spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းကျိုက်ထိုတွင် မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးမှုဖြင့် အမျိုးသား ၄ ဦးကို ရွေးကောက်ပွဲ ဥပဒေဖြင့် အရေးယူ

    ကျိုက်ထိုတွင် မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးမှုဖြင့် အမျိုးသား ၄ ဦးကို ရွေးကောက်ပွဲ ဥပဒေဖြင့် အရေးယူ

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာတွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်ဆိုင်းဘုတ်ကို ဖျက်ဆီးမှုဖြင့် အမျိုးသား ၄ ဦးကို ရွေးကောက်ပွဲ ဥပဒေဖြင့် စစ်ကော်မရှင်က အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်နေ့က ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် စိုက်ထူထားသည့် ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်ဆိုင်းဘုတ်ကို အမျိုးသား နှစ်ဦးက ဓားဖြင့် လှီးဖြဲဖျက်ဆီးသွားခဲ့သည်ဟု စစ်ကော်မရှင် လုံခြုံရေးရဲတပ်ဖွဲ့နှင့် နီးစပ်သူတို့က ပြောသည်။

    ၎င်းပြင် ဒီဇင်ဘာ ၁၃ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် ဖက္ကလိပ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှေ့က တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်ဆိုင်းဘုတ်ကို အမျိုးသား နှစ်ဦးက ဖျက်ဆီးသွားခဲ့သည်ဟု ဆိုသည်။

    ပါတီကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်ဆိုင်းဘုတ်များကို ဖျက်ဆီးမှုဖြင့် အမျိုးသား ၄ ဦးကို စစ်ကော်မရှင်က ကျိုက်ထိုမြို့မရဲစခန်းတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၂၄(ခ) ဖြင့် အမှုဖွင့်အရေးယူထားပြီး ဖမ်းဆီးရမိနိုင်ရေးကိုလည်း လုပ်ဆောင်လျက်ရှိသည်။

    “ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ဆိုင်းဘုတ်တွေကို ဖျက်ဆီးခဲ့သူတွေကို စုံစမ်းဖေါ်ထုတ်မှုတွေ လုပ်ဆောင်နေသလို၊ အဲ့ဒီအမျိုးသား လေးဦးကိုလည်း ကျိုက်ထိုမြို့မရဲစခန်းမှာ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၄ (ခ) အရ အမှုဖွင့် အရေးယူထားပါတယ်” ဟု လုံခြုံရေးရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    စစ်အာဏာရှင်က အမှုဖွင့်အရေးယူထားသည့် ဥပဒေ ပုဒ်မ ၂၄(ခ) အရ ပြစ်မှုထင်ရှားလျှင် အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံရနိုင်သည်။

    ပြီးခဲ့သည့် နိုဝင်ဘာလကလည်း မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကပ်ထားသည့် ကိုယ်စားလှယ်လောင်း အမည်စာရင်းပါ စာရွက်များ ဆုတ်ဖြဲသည့် စွပ်စွဲချက်ဖြင့် အသက် ၆၅ နှစ်အရွယ် ဦးကျော်မြင့်ကို စစ်ကော်မရှင်က ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၆ (က)/၂၄ (က) တို့ဖြင့် အရေးယူခဲ့ပြီး ထောင်ဒဏ် ၁၇ နှစ် ပြစ်ဒဏ်ချမှတ်လိုက်သည်။

    စစ်အာဏာရှင်က ရွေးကောက်ပွဲကာကွယ်ရေး ဥပဒေကို ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့က ပြဋ္ဌာန်းခဲ့ပြီး ရွေးကောက်ပွဲကို နှောင့်ယှက်၊ ပျက်ပြားအောင် လှုံဆော်သည့်စွပ်စွဲချက်ဖြင့် ပြည်သူများကို ဆက်တိုက်ဖမ်းဆီးခဲ့ပြီး လက်ရှိတွင် နိုင်ငံတဝန်း ရွေးကောက်ပွဲကာကွယ်ရေး ဥပဒေဖြင့် ဖမ်းဆီး အရေးယူခံထားရသူ ၁၀၀ နီးပါးရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks