spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းစစ်ကော်မရှင်ဦးဆောင်မည့် ရွေးကောက်ပွဲရလဒ် ၉၉ ရာခိုင်နှုန်းသည် ‘တရားမဝင်’ ဖြစ်ကြောင်း ဂျပန်စစ်တမ်းတွင်ဖော်ပြ

    စစ်ကော်မရှင်ဦးဆောင်မည့် ရွေးကောက်ပွဲရလဒ် ၉၉ ရာခိုင်နှုန်းသည် ‘တရားမဝင်’ ဖြစ်ကြောင်း ဂျပန်စစ်တမ်းတွင်ဖော်ပြ

    -

    စစ်ကော်မရှင် ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် ရလဒ် ၉၉ ရာခိုင်နှုန်းသည် တရားဝင်ဖြစ်မည်မဟုတ်ကြောင်း ဂျပန်နိုင်ငံရှိ လူထုကူညီရေးအဖွဲ့တစ်ခုမှ ပြုလုပ်သည့် စစ်တမ်းရလဒ်များအရ သိရသည်။

    ပုံ- The Japan News

    ယင်းစစ်တမ်းကို ဂျပန်နိုင်ငံ ဖူကူအိုကာမြို့ အခြေစိုက် Japan Myanmar Future Conference (JMFC) မှ ဦးဆောင်ကာ ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်နေ့မှ ၃၀ ရက်နေ့အတွင်းက ကောက်ယူခဲ့ခြင်းဖြစ်ပြီး စစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲအပေါ် မြန်မာပြည်သူများ၏ “မှန်ကန်သည့် အမြင်နှင့် ဆန္ဒ” ကို ဖော်ထုတ်ရန် ရည်ရွယ်ကြောင်းလည်း သိရသည်။

    အဆိုပါစစ်တမ်းရလဒ်များကို JMFC မှ ဒီဇင်ဘာ ၈ ရက်နေ့က စီစဉ်ကျင်းပသော သတင်းစားရှင်းလင်းပွဲတွင် ကြေညာခဲ့ပြီး The Japan News သတင်းစာမျက်နှာမှတစ်ဆင့် ထုတ်ဖော်ခဲ့သည်။

    စစ်တမ်းဖော်ပြထားချက်အရ ဖြေဆိုသူ မြန်မာနိုင်ငံသား ၇၅ ရာခိုင်နှုန်းသည် စစ်တပ်၏ ရွေးကောက်ပွဲအပေါ် အယုံအကြည်မရှိကြောင်း ပြောဆိုထားကြပြီး စစ်တပ်မှ နိုင်ငံရေးနှင့် အုပ်ချုပ်မှုယန္တရားအတွင်းပါဝင်နေခြင်းကို ပြည်သူအများက မလိုလားကြောင်း ဖြေဆိုထားသည်ဟု ဆိုသည်။

    အသက် ၁၈ နှစ်အထက် လူဦးရေ ၃၂,၀၀၀ ခန့် အဆိုစစ်တမ်းတွင် ပါဝင်ဖြေကြားခဲ့ပြီး၊ တုန့်ပြန်ဖြေဆိုသူ ၄၇ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံမှဖြစ်ကြောင်း သိရသည်။

    JMFC သည် မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်လျှက်ရှိသည့် အဖွဲ့တစ်ခုဖြစ်ကြောင်းနှင့် စစ်တမ်းကောက်ယူမှုကို အဓိကအားဖြင့် ဖေ့စ်ဘုတ်(Facebook)မှတစ်ဆင့် ပါဝင်လိုသူများကို ဖိတ်ခေါ်ကာ ပြုလုပ်ခဲ့ကြောင်း ဆိုသည်။

    ယခုစစ်တမ်းရလဒ်များသည် စစ်ကော်မရှင် ရွေးကောက်ပွဲများအပေါ် ပြည်သူများ၏ တုန့်ပြန်မှုအနေအထားကို တိတိကျကျသက်သေပြနေကြောင်း ဂျပန်သတင်းဌာနက ထောက်ပြပြောဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks