Wednesday, March 11, 2026
More
    spot_img
    Homeသတင်းကတုံးပေါ်ကျေးရွာ မီးဘေးပြန်လည်ထူထောင်ရေးအတွက် မော်လမြိုင်မြို့ပေါ် လူမှုကယ်ဆယ်ရေးကွန်ရက်အဖွဲ့(၇)ဖွဲ့မှ အလှူငွေထွက်ခံ

    ကတုံးပေါ်ကျေးရွာ မီးဘေးပြန်လည်ထူထောင်ရေးအတွက် မော်လမြိုင်မြို့ပေါ် လူမှုကယ်ဆယ်ရေးကွန်ရက်အဖွဲ့(၇)ဖွဲ့မှ အလှူငွေထွက်ခံ

    -

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ လူမှုကယ်ဆယ်ရေးအဖွဲ့(၇)ဖွဲ့မှ အိမ်ခြေ (၆၀) နီးပါး မီးဘေးသင့်ခဲ့သည့် မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာပြည်သူများ ပြန်လည်ထူထောင်ရေး လုပ်ဆောင်နိုင်ရန် Music Band နှင့်တကွ (၂) ရက်တာ အလှူငွေထွက်ခံနေကြောင်းသိရသည်။

    ယနေ့ပထမရက်တွင် မော်လမြိုင်မြို့ အောက်ဈေး၊ ဈေးကြိုကားဝင်း နေရာတစ်ဝိုက်သို့ သွားရောက်ကောက်ခံခဲ့ခြင်းဖြစ်ပြီး ပါဝင်လှူဒါန်း သူများကြောင်းလည်း အလှူငွေကောက်ခံရေးတွင် ပါဝင်သူ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

    ပုံ-zin moe

    "အလှူခံနေတုန်းပဲ တီးဝိုင်းတွေနဲ့ပေါ့။ ဒီနေ့တစ်ရက် မနက်ဖြန်တစ်ရက်ပေါ့။ ဒီနေ့တစ်ရက်က ၁၀၀ နီးပါးလောက်ရမယ်ထင်တယ် ။ အသင်းအဖွဲ့ (၇) ဖွဲ့ပေါင်းပြီးတော့လုပ်ကြတယ်လေ အသင်းဥက္ကတွေ လူငယ်တွေလည်း ပါတယ်ပေါ့"ဟု ဆိုသည်။

    ရရှိလာသည့် အလှူငွေများကို ကတုံးပေါ်ကျေးရွာ လူမှုကယ်ဆယ်ရေးနှင့် အုပ်ချူပ်ရေးအဖွဲ့များသို့ ပြန်လည်အပ်နှံသွားမည်ဖြစ်ကြောင်း၊ လိုအပ်ရာနေရာများအတွက် အုပ်ချုပ်ရေးမှုးအပိုင်းမှတစ်ဆင့် ပြန်လည်ခွဲဝေလှူဒါန်းစေသွားမည်ဖြစ်ကြောင်းလည်း ဆက်ပြောသည်။

    "လောလောဆယ်အကြမ်းဖျင်းအစီစဉ်တော့ မဆွဲရသေးဘူး၊ အလှူငွေအခြေအနေပေါ်မူတည်ပြီး တစ်အိမ်ကို ဘယ်လောက်ပေးမယ် အဲလိုလှူချင်လဲလှူမယ် ဒါမဲ့အလှူခံမပြီးသေးတော့ အတိအကျတော့ ပြောဆိုမရသေးဘူး၊ အလှူငွေအခြေအနေကြည့်ပြီးတော့လုပ်မှာပေါ့"ဟု ဆိုသည်။

    ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့သည့် ကတုံးပေါ်ကျေးရွာမြောက်ပိုင်း၊ ကွက်သစ်ရပ်တွင် နေအိမ် ၅၇ လုံးပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု ၅၇ စုမှ ဒေသခံ ပြည်သူ ၂၁၃ ဦး မီးဘေးသင့်ခဲ့ပြီး ကတုံးပေါ်ကျေးရွာ စေတနာရှင် လူမှုကယ်ဆယ်ရေးအသင်းဥက္ကဌ၏ နေအိမ်လည်း မီးဘေးတွင်ပါဝင်ခဲ့သည်။

    လက်ရှိတွင် မီးဘေးသင့်ပြည်သူများ ဓမ္မာရုံနှင့် စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းရုံးတွင် နေထိုင်နေကြပြီး စားဝတ်နေရေးအတွက် အလှူရှင်များမှ ကူညီထောက်ပံ့ပေးနေကြောင်း သိရသည်။

    မီးဘေးသင့်ပြည်သူများကို ခန့်မှန်းတန်ဖိုးရှစ်သိန်းကျပ်ရှိ ဓနိမိုး၊ ဝါးထရံကာ အိမ်ငယ်များကို အလှူရှင်များစုပေါင်းကာ ဆောက်လုပ်ပေးနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်သဖြင့် အလှူရှင်များ ဝိုင်းဝန်ပါဝင်လှူဒါန်းရန်လည်း ကတုံးပေါ်ရွာအခြေစိုက် စေတနာရှင် လူမှုကူညီရေးအသင်းမှ လူမှုကွန်ရက်စာမျက်နှာတွင် တိုက်တွန်းထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks