spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းဘတ်ပြုလုပ်ပေးစဥ်ကာလအတွင်း အလုပ်ရုံ၊ စက်ရုံများရှိ ရွှေ့ပြောင်လုပ်သားများ၏ အချက်အလက်များကို စစ်ဆေးတင်းကြပ်နေ

    ဘတ်ပြုလုပ်ပေးစဥ်ကာလအတွင်း အလုပ်ရုံ၊ စက်ရုံများရှိ ရွှေ့ပြောင်လုပ်သားများ၏ အချက်အလက်များကို စစ်ဆေးတင်းကြပ်နေ

    -

    ထိုင်းနိုင်ငံ ရွှေ့ပြောင်းလုပ်သမားများအတွက် အလုပ်လုပ်ကိုင်ခွင့် (ဘတ်)အသစ်ပြုလုပ်ပေးနေသည့် ကာလဖြစ်သောကြောင့် စက်ရုံ၊ အလုပ်ရုံများတွင် အထောက်အထားမဲ့အလုပ်သမားများ ဖမ်းဆီးခြင်း၊ လုပ်ငန်းခွင် စည်းမျဉ်းဥပဒေနှင့် ကိုက်ညီမှုရှိမရှိတို့ကို ဝင်ရောက်စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း အလုပ်သမားအရေးကူညီနေသူများထံမှ သိရသည်။

    ယခုဒီဇင်ဘာ ၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ တရားမဝင်နေထိုင်အလုပ်လုပ်ကိုင်သူ‌ နိုင်ငံခြားသားများကို ဖမ်းဆီးအရေးယူမည့်စီမံချက်အောက်တွင် တစ်နိုင်ငံလုံးအနေဖြင့်
    နိုင်ငံခြားသား ၁၃၀၇၃ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

    အကြီးစားလုပ်ငန်းခွင်နှင့် ထိုင်းနိုင်ငံသားလုပ်သားများအတွက် သတ်မှတ်ထားသည့် လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေသူ နိုင်ငံခြားများကို ဖမ်းဆီးနေပြီး၊ ယင်းတို့၏ ဆောင်းပုဒ်အတိုင်း စစ်ဆေး၊ ဖမ်ဆီးကာ နေရပ်ပြန်ပို့ရေး လုပ်ဆောင်နေသည်ဟု ထိုင်းရောက်အလုပ်သမားအရေး ကူညီနေသူတစ်ဦးက ပြောသည်။

    “ဘတ်လုပ်ပေးတဲ့ကာလဆို လုပ်ငန်းခွင်အကြီးကြီးကိုလိုက်ပြီးတော့ စစ်ဆေးတယ်ပေါ့ အစိုးရဝန်ကြီးအသစ်က ချမှတ်ထားတဲ့လုပ်ငန်းစဉ် ၅ ခုမှာ ထိုင်းတွေရဲ့ အလုပ်အကိုင်တွေမှာ ရောက်လုပ်ကိုင်နေတဲ့တရားမဝင် နိုင်ငံခြားသားတွေကိုစိစစ်မယ်။ ထိုင်းလုပ်သားတွေအတွက် သတ်မှတ်ထားတဲ့ အလုပ်တွေမှာ နိုင်ငံခြားသားတွေဝင်လုပ်နေသလား၊ စီမံချက်တွေနဲ့အခြားနိုင်ငံသားတွေလည်း တော်တော်များများထိတယ် tour Guide လုပ်နေတာတွေ ဆိုက်တွေမှာကန်ထရိုက် လုပ်တာတွေကိုဖမ်းတယ်” ဟု ပြောသည်။

    အဆိုပါရက်ပေါင်း ၂၀ စစ်ဆင်းရေးကာလအတွင်း သံသယရှိသူ စုစုပေါင်း ၁၂၂၀၇ ဦးကိုဖမ်းဆီးခဲ့ပြီး၊ ယင်းအထဲတွင် မြန်မာနိုင်ငံသား ၄၉၂၂ ဦး၊ ကမ္ဘောဒီးယား ၅၀၆၊ လာအို ၅၀၇ နှင့် ဗီယက်နမ်၊ တရုတ်၊ အိန္ဒိယ၊ ရုရှားနှင့် အခြားနိုင်ငံသားများလည်းပါဝင်သည်ဟု သိရသည်။

    ထိုင်းနယ်စပ်တစ်ခွင်တွင် မူးယစ်ဆေးဝါး၊ လက်နက်တင်သွင်းမှု၊ ကျားဖြန့်လုပ်သားများကိုပါအရေးတယူ လုပ်ဆောင်နေသောကြောင့် ယင်းလုပ်ငန်းစဉ်ထဲတွင် နယ်စပ်မှတရားမဝင်ဝင်ရောက်သူများသာ နေ့စဉ် အဖမ်းအဆီးခံရမှုဖြစ်ပွားနေခြင်းဖြစ်သည်။

    ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားများအား ကော့သောင်း-ရနောင်းနယ်စပ်အပြင် မဲဆိုင်၊ မဲဆောက် နယ်စပ်မှတစ်ဆင့် စစ်တပ်ထံပြန်လည်အပ်နှင်းနေကြောင်း၊ စစ်တပ်မှလိုအပ်ချက်အရ စစ်မှူးထမ်းခိုင်းမည်ကို သိရှိသော်လည်း နှစ်နိုင်ငံတရားဝင်ဆက်ဆံရေးအရပို့ဆောင်နေရဆဲဖြစ်သည်ဟု အလုပ်သမားအရေး ကူညီနေသူတစ်ဦးကဆိုသည်။

    “နယ်စပ်မှာအခြေအနေပေးရင်ပေးသလိုဂိတ်တွေချတယ် မူးယစ်ဆေးဝါး၊ လက်နက်နဲ့ပတ်သက်တာတွေ၊ ကျားဖြန့်ကိစ္စတွေကိုစောင့်ဖမ်းတဲ့အခါ တရားမဝင်ဝင်လာတဲ့သူတွေ ပိုအဖမ်းခံ ရတာပေါ့နော်၊ အချို့ကတော့ အဲ့ကနေပဲဖမ်းပြီးပြန်ပို့လိုက်တာလည်းရှိတယ် မပို့လို့လည်းမရဘူး အဲ့လိုမပို့ရင် ကျွေးမွေးထိန်းသိမ်းဖို့အတွက် လည်းအဆင်မပြေဘူး၊ အရွယ်ရောက်တဲ့သူတွေကို စစ်မှူးထမ်း ပို့လိုက်တယ်ဆိုတာလည်း သူတို့မသိတာ မဟုတ်ဘူးသိတယ်၊ ဒါမဲ့စစ်တပ်နဲ့တရားဝင်သူတို့ရဲ့နိုင်ငံရေးအကျိုးအမြတ်တွေဘာညာရှိတယ်”ဟုပြော သည်။

    တစ်ဖက်တွင်လည်း လာမည့်နှစ်သစ်ကူးကာလအတွင်း ချမှတ်ထားသည့် မူဝါဒများနှင့်အတူ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုံခြုံရေးအစီအမံများကိုအရှိန်မြှင့်ဆောင်ရွက်သွားရန်ရှိပြီး၊ ဒီဇင်ဘာ ၁၇ ရက်မှစပြီး၊ လက်နက်၊ မူးယစ်ဆေးဝါးနှင့် လောင်းကစားဝိုင်များကို ပိုက်စိပ်တိုက်နှိမ်နင်းနေပြီးဖြစ်ကြောင်း သိရသည်။

    ဖမ်းဆီးစစ်ဆေးမည့်အမှုအမျိုးအစားများတွင် တရားမဝင်ဝင်ရောက်မှု၊ Overstay နေထိုင်မှု၊ တရားမဝင် ဝင်ရောက်သူများကို ထိန်းသိမ်းထားရှိပေးခြင်း၊ သယ်ယူပို့ဆောင်ခြင်း သို့မဟုတ် လက်ခံခြင်း၊ သတင်းပို့အကြောင်းကြားခြင်း ပျက်ကွက်မှု၊ နေခွင့်ငြင်းပယ်ခံရမှု၊ နေထိုင်ခွင့်ပယ်ဖျက်ခံရခြင်း၊ အလုပ်သမား ဥပဒေချိုးဖောက်ခြင်း၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်သောပြစ်မှုများ ၊ ထိုင်းနိုင်ငံမှထုတ်ပြန်ထားသော ဖမ်းဝရမ်းဖြင့် နိုင်ငံခြားသားများကိုဖမ်းဆီးခြင်း၊ နိုင်ငံတကာတရားခံလွှဲပြောင်းရေး ဝရမ်းများဖြင့် ဖမ်းဆီးနေခြင်းဖြစ်သည်။

    ထို့ကြောင့် ထိုင်းနိုင်ငံသို့နည်းလမ်းပေါင်းစုံဖြင့် ဝင်ရောက်အလုပ်လုပ်ကိုင်နေကြသည့် အထောက်အထား အချက်အလက်မပြည့်စုံသူ မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများ ယခုကာလတွင် အသွားအလာ အထူးဂရုစိုက်ရန်လိုအပ်သည်ဟုလည်း တိုက်တွန်းပြောဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks