spot_img
Saturday, February 28, 2026
More
    spot_img
    Homeသတင်းရွေးကောက်ပွဲ မဲစာရင်းအတွင်း အမည်မပါရှိသူ သံဖြူဇရပ်မြို့ခံများကို အမည်ကဒ်ပြားလိုက်လံပေးဆောင်

    ရွေးကောက်ပွဲ မဲစာရင်းအတွင်း အမည်မပါရှိသူ သံဖြူဇရပ်မြို့ခံများကို အမည်ကဒ်ပြားလိုက်လံပေးဆောင်

    -

    စစ်ကော်မရှင် ရွေးကောက်ပွဲ မဲစာရင်းအချက်အလက်မှားယွင်းမှုများရှိနေဆဲဖြစ်ပြီး အမည်စာရင်းမပါသူ သံဖြူဇရပ်မြို့ပေါ် မဲဆန္ဒရှင်အချို့ကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှုးအဖွဲ့မှ အမည်ကဒ်ပြားများ အိမ်တိုင်ရာရောက် လာရောက်ပေးဆောင်ထားကြောင်း ကာယကံရှင်များမှ IMNA သို့ပြောသည်။

    လာရောက်ပေးဆောင်ထားသည့် ကဒ်ပြားတွင် အမည်၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင်အမှတ်၊ မဲစာရင်းအမှတ်၊ မဲရုံအမှတ် စသည့်အချက်အလက်များ ပါရှိပြီး မဲရုံသို့လာရောက်ပါက နိုင်ငံသားစိစစ်ရေးကဒ်ပြားကိုယူဆောင်ရန်လည်း မှတ်ချက်အဖြစ်ရေးသားထားသည်ကို တွေ့ရသည်။

    သို့သော် အမည်စာရင်းလာရောက်ပို့ဆောင်ခံထားရသူ သံဖြူဇရပ်မြို့ခံအများစုသည် ပြည်ပသို့တရားဝင်လမ်းကြောင်းဖြင့် ရောက်ရှိနေသူလူငယ်များဖြစ်ပြီး အမည်ကဒ်ပြား လာရောက်ပေးဆောင်ထားသည့်အပေါ် စိုးရိမ်စိတ်ဖြစ်သော် ဆန္ဒမဲပြုမည်မဟုတ်ကြောင်း ကာယကံရှင် လူငယ်အမျိုးသမီးဆိုသူက ပြောသည်။

    ပုံ-Thanphyuzayat Watch

    “အိမ်ထိ စာပဲပို့ပို့၊ ဘာပဲပို့ပို့ မထည့်ဘူး။ ပြန်လည်းမပြန်ဘူး။ ပြည်တွင်းမှာရှိတဲ့သူတွေတောင် မထည့် ကြတာကို ငါတို့က ပြန်ပြီး ထည့်စရာလားလေနော်၊ ပြည်ပရှိတဲ့ သူတွေကိုလည်း ကြိုတင်မဲထည့်ခိုင်း တယ်၊ ပြီးတော့ ပြည်တွင်းမှာလည်း မဲထည့်ဖို့နာမည်ပါနေတယ်။ အဲ့လိုဖြစ်နေတာ”ဟု ၎င်းက ဆို သည်။

    ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ မဲစာရင်းအချက်အလက်များသည် ကြိုတင်မဲအဖြစ်သက်ဆိုင်ရာမြန်မာသံရုံးများတွင်သာ ပါရှိရမည်ဖြစ်ပြီး ယခုကဲ့သို့ လွဲမှားနေသည့် စစ်ကောင်စီ၏ မဲစာရင်းများကြောင့်  မဲလိမ်လည်မှုများသည့် အတုအယောင်ရွေးကောက်ပွဲသာ ဖြစ်မည်ဟုလည်း အထက်ပါလူငယ် အမျိုးသမီးက သုံးသပ်ပြော ဆိုထားသည်။

    မွန်ပြည်နယ်အတွက် ပြည်ပရောက်မဲဆန္ဒရှင်များ၏ ကြိုတင်မဲများကို ပြီးခဲ့သည့် ဒီဇင်ဘာ (၂၅) ရက်နေ့က မော်လမြိုင်အထွေထွေ အုပ်ချုပ်ရေးမှုးရုံး ရွှေမြိုင်ခန်းမတွင် ရေတွက်ခဲ့ရာ မွန်ပြည်နယ်မှ နိုင်ငံပေါင်း ၂၂ နိုင်ငံသို့ ရောက်ရှိနေသူ မဲဆန္ဒရှင်ပြည်သူ (၁၀၄) ဦးအနက် (၈၄) ဦးသာ ရှိခဲ့ကြောင်းလည်း စစ်ကော်မရှင် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှ ထုတ်ပြန်ချက်အရ သိရသည်။

    ပြန်လည်ကုစားထားသည့် ရွေးကောက်ပွဲမဲစာရင်းများတွင်လည်း အမည်စာရင်းမှာယွင်းခြင်း၊ သေဆုံးသူအမည်များပါရှိခြင်းနှင့် အချက်အလက်မှားယွင်းမှုများ ရှိခဲ့သဖြင့် ရွေးကောက်ပွဲအပိုင်း(၁)တွင် မဲရလဒ်ကောင်းများ မရရှိခဲ့ကြောင်းလည်း မွန်ညီညွတ်ရေးပါတီနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

    "မဲစာရင်းကိစ္စမှာ ပထမအကြိမ်မဲစာရင်းကပ်တယ် ဒုတိယအကြိမ်မဲစာရင်းကပ်တယ် အဲဒီမှာအမည်တွေပါပေမဲ့ တတိယအကြိမ်မဲစာရင်းမှာ အမည်မပါတာတွေရှိတယ် အချို့ကမဲစာရင်းရှိလူမရှိ၊ လူရှိမဲစာရှင်းမရှိလည်းရှိတယ် အဲလိုတွေဖြစ်နေတော့ ပါတီကို မဲထွက်ပေးသူ နည်းသွားတာတွေလည်း တွေ့ရတယ်"ဟု သူက ဆိုသည်။

    စစ်အုပ်စု လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီတို့ ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့က နေပြည်တော်တွင တွေ့ဆုံခဲ့ချိန် တတိယအကြိမ် မဲစာရင်းအတွင်း အမည်မပါသူများကို မဲစာရင်းထည့်သွင်းပေးရန် နိုင်ငံရေးပါတီများက တောင်းဆိုခဲ့ပြီး စိစစ်ရန်အချိန်မလုံလောက်မှုကြောင်းဟုဆိုပြီး ရွေးကောက်ပွဲကော်မရှင်မှ ငြင်းဆိုခဲ့ကြောင်းလည်း သိရသည်။

    ရွေးကောက်ပွဲကော်မရှင်မှ မဲပေးရမည့်စာရင်းကို သုံးကြိမ်တိုင် ထုတ်ပြန်ခဲ့သော်လည်း စာရင်းအတွင်း ပါဝင်နေသူများ၏ အမည်များလွဲမှားမှုရှိခြင်း၊ သေဆုံးသူများ၏အမည်စာရင်းများ ပါရှိနေခြင်း၊ ဒေသတွင်း နေထိုင်သူများ၏ အမည်များမပါရှိကြောင်းလည်း နိုင်ငံရေးပါတီအချို့က ဝေဖန်မှုများရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks