spot_img
Wednesday, January 7, 2026
More
    spot_img
    Homeသတင်းလောင်းကစားဝိုင်းနှင့် မူးယစ်ဆေးဝါးကိစ္စနာမည်ကြီးသူ ရေးခရိုင်နယ်ထိန်းတပ်ကြပ်တစ်ဦးကို ရေးဘီလူးရှင်းလင်း

    လောင်းကစားဝိုင်းနှင့် မူးယစ်ဆေးဝါးကိစ္စနာမည်ကြီးသူ ရေးခရိုင်နယ်ထိန်းတပ်ကြပ်တစ်ဦးကို ရေးဘီလူးရှင်းလင်း

    -

    မွန်ပြည်နယ်၊ရေးမြို့နယ်အတွင်း အကောက်အခွန်ရရှိရေး လောင်းကစားဝိုင်းအားပေးအားမြောက်ပြုပြီး မူးယစ်ဆေးဝါးရောင်းဝယ်ရေးပါ လုပ်ဆောင်နေသူ ရေးခရိုင်နယ်ထိန်းတပ်ကြပ်တစ်ဦးကို ရေးဘီလူးအဖွဲ့မှ ဒီဇင်ဘာ ၂၉ ရက်နေ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ယနေ့တွင် ပြောဆိုရှင်းလင်းထားချက်အရ သိရသည်။

    သီရိခေမာရပ်ကွက် ဆွမ်းလောင်းရုံအနီးတွင် တပ်ကြပ်ကြီး ဘုန်းမြင့်ဆိုသူကို ယမန်နေ့ညနေ ၄ နာရီက ပစ်ခတ်ရှင်းလင်းခဲ့ပြီး ကျည်ထိဒဏ်ရာများဖြင့် ဆေးရုံအရောက်တွင် သေဆုံးခဲ့ရသည်။

    အဆိုပါ ခရိုင်နယ်ထိန်းတပ်ကြပ်ကို စစ်ကော်မရှင်နှင့်ပူးပေါင်းခြင်းမလုပ်ဆောင်ရန်  လောင်းကစားဝိုင်းနှင့် မူးယစ်ဆေးဝါးကိစ္စကြောင့် ပြည်သူလူထုမှ လာရောက်တိုင်တန်းချက်အရ ၂၀၂၄ ခုနှစ်ကပင် ရေးဘီလူးအဖွဲ့မှ သတိပေးတားမြစ်ခြင်း လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

    ထို့သို့ သတိပေးခြင်းကို လက်ခံဘဲ ပြည်သူ့လူထုနှင့် မရပ်တည်သဖြင့် ခရိုင်နယ်ထိန်းတပ်ကြပ်ကို ပစ်ခတ်ရှင်းလင်းမှုလုပ်ဆောင်ခဲ့ကြောင်း  ရေးဘီလူးခေါင်ဆောင်က ဆိုသည်။

    "ကျနော်တို့ရဲ့စကားကို နားမထောင်ဘူး စစ်တပ်အောက်မှာ ကျွန်တစ်ကောင်လိုရုန်းကန်ပေးတယ်။ သူကခရိုင်ရဲဆိုပေမဲ့ သူ့ရဲ့လုပ်ပိုင်ခွင့်တွေက များတယ်။ ရာထူးမြင့်တယ်။ သူရဲ့လုပ်ပိုင်ခွင့်တွေကို ကျနော်တို့တားတယ် သတိပေးပေမဲ့ ပြည်သူလူထုနဲ့ မပူးပေါင်းတဲ့အတွက်ကြောင့်မို့ ကျနော်ရေးဘီလူးတပ်ရင်းကနေ သုတ်သင်ရှင်းလင်းလိုက်ခြင်းဖြစ်တယ်"ဟု သူက ပြောသည်။

    ခရိုင်တပ်ကြပ်ထံတွင် သေနတ်နှင့် ရဲတပ်ဖွဲဝင်သုံးပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့သည်ဟုလည်း သိရသည်။

    ရေးမြို့နယ်အတွင်းရှိ စစ်ကော်မရှင် လက်အောက်ခံ ပျူစောထီးများ၊ ရဲတပ်ဖွဲ့များနှင့် ဝန်ထမ်းများသည် ပြည်သူများနှင့် တစ်သားတည်းရပ်တည်ပူးပေါင်းရန် ပစ်ခတ်ရှင်းလင်းမှု ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ရေးဘီလူးမှ ပြောဆိုသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်နေ့ကလည်း KNLA တပ်ရင်း ၂၇ နှင့် ရေးဘီလူးအဖွဲတို့ ပူးပေါင်း၍ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ရာဖူးကျေးရွာအတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်တပ်၏ ခလရ ၂၈၂ တပ်စခန်းကို ဝင်ရောက်တိုက်မှုလုပ်ဆောင်ခဲ့ပြီး မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,400SubscribersSubscribe
    spot_img

    Latest posts