spot_img
Sunday, March 1, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်၏ စက်သုံးဆီဈေးနှုန်းများ အမြင့်ဆုံးဖြစ်နေ

    မွန်ပြည်နယ်၏ စက်သုံးဆီဈေးနှုန်းများ အမြင့်ဆုံးဖြစ်နေ

    -

    မွန်ပြည်နယ်၏ စက်သုံးဆီဖြန့်ဖြူးရေးစနစ် ပြေလည်ခြင်းမရှိသေးဘဲ ဆီဈေးနှုန်းများသည် အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များထက် မြင့်တက်နေပြီး တစ်လီတာ ၃၀၀ ကျပ်အထိ ဈေးနှုန်းကွာဟမှုများရှိနေကြောင်း သုံးစွဲသူနှင့် စက်သုံးဆီအရောင်းဆိုင်များထံ စုံစမ်းမေးမြန်းချက်များအရ သိရသည်။

    မော်လမြိုင်မြို့ပေါ်ရှိ DEKO ဆီဆိုင်၏ ယနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့ သတ်မှတ်ရောင်းချသည့် ဈေးနှုန်းများအရ 92 တစ်လီတာလျှင် ၂၇၉၀ ကျပ်၊ 95 တစ်လီတာ ၂၈၃၅ ကျပ်ရှိပြီး နိုင်ငံတစ်ဝှမ်း ဖြန့်ဖြူးရောင်းချနေသည့် ဆိုင်ခွဲများအနက် မွန်ပြည်နယ်တွင် စက်သုံးဆီဈေးနှုန်းအမြင့်ဆုံးဖြစ်နေကြောင်း DENKO ၏ အချက်အလက်များတွင် ဖော်ပြသည်။

    ထို့အပြင် ကျေးရွာရှိ စက်သုံးဆီဆိုင်ခွဲများတွင် 92 တစ်လီတာ ၃၁၅၀ ကျပ် နှင့် 95 တစ်လီတာလျှင် ၂၉၈၀ ကျပ်အထိ ဈေးနှုန်းရှိနေပြီး အကန့်အသတ်ဖြင့်သာ ရောင်းချနေကြောင်းလည်း မုဒုံဒေသခံတစ်ဦးက ပြောသည်။

    “မော်လမြိုင်နဲ့ရွာဈေးသိပ်မကွာရင် ဒေသခံတွေကမသိဘူး။ ၊ဈေးနည်းနည်းကွာတာက အသွားအလာစီးဖို့အတွက်ဆိုသိပ်မသိသာဘူး။ ကျနော်တို့မီးစက်နှိုးနေရတယ် ပုံးနဲ့ဝယ်ဖို့ကလည်း ဆိုင်တိုင်းမှာမရောင်းဘူး ပုံးနဲ့ဝယ်ရင် သူတို့အပိုငွေ ၅၀၀၀ တောင်းသေးတယ်"ဟု သူက ပြောသည်။

    မွန်ပြည်နယ်စက်သုံးဆီဖြန့်ဖြူးခွင့် တင်ဒါအောင်မြင်ထားသည့် ရာဇာမင်းကုမ္ပဏီမှမှ ၎င်းတို့ဆီဆိုင်များကိုသာ ဦးစားပေးဖြန့်ဖြူးပေးနေပြီး ကျန်ဆီဘောက်ဆာယာဉ်များ အလှည့်ကျစနစ်ဖြင့်သာ ဖြန်းဖြူးနေခြင်းကြောင့် ဆီရရှိမှုနည်းပါးပြီး ဈေးနှုန်းမြင့်တက်ရကြောင်းလည်း ပေါင်မြို့မှ စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

    “ မူဝါဒအရ ကတုံးပေါ်မှာရှိတဲ့ ရာဇာမင်းကန်ဆီပဲ သွားယူရတယ် အဲ့ကြောင့်အခြားကန်ရှိတဲ့ ဆီဆိုင်ကုမ္ပဏီတွေကအခက်အခဲဖြစ်ရတယ် မြို့နယ်အသီးသီးမှာရှိတဲ့ ရာဇာမင်းဆိုင်တွေကိုပဲ ဦးစားပေးတယ်လေ၊ ကျန်ဆိုင်တွေကို အလှည့်ကျစနစ်နဲ့ပေးတယ်၊ အဲ့တော့ဆီသိပ်မရကြဘူး ကျန်တဲ့ဆိုင်တွေက တစ်ရက်ရောင်းတစ်ရက်နားအခြေအနေရှိတယ်၊ အစိုးရက ဘယ်လိုစီမံနေလည်း မသိတော့ဘူး”ဟု ပြောသည်။

    ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းကလည်း မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာမှ စက်သုံးဆီဖြန့်ဖြူးရေး နည်းစနစ်မမှန်ကန်မှုကြောင့် မော်လမြိုင်နှင့် မုဒုံမြို့နယ်တွင် ဆယ်ရက်ကျော်ကြာ စက်သုံးဆီ ပြတ်လပ်မှုဖြစ်ပွားခဲ့သေးသည်။

    ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းမှ စက်သုံးဆီပြတ်လပ်မှုများနှင့်ပတ်သတ်၍ Puma International Port Terminal ဆိပ်ကမ်းသို့ သွားရောက်စစ်ဆေးခဲ့ပြီး စက်သုံးဆီပြတ်လပ်မှုပြဿနာကို အမြန်ဆုံးဖြေရှင်းရန် စက်သုံဆီဈေးများကို သတ်မှတ်ဈေးနှုန်းများအတိုင်းရောင်းချရန် ညွှန်ကြားထားသေးကြောင်း သိရသည်။

    သို့သော် ဖြန့်ဖြူးရေးစနစ်များ အလုံးစုံပြေလည်ခြင်းမရှိဘဲ ယခုကဲ့သို့ စက်သုံးဆီဈေးနှုန်းအမြင့်ဆုံးသို့ရောက်ရှိနေခြင်း ဖြစ်ကြောင်းလည်း ဆီဆိုင်လုပ်ငန်းရှင်များမှပြောသည်။

    မွန်ပြည်နယ်တစ်ခုလုံးအတွက် ဖြန့်ဖြူးရောင်းချမည့် စက်သုံးဆီးများကို မုဒုံမြို့နယ်ရှိ ကတုံးပေါ်ဆိပ်ကမ်းမှတစ်ဆင့် ပြောင်းလဲတင်သွင်းပြီးနောက် ဈေးနှုန်းသတ်မှတ်ရောင်းချမှုလည်း မြင့်တက်သွားသည့်အပြင် စက်သုံးဆီပြတ်လပ်မှုများ မကြာခဏဖြစ်ပွားလျှက်ရှိသည်။

    မွန်ပြည်နယ်အတွင်း စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းကို Myanmar Energy King ကုမ္ပဏီနှင့် Ya Zar Min Industry ကုမ္ပဏီတို့က တင်ဒါအောင်မြင်ထားပြီး ဆီဖြန့်ဖြူးရေး လုပ်ကိုင်နေကြကြောင်း ပြည်နယ်အစိုးရအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks