Friday, April 3, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD (RMA) တပ်ဖွဲ့မှ ဗိုလ်မှူးတစ်ဦး တာဝန်ထမ်းဆောင်နေစဉ် ကျဆုံး

    မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD (RMA) တပ်ဖွဲ့မှ ဗိုလ်မှူးတစ်ဦး တာဝန်ထမ်းဆောင်နေစဉ် ကျဆုံး

    -

    မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD (RMA) တပ်ဖွဲ့မှ ဗိုလ်မှူးတစ်ဦး တာဝန်ထမ်းဆောင်နေစဉ် ယနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် မတော်တဆမှုကြောင့် ကျဆုံးသွားခဲ့ရကြောင်း တော်လှန်ရေးသတင်းအရင်းမြစ်များမှ သိရသည်။

    ယနေ့ ဒီဇင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ရေဖြူမြို့နယ် လမ်းပိုင်းတစ်ခုတွင် စစ်ဆေးရေးလုပ်‌နေစဉ် အသားငါးရောင်းသည့်ဈေးသည်ယာဉ်တစ်စီးမှ ဝင်တိုက်မိခြင်းကြောင့် NMSP-AD (RMA) မှ ဗိုလ်မှုးမိုးကြိုး ဒဏ်ရာပြင်းထန်ရရှိခဲ့သည်။

    ဒဏ်ရာအပြင်းထန်းရရှိခဲ့သည့် ဗိုလ်မှုးမိုးကြိုးကို အနီးနားရှိ ဆေးခန်း၌ အရေးပေါ် ဝင်ရောက်ကုသမှုလုပ်ဆောင်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်နေခြင်းကြောင့် အခြားနေရာသို့ သွားရောက်ကုသရန် လုပ်ဆောင်နေစဉ် ယနေ့မနက်ပိုင်း ၉နာရီဝန်းကျင်၌ အလယ်စခန်းကျေးရွာအရောက်တွင် ကျဆုံးသွားခဲ့သည်ဟု နီးစပ်သူ ရဲဘော်တစ်ဦးက ပြောသည်။

    “ဒီမနက် သူတို့အလယ်စခန်းအနားမှာ လမ်းစစ်ဆေးရေးထွက်လုပ်တယ် ပြီးတော့ အသားငါးရောင်းတဲ့ကားတစ်စီးက သူ့ကိုဝင်တိုက်မိတာလို့ကြားတယ် ” ဟု ဗိုလ်မှူးမိုးကြိုးနှင့်နီးစပ်သူ ရဲဘော်တစ်ဦးက ပြောသည်။

    ဗိုလ်မှုးမိုးကြိုးသည် စစ်အာရှင်တိုက်ဖျက်ရေးနှင့် လူမျိုးရေးအတွက် မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD (RMA) တပ်ဖွဲ့အတွင်း တော်လှန်တိုက်ပွဲဝင်နေသူတစ်ဦး ဖြစ်သည်။

    ဗိုလ်မှုးမိုးကြိုးကျဆုံးသွားသည့်အပေါ် မိသားစုနှင့်ထပ်တူဝမ်းနည်းကြောင်း၊ တော်လှန်ရေးအတွက် တာဝန်ကျေကြောင်း အတူတကွတိုက်ပွဲဝင်ခဲ့ဖူးသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် နည်းဗျူဟာ(၃၃)၊ အထူးတိုင်းစစ်ဌာနနှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ ဝမ်းနည်းကြောင်း ဝမ်းနည်းကြောင်း သဝဏ်လွှာများ ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks