spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူတွင် (၁၅) နှစ်အရွယ် အမျိုးသမီးငယ်ကို ရပ်ကွက်အုပ်ချုပ်ရေးမှုးအပါအဝင် လူ (၄) ဦးမှ  မုဒိန်းကျင့်သတ်ဖြတ်

    ဘုရားသုံးဆူတွင် (၁၅) နှစ်အရွယ် အမျိုးသမီးငယ်ကို ရပ်ကွက်အုပ်ချုပ်ရေးမှုးအပါအဝင် လူ (၄) ဦးမှ  မုဒိန်းကျင့်သတ်ဖြတ်

    -

    ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသူ အမျိုးသမီးငယ်တစ်ဦးကို ရပ်ကွက်အုပ်ချုပ်ရေးမှုးအပါအဝင် အမျိုးသား ၄ ဦးမှ မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ကြောင်း နယ်စပ်သတင်းအရင်းမြစ်များမှ သိရသည်။

     ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်နေ့က ဘုရားသုံးဆူမြို့ ထားဝယ်စုရပ်ကွက်တွင် နေထိုင်သူ အသက် ၁၅နှစ်အရွယ် အမျိုးသမီးငယ်သည် သူမ၏ ချစ်သူကောင်လေးနှင့် ချိန်းတွေ့ရန် ပြောဆိုထားသည့် ထားဝယ်စုရပ်ကွက်လမ်းပိုင်းတစ်နေရာသို့ သွားရောက်ခဲ့သည်။

    အဆိုပါနေရာအရောက်တွင် အသင့်စောင့်ဆိုင်းနေသည့် သူမ၏ချစ်သူကောင်လေးနှင့် ရပ်ကွက် ၃ မှ အု‌ပ်ချုပ်ရေးမှုးအပါအဝင် ‌အမျိုးသား ၄ ဦးမှ အဓမ္မပြုကျင့်ခဲ့ပြီးနောက် ရိုက်နှက်ကာ အနီးအနားရှိရေတွင်းအတွင်း ပစ်ချ၍ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

    ထို့နောက် ဇန်နဝါရီ ၁၁ ရက်နေ့တွင် ရေတွင်းမှ အနံ့အသက်ကြောင့် ဒေသခံတစ်ဦးမှ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ထို့နေတွင်ပင် ဆယ်ယူသဂြိုလ်ခဲ့ကြောင်း ဘုရားသုံးဆူ မြို့ခံတစ်ဦးက IMNA သို့ပြောသည်။

    “ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သူ့ချစ်သူကောင်လေးနဲ့က အမျိုးဖြစ်နေတယ် ဒီအဖြစ်ပျက်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးကပဲ အကုန်စီစဉ်ထားတာ၊ သူပျောက်သွားတာ ၃ ရက်နေ့ ကတည်းကလေ။ ၁၁ ရက်နေ့မှ ရေတွင်းထဲမှာ သူ့အလောင်းကို ‌တွေ့သွားတာ ရိုက်ထားတဲ့ ဒဏ်ရာတွေလဲရှိနေတယ် ခေါင်းကလဲ ကျိုးနေပြီး” ဟု ဘုရားသုံးမြို့ခံ အမျိူးသားတစ်ဦးက ပြောသည်။

    အလောင်းတွေ့ရှိခဲ့ပြီးနောက် အမျိုးသမီးငယ်၏ ချစ်သူကောင်လေးကို ခေါ်ယူမေးမြန်းရာမှတစ်ဆင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးအပါအဝင် နောက်ထပ် လူ ၃ ဦးတို့ ပါဝင်ကျူးလွန်နေသည်ကို သိရှိရကြောင်းဆိုသည်။

    လက်ရှိတွင် ဘုရားသုံးဆူ ဒေသအတွင်းလှုပ်ရှားနေသည့် ကရင်အမျိုးသားအစည်းအရုံး(KNU) အဖွဲ့မှ အဆိုပါပြစ်မှုကျူးလွန်သူ အမျိုးသား ၄ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမှုများလုပ်ဆောင်နေသော်လည်း မည်သို့အရေးယူဆောင်ရွက်သွားမည်ကို မသိရှိရသေးပေ။

     နယ်စပ်ဒေသအပါအဝင် ‌မြို့ပေါ်နှင့်ကျေးရွာတို့တွင်လည်း တရားဥပဒေစိုးမိုးရေး အားနည်းလွန်းနေပြီး မုဒိမ်းမှုကျူးလွန်ခံရသူ အများအပြားတို့သည် ရဲစခန်း သို့မဟုတ် သက်ဆိုင်ရာ ဒေသအတွင်းတာဝန်ရှိသူတို့နှင့် သွားရောက်လိုခြင်း မရှိသဖြင့် ကျူးလွန်ခံမှုဖြစ်စဉ်များ ပိုမိုများလာကြောင်းလည်း အမျိုးသမီးအရေးလှုပ်ရှားနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

    “ဒီလိုဖြစ်စဉ်က မကြာခဏ ဖြစ်နေတာ နယ်စပ်တစ်နေရာတည်းမဟုတ်ဘူး။ မြို့ပေါ်လဲဖြစ်သလို ရွာမှာပဲဖြစ်တယ် စစ်တပ်အာဏာသိပ်ပြီးနောက်ပိုင်းမှာ တာဝန်ရှိတဲ့သူ‌တွေက နိုင်ငံရေးဘက်ကိုပဲ အာရုံစိုက်နေတာ အဲကြောင့် တာဝန်ရှိတဲ့သူ‌တွေက ဒီလိုအမှုတွေကို အရေးယူပေးတဲ့သူသိပ်မရှိဘူး၊ ကိုယ်ဖြစ်ကိုယ်ခံ ဖြစ်ပြီးရင်ပြီးပြီး နေရာတိုင်းက တရားဥပဒေစိုးမိုးမှုနည်းနေတာ တိုင်လဲ သူတို့အရေးမယူပေးရင် အလကားဖြစ်နေတာပဲလေ အဲ့ကြောင့် ကျူလွန်းခံရတဲ့သူက တိုင်ကြားမှုမရှိတာ တချို့ကလဲ ကိုယ်ဘာသာကို ညှိယူလိုက်တာပဲ” ပြောသည်။

    ထို့ကြောင့် အမျိုးသမီးများ၏ လုံခြုံရေးနှင့် မုဒိမ်းမှု လျော့ပါးစေရန် တရားဥပဒေစိုးမိုးမှုလိုအပ်နေသည့်အတွက် သက်ဆိုင်ရာအမျိူးသမီးရေးရာအဖွဲ့အစည်းနှင့် ချိတ်ဆက်ဆောင်ရွက်ကြရန် တိုက်တွန်းသည်။

    လက်နက်ကိုင်အဖွဲ့ပေါင်းစုံရှိနေသည့် ဘုရားသုံးဆူမြို့ပေါ်တွင် ခိုးဆိုးလုယက်မှု၊ သတ်ဖြတ်ခံရမှုတို့ မကြာခဏဖြစ်ပွာနေသည့်အပြင် လူပျောက်ဆုံးမှုနှင့် အမည်မသိလက်နက်ကိုင်အဖွဲ့တို့ထံ ဆက်ကြေးတောင်းခံရခြင်း ခြိမ်းခြောက်ခံရခြင်းတို့ကို မြို့ခံလုပ်ငန်းရှင်များက မကြာခဏ ရင်ဆိုင်နေရသည်။

    ထို့သို့ ဒုစရိုက်မှုကျူးလွန်ခံရပါက သက်ဆိုင်ရာလက်ကိုင်အဖွဲ့များမှ ပါဝင်အရေးယူပေးခြင်း ပြစ်မှုပြစ်ဒဏ်ချမှတ်ပေးခြင်းများ လုပ်ဆောင်ပေးမှု အားနည်းနေကြောင်းလည်း သိရသည်။

    ပုံ- KNU ထံ ဖမ်းဆီးထိန်းသိမ်းထားသည့် ပြစ်မှုကျူးလွန်သူများ

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks