spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းရွေးကောက်ပွဲအပိုင်း ၂ တွင် မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်လောင်း ၁၀ ဦး အနိုင်ရ

    ရွေးကောက်ပွဲအပိုင်း ၂ တွင် မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်လောင်း ၁၀ ဦး အနိုင်ရ

    -

    ဇန်နဝါရီ ၁၁ ရက်နေ့ ယမန်နေ့က မြို့နယ် (၅) မြို့နယ်တွင် ကျင်းပခဲ့သည့် အပိုင်း (၂) ရွေးကောက်ပွဲတွင် မဲအများဆုံးရသူ အနိုင်ရသူစနစ် (FPTP) ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မွန်ညီညွတ်ရေးပါတီမှ ကနဦးရလဒ်စာရင်းများအရ မြို့နယ်(၄) မြို့နယ်တွင် မဲအသာရစီးရရှိထားကြောင်း ပါတီဝင်များ၏ ပြောပြချက်အရ သိရသည်။

    မွန်ပြည်နယ်၌ ဘီးလင်း၊ ပေါင်၊ မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင် ရွေးကောက်ပွဲအပိုင်း(၂)ကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး MUP မှ မြို့နယ် ၄ မြို့နယ်တွင် ကိုယ်စားလှယ်လောင်း ၁၀ ဦး အနိုင်ရရှိခဲ့ကြောင်း ပါတီဝင်များက ပြောသည်။

    ဘီးလင်းမြို့နယ် အပိုင်း ၂ ရွေးကောက်ပွဲကနဦးရလဒ်

    ဘီးလင်းမြို့နယ်တွင် မဲအများဆုံးရသူအနိုင်ရစနစ်ဖြင့် လွှတ်တော်နေရာ ၃ ရပ်လုံးအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ(USDP) မှ အပြတ်အသပ် မဲအသာစီးရရှိခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာခင်မောင်သွင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ယဉ်မင်းထိုက်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ဇေယျာမင်းတို့ အနိုင်ရရှိခဲ့သည်။

    ပေါင်မြို့နယ် ရွေးကောက်ပွဲအပိုင်း ၂ ကနဦးရလဒ်

    ပေါင်မြို့နယ်တွင် မဲအများဆုံးရသူ အနိုင်ရစနစ်ဖြင့် မွန်ညီညွတ်ရေးပါတီ MUP မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဗိုလ်ဝင်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းမှ ဦးသန်းခိုင်တို့ အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်အေးချမ်းမုံမှ မဲအနိုင်ရရှိခဲ့သည်။

    မုဒုံမြို့နယ် အပိုင်း၂ ရွေးကောက်ပွဲ မဲရလဒ်

    မုဒုံမြို့နယ်တွင် မဲအများဆုံးရသူအနိုင်ရစနစ်ဖြင့် လွှတ်တော်နေရာ ၃ ရပ်လုံးတွင် မွန်ညီညွတ်ရေးပါတီမှ အနိုင်ရရှိခဲ့ပြီး ပြည်သူ့လွှတ်တော်နေရာအတွက် မွန်ညီညွတ်ရေးပါတီ(MUP)မှ ကိုယ်စားလှယ်လောင်း ဦးဝဏ္ဏကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဌေးနိုင်(ခ)နိုင်အမ်သဝ်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်မောင်ထွေး(ခ)မင်းစောနွယ်တို့ ဖြစ်ကြောင်း သိရသည်။

    မုဒုံမြို့နယ်အတွင်း မဲရုံ (၁၀၀) ဖွင့်လှစ်ထားရှိပြီး၊ မွန်ညီညွတ်ရေးပါတီ MUP မှ ပြည်သူ့လွှတ်တော်အတွက် ၃၁၉၄၃ မဲ၊ အမျိုးသားလွှတ်တော်အတွက် ၃၃၇၂၈ မဲ၊ ပြည်နယ်လွှတ်တော်အတွက် ၃၃၇၁၄ မဲဖြင့် ရလဒ်အသာစီးရရှိနေသည်ဟု သိရသည်။

    သံဖြူဇရပ်မြို့နယ်အပိုင်း ၂ ရွေးကောက်ပွဲကနဦးရလဒ်

    သံဖြူဇရပ်မြို့နယ်တွင် မဲအများဆုံးရသူအနိုင်ရစနစ်ဖြင့် လွှတ်တော်နေရာ (၃) နေရာအတွက် မဲအပြတ်အသပ် အနိုင်ရရှိထားပြီး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသန်းရွှေ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်မောင်ထွေး(ခ) မင်းစောနွယ်နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရွှေလူးတို့ မဲအနိုင်ရရှိခဲ့သည်။

    ရေးမြို့နယ်အပိုင်း ၂ ရွေးကောက်ပွဲကနဦးရလဒ်

    ရေးမြို့နယ်တွင်လည်း မဲအများဆုံးရသူအနိုင်ရစနစ်ဖြင့် မွန်ညီညွတ်ရေးပါတီ(MUP)မှ လွှတ်တော် ၃ နေရာလုံးတွင် မဲအနိုင်ရရှိထားပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်မြင့်သန်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း နိုင်ချမ်းတွဲ့နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း မိလဝီဟန်တို့မှ ရရှိခဲ့ခြင်းဖြစ်သည်။

    မွန်ပြည်နယ်တွင် ကျင်းပခဲ့သည့် အပိုင်း ၁ ရွးကောက်ပွဲတွင် မြို့နယ် ၅ မြို့နယ်အနက် မွန်ညီညွတ်ရေးပါတီ (MUP) မှပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း (၂) ဦးအနိုင်ရရှိထားသည်ဟု ရွေးကောက်ပွဲကော်မရှင် UEC မှ အတည်ပြုထားကြောင်းလည်း သိရသည်။

    ၎င်းအပြင် အချိုးကျ PR စနစ်တွင် လွှတ်တော်နေရာများအတွက် မည်သို့ခွဲဝေသွားမည်ကို ပါတီဝင်နှင့် ရွေးကောက်ပွဲလေ့လာသူများမှ ဆက်လက်စောင့်ကြည့်နေဆဲဖြစ်ပြီး မွန်ညီညွတ်ရေးပါတီမှ ဒေါက်တာဗညားအောင်မိုး၊ မင်းအောင်ထူး၊ နိုင်ခင်မောင်ဇင်(ခ)နိုင်လယိတမ၊နိုင်စံတင်နှင့် မိရီရီပြုံးတို့ ပါဝင်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks