spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းရွေးကောက်ပွဲနေ့ နံနက်ပိုင်း၌ ရေးမြို့နယ်အတွင်း ပေါက်ကွဲမှုအပြင် နှစ်ဖက်ပစ်ခတ်မှုပါဖြစ်ပွား

    ရွေးကောက်ပွဲနေ့ နံနက်ပိုင်း၌ ရေးမြို့နယ်အတွင်း ပေါက်ကွဲမှုအပြင် နှစ်ဖက်ပစ်ခတ်မှုပါဖြစ်ပွား

    -

    ရွေးကောက်ပွဲအပိုင်း(၂) ကျင်းပနေသည့် ရေးမြို့နယ်တွင် ယနေ့ဇန်နဝါရီ ၁၁ ရက်နေ့ နံနက်ပိုင်း၌ မြို့ပေါ်ရပ်ကွက်အတွင်း ပေါက်ကွဲမှုအပြင် စစ်ကော်မရှင်ဂိတ်စခန်းရှိရာနေရာအချို့တွင်လည်း နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့သေးကြောင်း သတင်းအရင်းမြစ်များမှ သိရသည်။

    ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ယနေ့ နံနက် ၅ နာရီဝန်းကျင်တွင် ဒူးယား-မြို့ဟောင်းကုန်းလမ်းပိုင်းရှိ စစ်ကော်မရှင်ဂိတ်စခန်းကို ဝင်ရောက်ပစ်ခတ်ရာမှ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    ပုံ- ရေးမြို့နယ် အောင်မင်္ဂလာရပ်ကွက် မဲရုံအမှတ်(၁)

    “တိုက်ပွဲဖြစ်တဲ့နေရာက ခြံကြားမှာ၊ ဒူးယားနဲ့တော့ နည်းနည်းဝေးတယ်၊ မြို့ဟောင်းကုန်းနဲ့ ပိုနီး တယ်။ အဲ့နေရာက အရင်က ဘာဂိတ်မှမရှိဘူး။ ခုမှ စကမတို့ ဖွင့်လိုက်တာ၊ ဖွင့်လိုက်တာကလည်း သိပ်မကြာ သေးဘူး”ဟု ဒေသခံတို့က ဆိုသည်။

    တိုက်ပွဲဖြစ်ပွားသည့်နေရာသည် ရွာနှင့် အနည်းငယ်အလှမ်းဝေးနေသဖြင့် ဒေသခံတို့ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်မှုမရှိကြောင်း သိရသည်။

    ၎င်းအပြင် ရေးမြို့ပေါ် မဲရုံဖွင့်လှစ်ထားသည့် ရပ်ကွက်အနီးတစ်ဝိုက်တွင်လည်း မဲရုံစတင်ဖွင့်လှစ်ပြီး အချိန်အနည်းငယ်အကြာ ပေါက်ကွဲမှုအသံ ကျယ်ကျယ်လောင်လောင်လောင် ကြားရသည်ဟု ရေးမြို့ခံတစ်ဦးက ဆိုသည်။

    “အသံအကျယ်ကြီးပဲ ကြားရတယ်။ ဒါမဲ့ ရေးမြို့ပေါ် ဘယ်နားမှာလဲတော့ မသိဘူး။ လူထိလားမထိ လားတော့ သေချာမသိဘူး”ဟု ပြောသည်။

    ရွေးကောက်ပွဲ အပိုင်း (၁) ပြီးနောက် စစ်ကော်မရှင် အုပ်ချုပ်ရေးအဖွဲ့တို့မှ မဖြစ်မနေဆန္ဒမဲပြုရန် ရေးမြို့ပေါ်ရပ်ကွက်များအတွင်း လိုက်လံနှိုးဆော်ပြောဆိုနေသဖြင့် ယနေ့တွင် မဲသွားရောက်ပေးသူ အတော်အသင့်ရှိနေသည်။

    စ်သစ်ကူးရက်မှစ၍ အဆိုပါမဲရုံဖွင့်လှစ်ထားသည့်ကျေးရွာတစ်ရွာလျှင် စစ်တပ်နှင့် ရဲများပါဝင်သည့် လုံခြုံရေးအဖွဲ့ ၃၀၀ ထက်မနည်းဖြင့် လုံခြုံရေးတင်းကြပ်ထားပြီး ရေးမြို့နယ်အမြှောက်တပ်ရင်းများမှလည်း လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး ခြောက်လှန့်ပစ်ခတ်မှုများ မဲရုံအနီးတစ်ဝိုက်နေထိုင်သူအချို့ ယာယီပြောင်းရွေ့နေကြကြောင်းလည်း သိရသည်။

    ယနေ့ရွေးကောက်ပွဲအပိုင်း(၂)တွင် ရေးမြို့ပေါ်၊ လမိုင်းမြို့၊ ခေါဇာမြို့နှင့် ကုလားကုတ်ကျွန်း စသည့် ရပ်ကွက်နှင့် ကျေးရွာ များအတွင်း မဲရုံ (၂၉) ရုံ ဖွင့်လှစ်ထားရှိပြီး မဲပေးခွင့်ရှိသူ ၄၇၆၃၇ ဦးရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်မှ အချက်အလက်များအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks