spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းတော်လှန်ရေးတပ်ဖွဲ့များ အာယုတောင်နှင့်အနီးတဝိုက်ရွာများအတွင်း မဝင်ရောက်နိုင်ရေး ဒေသခံများအားခြိမ်းခြောက်

    တော်လှန်ရေးတပ်ဖွဲ့များ အာယုတောင်နှင့်အနီးတဝိုက်ရွာများအတွင်း မဝင်ရောက်နိုင်ရေး ဒေသခံများအားခြိမ်းခြောက်

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း အာယုတောင်နှင့် အနီးတစ်ဝိုက်ကျေးရွာများအတွင်း  တော်လှန်ရေးတပ်ဖွဲ့များ မဝင်ရောက်နိုင်ရေး စစ်ကော်မရှင်မှ အင်အားအများအပြားဖြင့်လုံခြုံရေးအထူးတင်းကြပ်ပြီး ဒေသခံများအား ဖိအားပေး ခြိမ်းခြောက်ပြောဆိုနေကြောင်း သိရသည်။

    ယခုဒီဇင်ဘာလတွင် အာယုတောင်နှင့် အနီးတစ်ဝိုက်ရှိ ရွာလမ်းများ၌ နေရာယူထားသည့် စစ်ကော်မရှင်တပ်သားများ၊ ညကင်းစောင့်တပ်သားများသည်  ညပိုင်း၌ လူနေအိမ်များအတွင်း တစ်အိမ်တက်တစ်အိမ်ဆင်း အကြောင်းမဲ့ဝင်ရောက်စစ်ဆေးလျှက်ရှိသည်။

    ဝင်ရောက်စစ်ဆေးစဉ် လူဦးရေမေးမြန်းခြင်း၊ ဧည်သည်လက်ခံထားခြင်း ရှိမရှိနှင့် တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်လာပါက စစ်ကော်မရှင်အဖွဲ့ထံ သတင်းပို့ရန် ဖိအားပေး ခြိမ်းခြောက်ပြောဆိုလျှက်ရှိသည်။

    “ ရွာအပြင်ရော ရွာအတွင်းရော အဝင်အထွက်လုပ်ရတဲ့လမ်းမှန်သမျှ သူတို့ ကင်းစောင့်နေကြတယ်။ ပုန်းပြီးစောင့်နေတာ ရှိတယ်။ ကားနဲ့သွားလာနေတာလဲရှိတယ်။ စစ်ဆေးမှုတွေလဲ လုပ်တယ်။ လူတွေကို ရိုက်ထားတာလဲရှိတယ် သူများလဲတွေ့တယ်။ ဒါမဲ့ မပြောရဲကြဘူး ညပိုင်းဆိုလဲ ကင်းစောင့်တယ် နေအိမ်တွေ တစ်အိမ်ပြီးတစ်အိမ် တက်လိုက်ဆင်းလိုက် ဧည့်သည်တွေ လိုက်စစ်နေတယ် နေအိမ်အကုန်လုံးတော့ မဟုတ်သေးဘူး” ဟု ဆိုသည်။

    ၎င်းအပြင်  အာယုတောင်ကျေးရွာအတွင်း တော်လှန်ရေးတပ်ဖွဲ့များ ထပ်မံဝင်ရောက်ပစ်ခတ်ခဲ့မှုလုပ်ဆောင်ပါက ‌ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ချမည်ဟု ပြည်သူ့စစ်ခေါင်းဆောင်လင်းဦးက ခြိမ်းခြောက်ပြောဆိုထားသည်ဟု ရေးဒေသခံတစ်ဦးက ပြောသည်။

    “‌လင်းဦးပြောတယ် ဒီအာယုတောင်ရွာကို တော်လှန်ရေးအဖွဲ့တွေ နောက်တစ်ခါဝင်ပစ်ခဲ့ရင် ရွာအတွင်းကိုလက်နက်ကြီးနဲ့ ပစ်ချတော့မယ်တဲ့။ တော်လှန်ရေးအဖွဲ့တွေ ရွာအထဲ ဝင်လာတာကို ဘယ်သူမှ သူ့ကိုမပြောပြဘူး။ ရွာသားတွေက သူ့ဘက်မပါဘဲနဲ့ ဟိုဘက်မှာရှိနေတယ်လို့ သူပြောချင်တာ။ တကယ်ဆို ရွာသားတွေက ဘာမသိဘူး ဟိုဘက်အဖွဲ့က ဘယ်လိုဝင်လာမှန်းတောင်မသိဘူး ရွာသားတွေက အကုန်ကြောက်နေရတာလေ ရွာမှာနေရတာလဲ မလုံခြုံတော့ဘူး၊ ဘယ်မှာနေလို့နေရမှန်းတောင် မသိတော့ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

    ဒီဇင်ဘာလ တတိယအပတ်မှစ၍ အာယုတောင်ရွာအခြေစိုက် ခမရ ၃၄၃ တပ်ရင်း၊ ခမရ ၅၈၇ တပ်ရင်းနှင့် ပြည်သူ့စစ်အဖွဲ့တို့မှ အင်အား ၁၀၀ နီးပါးဖြင့် အာယုတောင်ကျေးရွာမှ ဝယ်ရဟိုင်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးလျှက်ရှိသည်။

    ထို့ကြောင့် စစ်ကော်မရှင်တပ်ဖွဲ့မှ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ရွာသစ်ရွာနှင့် အနီးဝန်းကျင်ရှိ ခြံ‌အတွင်းနေထိုင်သူများ ဖမ်းဆီးမခံရရေး ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

    ပြည်သူ့စစ်အဖွဲ့ အင်အား ၁၅ ဦးခန့်ရှိသည့် အာယုတောင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ပြီးခဲ့သည့် ဒီဇင်ဘာ ၇ ရက်နေ့တွင် ရေးဘီလူးအဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ခန့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

    လင်းဦး ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့သည် မော့ကနင်အခြေစိုက် ခလရ-၁၀၆၊ အမတ-၃၁၇၊ ခမရ – ၅၈၈၊ ၅၈၇အပြင် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA အဖွဲ့နှင့်အတူ ပူးပေါင်းပြီး အာယုတောင် ရွာတစ်ဝိုက်သို့ စစ်ကြောင်းထိုးခြင်း ဝတ်စုံပြည့်ဖြင့် ကင်းလှည့်လည်ခြင်းများကို တစ်ပတ်တစ်ကြိမ်လုပ်ဆောင်နေကြောင်းလည်း ရေးဒေသခံများမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks