spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်အကျဉ်းထောင်ရှိ အကျဉ်းသားနှစ်ထောင်ကျော်ကို ထောင်ပြောင်းရွေ့နေ

    မော်လမြိုင်အကျဉ်းထောင်ရှိ အကျဉ်းသားနှစ်ထောင်ကျော်ကို ထောင်ပြောင်းရွေ့နေ

    -

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်ရှိ မော်လမြိုင်အကျဉ်းထောင်မှ အကျဉ်းသား နှစ်ထောင်ကျော်ကို အသစ်ဆောက်လုပ်ထားသည့် မော်လမြိုင်မြို့နယ် မင်းရွာကျေးရွာ အကျဉ်းထောင်အသစ်သို့ ပြောင်းရွေ့နေကြောင်း မော်လမြိုင်ဒေသခံများထံမှတစ်ဆင့်သိရသည်။

    အကျဉ်းသားများကို ဒီဇင်ဘာလ ၁၂ ရက်နေ့မှစ၍ လုံခြုံရေးအပြည့်ဖြင့် နေ့စဥ်ပြောင်းရွေ့နေပြီး လက်ရှိ မော်လမြိုင်အကျဉ်းထောင်အတွင်း အကျဉ်းသားအရေအတွက် အနည်းငယ်သာကျန်ရှိတော့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

    မော်လမြိုင်မြို့ခံတစ်ဦးက “သိရသလောက်က အချုပ်သားနည်းနည်းလောက်ပဲကျန်တော့တယ်။ အမှုကြီးတဲ့အကျဉ်းသားတွေအကုန်လုံးက ပြောင်းလိုက်ကုန်ပြီး။ တစ်ချို့က ဘားအံထောင်ကိုပြောင်းတာရှိတယ်။ အသစ်ဆောက်လုပ်ထားသည့် ကျိုက်မရောထောင်ကို ပြောင်းတာရှိတယ်။ ဘယ်လိုအမှုခွဲပြီးပို့တာကကျတော့ အတိကျမသိရသေးဘူး။” “သိရသလောက်က အချုပ်သားနည်းနည်းလောက်ပဲကျန်တော့တယ်။ အမှုကြီးတဲ့အကျဉ်းသားတွေအကုန်လုံးက ပြောင်းလိုက်ကုန်ပြီး။ တစ်ချို့က ဘားအံထောင်ကိုပြောင်းတာရှိတယ်။ အသစ်ဆောက်လုပ်ထားသည့် ကျိုက်မရောထောင်ကို ပြောင်းတာရှိတယ်။ ဘယ်လိုအမှုခွဲပြီးပို့တာကကျတော့ အတိကျမသိရသေးဘူး။” ဟုဆိုသည်။

    မော်လမြိုင်မြို့ ဖက်တန်းအရပ်ရှိ  အကျဉ်းထောင်မြေနေရာကို အစိုးရအဖွဲ့များက ပုဂ္ဂလိကလုပ်ငန်းရှင်များထံ ရောင်းချလိုက်သည့်အတွက် ၂၀၂၂ ခုနှစ်မှစ၍ မင်းရွာကျေးရွာအဝင်လမ်းတွင် အကျဉ်းထောင်အသစ်ကို စတင်ဆောက်လုပ်ခဲ့သည်။

    အကျဉ်းသားအချို့ကို ဘားအံအကျဉ်းထောင်၊ သထုံအကျဉ်းထောင်သို့ အသီးသီးခွဲ၍ ပြောင်းရွေ့မှုများလည်း လုပ်ဆောင်နေကြောင်း ဆက်လက်ပြောထားသည်။

    လက်ရှိတွင်  သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများက ဖက်တန်းရပ်ရှိ မော်လမြိုင်အကျဉ်းထောင်အဆောက်အဦးကို စတင်ဖြိုချနေကြောင်းနှင့် စီးပွားရေးလုပ်ငန်းအတွက် ပြင်ဆင်ဆောင်ရွက်နေကြောင်း မော်လမြိုင် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

    “ဒီဖက်တန်းမှာရှိတဲ့ ထောင်က နေရာကောင်းတယ်။ စီးပွားရေးလုပ်လို့ကောင်းတဲ့နေရာတစ်ခုပဲ။ အခုသူတို့ဖြိုချနေပြီး သူတို့(စစ်ကော်မရှင်)လက်အောက်မှာရှိတဲ့ ခရိုနီအဖွဲ့နဲ့ တရုတ်ကုမ္ပဏီတွေပေါင်းပြီးတော့ showroom ဖွင့်ဖို့ စီစဉ်နေတယ်လို့ကြားမိတယ်။ ဟောင်းနေတဲ့အဆောက်အအုံတွေကို ဖြိုချနေတယ်။ ” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

    မော်လမြိုင်အကျဉ်းထောင်တွင် အကျဉ်းကျနေသည့်အကျဉ်းသူ/သား ၁၇၆၉ ဦးနှင့် အချုပ်သူ/သား ၂၈၄ ဦးရှိကြောင်း ထောင်တာဝန်ရှိသူနှင့်နီးစပ်သူတစ်ဦးမှ သိရသည်။

    မင်းရွာကျေးရွာရှိ အချုပ်ထောင်အသစ်သည် မော်လမြိုင်-ကျိုက်မရော ကားလမ်းဘေး မင်းရွာအဝင်လမ်းတွင်တည်ရှိပြီး ပြီးခဲ့သည့်၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့ကဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသေးသည်။

    မွန်ပြည်နယ်အတွင်း ကျိုက်မရော ဗဟိုအကျဉ်းထောင်၊ မော်လမြိုင် အချုပ်ထောင်၊ သထုံအကျဉ်းထောင်များအပြင် အကျဉ်းစခန်း၊ အလုပ်စခန်း ၁၀ ခုထက်မနည်းရှိနေပြီး နိုင်ငံရေးအကျဉ်းသားများကိုတော့ ကျိုက်မရောဗဟိုအကျဉ်းထောင်နှင့် သထုံအကျဉ်းထောင်တို့တွင် ချုပ်နှောင်ထားသည်ဟု သိရသည်။

    ပုံ- မော်လမြိုင်အကျဥ်းထောင် ယခင်ပုံဟောင်း

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks