spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းအဆိုဝါသနာရှင်မွန်လူငယ်များအတွက် အခွင့်ကောင်းဖြစ်စေမည့် မွန်အမျိုးသားနေ့အဆိုပြိုင်ပွဲများ

    အဆိုဝါသနာရှင်မွန်လူငယ်များအတွက် အခွင့်ကောင်းဖြစ်စေမည့် မွန်အမျိုးသားနေ့အဆိုပြိုင်ပွဲများ

    -

    မွန်ပြည်နယ်၊ ပေါင်နှင့် သံဖြူဇရပ်မြို့နယ်တို့တွင် ကျင်းပမည့် (၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားတွင် မွန်လူငယ်များအတွက် အဆိုပြိုင်ပွဲများကို ထည့်သွင့်ကျင်းပသွားရန်ရှိပြီး ယခုပြိုင်ပွဲများသည်  အဆိုဝါသနာရှင်များအတွက် အခွင့်ကောင်းဖြစ်စေမည့် အစီစဉ်များဖြစ်ကြောင်း မွန်ဝါရင့်အဆိုရှင်များက ပြောသည်။

    (၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားအဖြစ် သံဖြူဇရပ်မြို့နယ် ပင ကျေးရွာတွင် ပြုလုပ်မည့် အဆိုပြိုင်ပွဲတွင် ဝါရင့်မွန်အဆိုတော်များမှ အကဲဖြတ်စိစစ်ပေးသွားမည်ဖြစ်ပြီး ပထမဆုရသူ ပြိုင်ပွဲဝင်ကို ဆုကြေးအဖြစ် ငွေကြေးအပြင် ကိုယ်ပိုင်သီချင်းတစ်ပုဒ်ထွက်ရှိရန် တာဝန်ယူဆောင်ရွက်ပေးမည်သွားမည်ဖြစ်သဖြင့် အဆိုဝါသနာရှင်များအတွက် ဝါသနာရှင်အဆင့်မှ တစ်ဆင့်တိုး တက်လှမ်းနိုင်မည်ဖြစ်ကြောင်းလည်း ဆိုသည်။

    "ကိုယ့်မွန်ဒေသကြားမှ အောင်ပွဲတစ်ခုရရှိထားပြီးပြီးဆိုရင် သူတို့အနေနဲ့လည်း ကိုယ့်ဟာနဲ့ကိုယ် ရုန်းကန်ဖို့အခွင့်အရေးအများကြီးရှိလာမယ်။ အဓိက သီချင်းထုတ်ပေးမဲ့ကိစ္စကို ကျနော်တို့က ကိစ္စကြီးကြီးတစ်ခုအဖြစ် လုပ်ဆောင်ပေးသွားဖို့ပေါ့နော်။ ဒီပြိုင်ပွဲမှာသာ အောင်မြင်မှုရရင် တက်လမ်းအတွက် အများကြီးရသွားမယ်လို့လည်း ကျနော်မြင်တယ်"ဟု ပြိုင်ပွဲစီစဉ်သူ မွန်အဆိုတော်တစ်ဦးက ပြောသည်။

    သီချင်းဆိုပြိုင်ပွဲအတွက် အမည်စာရင်းပေးသွင်းခြင်း၊ လူတွေ့စစ်ဆေးမည့်ရက်နှင့် အသံစမ်းသတ်မည့်ရက်များကို လူမှုကွန်ရက်စာမျက်နှာနှင့် ပိုစတာများဖြင့် ဖြန့်ဝေထားသည်ဟုလည်း သူကဆက်ပြောသည်။

    သံဖြူဇရပ်မြို့နယ် ပင ရွာတွင် ကျင်းပမည့် သီချင်းဆိုပြိုင်ပွဲတွင် Studio သီချင်းများဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး ပေါင်မြို့နယ် အဆိုပြိုင်ပွဲအတွက် မည်သည့်သီချင်းအမျိုးအစားဖြင့် ယှဉ်ပြိုင်ခွင့်ပြုမည်ကို အတည်မပြုရသေးသဖြင့် ထုတ်ပြန်ကြေညာခြင်းများ မလုပ်ဆောင်ရသေးကြောင်းလည်း သိရသည်။

    အဆိုပြိုင်ပွဲများကို လက်လွှတ်မခံဘဲ လူငယ်များအနေ မိမိတို့၏ အနပညာရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိရန် ရဲရဲဝံ့ဝံ့ ပါဝင်ယှဉ်ပြိုင်ရန်လည်း မွန်အမျိုးသမီး အဆိုရှင်တစ်ဦးက IMNA မှတစ်ဆင့် တိုက်တွန်းထားသေးသည်။

    "ဒီပွဲတွေမှာဆိုရင် ဂီတဝါသနာရှင်တွေ၊ တကယ်အရည်အချင်းရှိတဲ့ တက်သစ်လူငယ်တွေအဖို့ အများကြီးအထောက်အကူ ဖြစ်စေပါတယ်၊ ဝါသနာရှင်တွေအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့လည်း တိုက်တွန်းတယ်"ဟု သူမက ဆိုသည်။

    ယခင်က အဆိုဝါသနာရှင် မွန်လူငယ်များအတွက် Melody Reh Mon သီချင်းအဆိုပြိုင်ပွဲကို ၂၀၁၄ ခုနှစ်မှစ၍ မော်လမြိုင်မြို့ပေါ်တွင်နှစ်စဉ် ကျင်းပလာခဲ့ရာ ကိုဗစ်ကပ်ရောဂါအခြေအနေကြောင့် ၂၀၁၉ ခုနှစ်မှစ၍ ရပ်နားခဲ့ရကြောင်းလည်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks