဆုံးကာ လူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အတည်ပြုထားသည်။

    အခင်းဖြစ်ပွားပြီးနောက် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များကို အမြန်စေလွှတ်ကာ လုံခြုံရေးထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး ခရိန်းပြိုလဲရခြင်း၏ အကြောင်းရင်းကိုလည်း ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

    သက်ဆိုင်ရာ အာဏာပိုင်များက အသေးစိတ်အချက်အလက်များ ထပ်မံရရှိလာပါက အချိန်မီ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

     ယမန်နေ့ ဇန်နဝါရီ ၁၅ ရက်နေ့ကလည်း ထိုင်းနိုင်ငံ၊ နခွန်ရာချာစီမားခရိုင် စီခီမြို့နယ် ဘန်သနွန်ခေါ့ကျေးရွာတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ ကရိန်းတစ်စင်း မောင်းနှင်းလာသည့် ရထားတစ်စင်းပေါ် ပြိုကျပိမိမှုကြောင့် ခရီးသည် ၂၂ ဦးသေဆုံးကာ ၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့သေးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts