spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းလူမျိုးလွတ်လပ်ခွင့်အတွက် ကြိုးပမ်းနေသူ လူငယ်အချင်းချင်းကြား ချိတ်ဆက်ပူးပေါင်းရေး အရှိန်မြှင့်ရန်  NMSP (AD) မှ မွန်လူငယ်များနေ့တွင် တိုက်တွန်း

    လူမျိုးလွတ်လပ်ခွင့်အတွက် ကြိုးပမ်းနေသူ လူငယ်အချင်းချင်းကြား ချိတ်ဆက်ပူးပေါင်းရေး အရှိန်မြှင့်ရန်  NMSP (AD) မှ မွန်လူငယ်များနေ့တွင် တိုက်တွန်း

    -

    ယနေ့ မွန်လူငယ်များ လူမျိုးလွတ်လပ်ခွင့်အတွက် ကျရာတာဝန် ထမ်းဆောင်နေစဉ် မိမိတို့နှင့်ဘဝတူ  ကြိုးပမ်းနေသူ လူငယ်အချင်းအချင်းကြား ချိတ်ဆက်ပူးပေါင်းရေး အရှိန်မြှင့်ရန် မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP (AD) မှ ထုတ်ပြန်သည့် မွန်လူငယ်များနေ့ သဝဏ်လွှာတွင် တိုက်တွန်းထားသည်။

    မွန်လူငယ်များ၏ အင်းအား၊ လွတ်လပ်ခွင့်နှင့် လူမျိုးတန်းတူအခွင့်အရေးများကို နှိုးဆော်ရန် နှစ်စဉ်ပြုလုပ်လာသော မွန်လူငယ်များနေ့သည် ယနေ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စုဒ္ဒသမအကြိမ် (၁၄) ကြိမ်မြောက်သို့ ရောက်ရှိလာပြီးဖြစ်သည်။

    လက်ရှိနိုင်ငံရေးအခြေအနေတွင် မွန်လူငယ်များ ကဏ္ဍအသီးသီးတွင် လူမျိုးရေးအတွက် တာဝန်ယူဆောင်ရွက်နေသည့်အလျှောက် "ယနေ့လူငယ် ယနေ့တာဝန်"ဆိုသည့် ၁၄ ကြိမ်မြောက် မွန်လူငယ်များနေ့၏ ကြွေးကြော်သံနှင့်အတူ လူငယ်များအားလုံး  မိမိတို့၏ လက်ရှိထမ်းဆောင်နေသည့်တာဝန်များကို ရာမညမွန်တို့၏ လွတ်မြောက်ရေးလမ်းကြောင်းသို့ ဦးတည်နိုင်ရန်လိုအပ်ကြောင်း ဆိုသည်။

    ရန်သူများမှ နိုင်ငံ၏ နိုင်ငံရေးကို ခြယ်လှယ်နေခြင်း၊ ဒေသခံပြည်သူများအပေါ် အနိုင်ကျင့်စော်ကားနေခြင်းတို့သည် လက်နက်ကိုင်အင်အားဖြင့်သာ လူမျိုးလွတ်မြောက်ခွင့်ကို ရောက်ရှိနိုင်မည်ဖြစ်သဖြင့် လက်နက်ကိုင်တိုက်ပွဲဝင်ခြင်းလမ်းစဉ်ကို အဓိကထား ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်သည်။ "ကျနော်တို့ လူမျိုးလွတ်မြောက်ခွင့်သည် ကျနော်တို့လက်ထဲမရောက်မခြင်း တိုက်ပွဲများ ဘယ်တော့အခါမှ မပြီးဆုံးပါ။ ဆက်လက်တိုက်ပွဲဝင်ရမည်ဖြစ်သည်"ဟု သဝဏ်လွှာတွင် ဖော်ပြပြောဆိုသည်။

    တိုက်ပွဲဝင်နေစဉ် ရာမညမွန်လူငယ်အပေါင်း အချင်းအချင်း ချိတ်ဆက်ပူးပေါင်းပြီး ရာမညမွန်ပြည်သို့ အတူတကွချီတက်ရန်လည်း မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP (AD) မှ တိုက်တွန်းထားသည်။

    ၁၄ ကြိမ်မြောက် မွန်လူငယ်များနေ့ကို ကြိုဆိုသောအားဖြင့် ရာမညမွန်တပ်တော်(RMA) လေ့ကျင့်ရေးတပ်မှ အကြိုအခမ်းအနား အစီအစဥ်၊ အားကစားလှုပ်ရှားမှုနှင့် စကားပြောစွမ်းရည်ပြိုင်ပွဲများကို လေ့ကျင့်ရေးတပ်အတွင်း ဒီဇင်ဘာ ၂၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သေးသည်။

    မွန်လူငယ်ဆုံရပ်အဖွဲ့ MYF မှ ဦးဆောင်၍ ယခုနှစ် မွန်လူငယ်များနေ့အခမ်းအနားကို မွန်ပြည်သစ်ထိန်းချုပ်နယ်မြေ၊ ရေးချောင်းဖျားဒေ၊ ပနန်းပုံရွာတွင် ကျင်းပနေခြင်းဖြစ်ပြီး ဒေသအသီးသီး အဖွဲ့အစည်းအသီးသီးမှ မွန်လူငယ်များ ဇာတိသွေး၊ ဇာတိမာန် ပြသသည့်အနေဖြင့် လာရောက် တက်ရောက်သူ ထောင်ဂဏန်းနီးပါးအထိ ရှိကြောင်းလည်း တက်ရောက်သူ မွန်လူငယ်တစ်ဦးမှ သိရသည်။

    ပြည်ပသို့ ရောက်ရှိနေသူ မွန်လူငယ်များလည်း လူငယ်အချင်းချင်းကြားသွေးစည်းညီညွတ်ရေးအတွက် မွန်လူငယ်များနေ့မတိုင်မီ ဒီဇင်ဘာ ၂၀ ရက်နေ့နှင့် ၂၆ ရက်နေ့အတွင်း မွန်လူငယ်များနေ့ အကြိုအခမ်းအနားကို ကျင်းပနေခြင်းများရှိသည်ဟု သိရသည်။

    ပုံ-NMSP(AD)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks