spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းမုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာမှ မီးဘေးသင့်ပြည်သူ ၂၀၀ ကျော် ပြန်လည်ထူထောင်ရေး အကူအညီလိုအပ်

    မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာမှ မီးဘေးသင့်ပြည်သူ ၂၀၀ ကျော် ပြန်လည်ထူထောင်ရေး အကူအညီလိုအပ်

    -

    မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကော့ပရံကျေးရွာအနီးရှိ ကတုံးပေါ်ကျေးရွာမြောက်ပိုင်း၊ ကွက်သစ်ရပ်မှ မီးဘေးသင့်ပြည်သူ၂၀၀ ကျော် ပြည်လည်ထူထောင်ရေးအတွက် အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူများထံမှ သိရသည်။

    ယမန်နေ့ ဇန်နဝါရီ ၈ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့သည့် ကတုံးပေါ်ကျေးရွာမြောက်ပိုင်း၊ ကွက်သစ်ရပ်တွင် နေအိမ် ၅၇ လုံးပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု ၅၇ စုမှ မီးဘေးသင့်ပြည်သူ ၂၁၃ ဦးရှိကြောင်း သိရသည်။

    မီးဘေးသင့်ဒေသခံများ ကတုံးပေါ်ကျေးရွာရှိ ဓမ္မာရုံ၊ ကတုံးပေါ်ရွာအခြေစိုက် စေတနာရှင် လူမှုကူညီကယ်ဆယ်ရေးရုံးနှင့် နီးစပ်ရာအသိမိတ်ဆွေ နေအိမ်များတွင် နေထိုင်လျှက်ရှိပြီး စားသောက်ရေးအတွက် အလှူရှင်များ လာရောက်လှူဒါန်းပေးနေကြောင်း မုဒုံမှ ကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

    “ပရဟိတအဖွဲ့တွေရော၊ ပြည်သူတွေရော လာလှူကြတယ်။ အစိုးရအဖွဲ့ဘက်ကနေလည်း လှူကြတယ်။ ဒါမဲ့ ပျက်စီးဆုံးရှုံးမှုတွေအရမ်းများတော့ အကူအညီတွေလိုအပ်နေဆဲပဲ။ စားသောက်ဖို့၊ နေဖို့ထိုင်ဖို့ ဝတ်ဖို့ အကုန်လုံးအစကနေပြန်စရမှာဆိုတော့ အကူအညီအများကြီးလိုတယ်” ဟု ဆိုသည်။

    ယာယီနေထိုင်ရေးနှင့် စားဝတ်နေရေးအတွက် အဆင်ပြေသော်လည်း ရေရှည်အတွက် အဆင်ပြေမည်မဟုတ်ကြောင်းနှင့် အိုးအိမ်အသစ်များဆောက်လုပ်ရန် အကူအညီများစွာ လိုအပ်မည်ဖြစ်ကြောင်းလည်း ဆိုသည်။

    ထို့ကြောင့် မီးဘေးသင့်ပြည်သူများကို ခန့်မှန်းတန်ဖိုးရှစ်သိန်းကျပ်ရှိ ဓနိမိုး၊ ဝါးထရံကာ အိမ်ငယ်များကို အလှူရှင်များစုပေါင်းကာ ဆောက်လုပ်ပေးနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်သဖြင့် အလှူရှင်များ ဝိုင်းဝန်ပါဝင်လှူဒါန်းရန်လည်း ကတုံးပေါ်ရွာအခြေစိုက် စေတနာရှင် လူမှုကူညီရေးအသင်းမှ လူမှုကွန်ရက်စာမျက်နှာတွင် တိုက်တွန်းထားသည်။

    ရွေးကောက်ပွဲကာလဖြစ်သည့် လက်ရှိအချိန်တွင် ကတုံးပေါ်ကျေးရွာမီးဘေးသင့်ပြည်သူအတွက် မွန်ညီညွတ်ရေးပါတီ ( MUP )နှင့် ပြည်ခိုင်ဖြိုးပါတီမှလည်း မီးဘေးသင့်ပြည်သူများ၏ အရေးပေါ်လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။

    မီးဘေးသင့်ပြည်သူများတွင် ကျောင်းသား၊သူ စုစုပေါင်း (၃၈) ဦးပါဝင်ပြီး မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသား(၂၀) ဦးနှင့် ကျောင်းသူ (၁၈) ဦးပါဝင်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks