spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းရွေးကောက်ပွဲနေ့အပါအဝင် ၂ ရက်တာအတွင်း မုဒုံနှင့် ရေးအခြေစိုက် စစ်တပ်စခန်း ၅ နေရာကို တိုက်ခိုက်ခဲ့ဟု  RMA ထုတ်ပြန်

    ရွေးကောက်ပွဲနေ့အပါအဝင် ၂ ရက်တာအတွင်း မုဒုံနှင့် ရေးအခြေစိုက် စစ်တပ်စခန်း ၅ နေရာကို တိုက်ခိုက်ခဲ့ဟု  RMA ထုတ်ပြန်

    -

    အထွေထွေရွေးကောက်ပွဲနေ့အပါအဝင် ၂ ရက်တာအတွင်း မွန်ပြည်နယ်၊ မုဒုံနှင့် ရေးမြို့နယ်အခြေစိုက် စစ်တပ်စခန်းရှိရာ နေရာ (၅) နေရာကို တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ရန်သူစစ်တပ်ဘက်မှ ၄ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရှိခဲ့ကြောင်း NMSP-AD လက်အောက်ခံ ရာမညမွန်တပ်တော် (RMA) က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

    ယမန်နေ့ (ဇန်နဝါရီ ၁၁ ရက်) နံနက်ပိုင် ၈ နာရီအချိန်ခန့် ရွေးကောက်ပွဲအပိုင်း (၂) ကျင်းပနေသည့် ရေးမြို့ပေါ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၉) ကို (၁၀၇ မမ) ရှော့တိုက်ဒုံး (၃) လုံးဖြင့်လည်းကောင်း၊ ရေးမြို့နယ် ကလော့ကျေးရွာအနီးရှိ အမတ-၃၁၆ အမြှောက်တပ်ကို (၁၀၇ မမ) ရှော့တိုက်ဒုံး (၂) လုံးဖြင့်လည်းကောင်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရန်သူစစ်တပ်၏ ထိခိုက်သေဆုံးမှု အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဟု RMA က ဆိုသည်။

    ထိုအပြင် နံနက်ပိုင်း ၄ နာရီအချိန်ခန့်တွင် ရေးမြို့နယ် အစင်ကျေးရွာထိပ်၌ တပ်စခန်း (ဂိတ်) ချထားသည့် စစ်ကော်မရှင်တပ်ကို RMA ရဲဘော်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရန်သူဘက်မှ (၃) ဦးသေဆုံးကာ (၁) ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ယင်းနေ့မှာပင် နံနက်ပိုင်း ၈ နာရီအချိန်ခန့်က မုဒုံမြို့နယ်၊ ကမာဝက်မြို့အခြေစိုက် ခမရ-၂၀၉ တပ်ရင်းကို ဒရုန်းဗုံးသီး (၂) လုံးဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ အရာရှိ (၁) ဦး သေဆုံးခဲ့ကြောင်း RMA က ဆိုသည်။

    အလားတူ ရွေးကောက်ပွဲအပိုင်း (၂) မတိုင်ခင် ဇန်နဝါရီလ ၁၀ ရက် နေ့လည်ပိုင်းအချိန်ခန့်ကလည်း စစ်တပ်ဘက် တာဝန်ရှိသူများ ကမာဝက်မြို့ရှိ မဲရုံများကို ကြည့်ရှုစစ်ဆေးနေစဥ် ဒရုန်းဗုံးသီး (၁) လုံးဖြင့် ပစ်ချခဲ့ပြီး ရန်သူဘက်မှ (၃) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။

    မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD သည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပနေသည့် အပိုင်းလိုက်ရွေးကောက်ပွဲကို လက်မခံပဲ ဆန့်ကျင်တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks