spot_img
Friday, December 19, 2025
More
    spot_img
    Homeသတင်းကျိုက်ထိုတွင် စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် နှစ်ရက်အတွင်း အရပ်သား ၂ ဦးသေဆုံး၊ သုံးဦး ဒဏ်ရာရ

    ကျိုက်ထိုတွင် စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် နှစ်ရက်အတွင်း အရပ်သား ၂ ဦးသေဆုံး၊ သုံးဦး ဒဏ်ရာရ

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကော်မရှင်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နှစ်ရက်အတွင်း အရပ်သား နှစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု ဒေသခံနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ထံမှ သိရသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်နေ့က စစ်ကော်မရှင် အမတ-၃၁၀ မှ ကျိုက်ထိုမြို့နယ် ခရွဲကျေးရွာထဲကို ၁၂၀ မမ လက်နက်ကြီး နှစ်လုံး ပစ်ခတ်ခဲ့ရာ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

    ၎င်းပြင် ဒီဇင်ဘာလ ၁၆ ရက် နေ့လည်တွင်ပင် အမတ-၃၁၀ မှ ခရွဲကျေးရွာထဲသို့ ၁၂၀ မမ လက်နက်ကြီးနှင့် ၈၅ မမ လက်နက်ကြီး ၅ လုံးခန့် ပစ်ခတ်ခဲ့ရာ ခရွဲကျေးရွာမှ အရပ်သား အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရပြီး လူနေအိမ် (၅) လုံးလည်း ထိမှန်ပျက်စီးသွားခဲ့ရသည်။

    အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်ခန့်ကလည်း တပ်မ (၄၄) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံပူးပေါင်း စစ်ကြောင်းက ကျိုက်ထိုမြို့နယ်၊ ဖိုးဝါးသိမ်ကျေးရွာထဲသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။

    စစ်ကော်မရှင်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား အမျိုးသား နှစ်ဦးသေဆုံးခဲ့ရသည်ဟု KNU က ထုတ်ပြန်ထားသည်။

    ၎င်းပြင် စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးစဉ် အရပ်သားများကို လူသားဒိုင်းအဖြစ် အဓမ္မဖမ်းဆီးခေါ်ဆောင်ကာ အချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း အချို့ကို ယနေ့ထိ ဖမ်းဆီးထားဆဲဖြစ်သည်ဟု ဆိုသည်။

    “စစ်ကြောင်းတွေ ဝင်လာတဲ့အချိန်မှာ ရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်တယ်။ စစ်ကြောင်းနဲ့ တိုးရင်လည်း ဖမ်းခေါ်သွားတာရှိတယ်။ ပြန်လွှတ်လိုက်တာရှိတယ်။ တချို့က သူတို့ စစ်ကြောင်းနဲ့ အတူ ခေါ်သွားတာလည်း ရှိတယ်။ ရွာတွေမှာလည်း လူတွေ မနေရဲကြတော့ဘူး” ဟု ကျိုက်ထိုဒေသခံတစ်ဦးက ပြောသည်။

    စစ်ကော်မရှင်က တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ရာနေရာ ဒေသများအတွင်းရှိ အရပ်သား ပြည်သူလူထုများ နေထိုင်ရာ နေရာဒေသများကို နေ့စဉ်ရက်ဆက် လက်နက်ကြီးများ၊ ဒရုန်းများနှင့် လေယာဉ်များဖြင့် ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်ဟု KNU က ထုတ်ပြန် ပြောဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,300SubscribersSubscribe
    spot_img

    Latest posts